စစ်ကိုင်းတိုင်းတွင် သီးနှံမျိုးစုံ အခြောက်ခံစက်ရုံ တည်ဆောက်နေ

စစ်ကိုင်းတိုင်းတွင် သီးနှံမျိုးစုံ အခြောက်ခံစက်ရုံ တည်ဆောက်နေ google

စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦးမြို့နယ်တွင် သီးနှံမျိုးစုံ အခြောက်ခံစက်ရုံကို တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီရဲ့ အတည်ပြုချက်ဖြင့် ၂၀၁၈ ခုနှစ် ဒီဇင်ဘာ ၂၈ ရက်မှ စတင်တည်ဆောက်ခဲ့ရာ လက်ရှိတွင် ၆၅ ရာခိုင်နှုန်းပြီးစီးနေပြီ ဖြစ်ကြောင်း သိရသည်။

 

တိုင်းဒေသကြီးအတွင်း စိုက်ပျိုးထွက်ရှိလာသည့် သီးနှံများကို ပြည်ပနိုင်ငံများသို့ တင်ပို့ရောင်းချရာတွင် ဈေးကောင်းရရှိစေရန်အတွက် သီးနှံမျိုးစုံ အခြောက်ခံစက်ရုံကို တည်ဆောက်ခြင်းဖြစ်သည်။

 

 

'' သီးနှံအခြောက်ခံစက်မရှိခဲ့စဉ်က သီးနှံတွေကို ကြိတ်ခွဲမှု အတိုင်းအတာမှာ နှောင့်နှေးကြန့်ကြာမှုတွေ ရှိတယ်။ နောက်ပြီး သီးနှံအခြောက်ခံမှု အားနည်းတဲ့အတွက်ကြောင့် ပြည်ပနိုင်ငံကို တင်ပို့တဲ့အခါမှာ အရောင်ပျက်သွားတော့ ဈေးကွက်မရတာတွေ ဖြစ်တယ်။ အဲဒါကြောင့်မို့ သီးနှံ အခြောက်ခံစက်ရုံကို ဒေသတောင်သူတွေရဲ့ စိုက်ပျိုးသီးနှံတွေ ဈေးကွက်ကောင်းရရှိဖို့နဲ့ တောင်သူတွေရဲ့ လူမှုစီးပွားဘဝတွေ ဖွံ့ဖြိုးတိုးတက်ဖို့ဆိုတဲ့ ရည်ရွယ်ချက်တွေနဲ့ တည်ဆောက်ရခြင်းဖြစ်ပါတယ် '' ဟု အောင်နဂါးနီကုမ္ပဏီလီမိတက် မန်နေးဂျင်းဒါရိုက်တာ ဦးအောင်နိုင်ဦးက ပြောသည်။

 

 

>>>ရန်ကုန်ဘူတာကြီး ပြန်လည်ဖွံဖြိုးရေး အဆင့်မြင့်အိမ်ယာစီမံကိန်းကို ၂၀၂၆-၂၇ တွင်ပြီးစီးရန် အစိုးရ စီစဉ်ထား<<<

 

 

တောင်သူတွေအနေဖြင့် ၎င်းတို့၏ သီးနှံများကို တင်ပို့ရောင်းချရာတွင် အခြောက်ခံမှု အားနည်းခြင်းကြောင့် ဈေးကွက်သို့ ရောက်ရှိချိန်တွင် သီးနှံများ အရောင်းပျက်ကာ ဈေးကောင်း မရသဖြင့် အကျိုးခံစားခွင့်နည်းပါနေကြောင်း သိရသည်။

 

 

သစ်အချောထည် လုပ်ငန်းပေါင်း ၁၅၄ ခုကို ရှာရန်နှိပ်ပါ

 

 

လက်ရှိတွင် သီးနှံမျိုးစုံ အခြောက်ခံစက်ကို စမ်းသပ်လည်ပတ်မှုအနေဖြင့် တစ်ရက်လျှင်သီးနှံမျိုးစုံ တင်း ၂ ထောင်ခန့်ကို အခြောက်ခံပေးနိုင်ကြောင်း သိရသည်။

 

 

 

 

---Zawgyi---

 

 

စစ္ကိုင္းတိုင္းတြင္ သီးႏွံမ်ိဳးစံု အေျခာက္ခံစက္ရုံ တည္ေဆာက္ေန

 

 

စစ္ကိုင္းတိုင္းေဒသႀကီး၊ ေခ်ာင္းဦးၿမိဳ႕နယ္တြင္ သီးႏွံမ်ိဳးစံု အေျခာက္ခံစက္ရံုကို တိုင္းေဒသႀကီး ရင္းႏွီးျမွဳပ္ႏွံမႈေကာ္မတီရဲ႕ အတည္ျပဳခ်က္ျဖင့္ ၂၀၁၈ ခုႏွစ္ ဒီဇင္ဘာ ၂၈ ရက္မွ စတင္တည္ေဆာက္ခဲ့ရာ လက္ရွိတြင္ ၆၅ ရာခိုင္ႏႈန္းၿပီးစီးေနၿပီ ျဖစ္ေၾကာင္း သိရသည္။

 

 

တိုင္းေဒသႀကီးအတြင္း စိုက္ပ်ိဳးထြက္ရွိလာသည့္ သီးႏွံမ်ားကို ျပည္ပႏိုင္ငံမ်ားသို႕ တင္ပို႔ေရာင္းခ်ရာတြင္ ေစ်းေကာင္းရရွိေစရန္အတြက္ သီးႏွံမ်ိဳးစံု အေျခာက္ခံစက္ရံုကို တည္ေဆာက္ျခင္းျဖစ္သည္။

 

 

'' သီးႏွံအေျခာက္ခံစက္မရွိခဲ့စဥ္က သီးႏွံေတြကို ႀကိတ္ခြဲမႈ အတိုင္းအတာမွာ ေႏွာင့္ေႏွးၾကန္႔ၾကာမႈေတြ ရွိတယ္။ ေနာက္ၿပီး သီးႏွံအေျခာက္ခံမႈ အားနည္းတဲ့အတြက္ေၾကာင့္ ျပည္ပႏို္င္ငံကို တင္ပို႔တဲ့အခါမွာ အေရာင္ပ်က္သြားေတာ့ ေစ်းကြက္မရတာေတြ ျဖစ္တယ္။ အဲဒါေၾကာင့္မို႔ သီးႏွံ အေျခာက္ခံစက္ရံုကို ေဒသေတာင္သူေတြရဲ႕ စိုက္ပ်ိဳးသီးႏွံေတြ ေစ်းကြက္ေကာင္းရရွိဖို႔နဲ႔ ေတာင္သူေတြရဲ႕ လူမႈစီးပြားဘဝေတြ ဖြံ႕ၿဖိဳးတိုးတက္ဖို႔ဆိုတဲ့ ရည္ရြယ္ခ်က္ေတြနဲ႔ တည္ေဆာက္ရျခင္းျဖစ္ပါတယ္ '' ဟု ေအာင္နဂါးနီကုမၸဏီလီမိတက္ မန္ေနးဂ်င္းဒါရိုက္တာ ဦးေအာင္ႏိုင္ဦးက ေျပာသည္။

 

 

ေတာင္သူေတြအေနျဖင့္ ၎တို႔၏ သီးႏွံမ်ားကို တင္ပို႔ေရာင္းခ်ရာတြင္ အေျခာက္ခံမႈ အားနည္းျခင္းေၾကာင့္ ေစ်းကြက္သို႔ ေရာက္ရွိခ်ိန္တြင္ သီးနွံမ်ား အေရာင္းပ်က္ကာ ေစ်းေကာင္း မရသျဖင့္ အက်ိဳးခံစားခြင့္နည္းပါေနေၾကာင္း သိရသည္။

 

 

လက္ရွိတြင္ သီးႏွံမ်ိဳးစံု အေျခာက္ခံစက္ကုိ စမ္းသပ္လည္ပတ္မႈအေနျဖင့္ တစ္ရက္လွ်င္သီးႏွံမ်ိဳးစံု တင္း ၂ ေထာင္ခန္႔ကို အေျခာက္ခံေပးႏိုင္ေၾကာင္း သိရသည္။

 

 

Read 403 times
Rate this item
(0 votes)
Tagged under