ရွာမဓာတ်အားပေးစက်ရုံအား အသစ်တည်ဆောက်ရန် IDA ထံမှ အမေရိကန်ဒေါ်လာ သန်း ၃၅၀ ချေးငွေ ရယူနိုင်ရန် လွှတ်တော်သို့ တင်ပြ

ရွာမဓာတ်အားပေးစက်ရုံအား အသစ်တည်ဆောက်ရန် IDA ထံမှ အမေရိကန်ဒေါ်လာ သန်း ၃၅၀ ချေးငွေ ရယူနိုင်ရန် လွှတ်တော်သို့ တင်ပြ google

ရွာမဓာတ်အားပေးစက်ရုံတွင် Combined Cycle Gas Turbine အသစ် တည်ဆောက်ခြင်းနှင့် ဓာတ်အားပို့လွှတ်မှုစနစ်အတွင်းရှိ ပင်မဓာတ်အားခွဲရုံများ၏ တပ်ဆင့်အင်အားတိုးခြင်း၊ အဆင့်မြှင့်တင်ခြင်း လုပ်ငန်းများ ဆောင်ရွက်ရန် IDA ထံမှ အမေရိကန်ဒေါ်လာ သန်း ၃၅၀ ချေးငွေရယူရန် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးခင်မောင်ဝင်းနှင့် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှု ဝန်ကြီး ဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းတို့က (၁၅) ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၂၃) ရက်မြောက်နေ့ လွှတ်တော်အစည်းအဝေးတွင် ရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။

 

ရန်ကုန်တိုင်းဒေသကြီးအတွင်း တည်ဆောက်ထားသည့် ဓာတ်အားပေးစက်ရုံ (၅)ရုံအနက် ရွာမဓာတ်အားပေးစက်ရုံသည် လှိုင်သာယာပင်မဓာတ်အားခွဲရုံမှတစ်ဆင့် လှိုင်သာယာစက်မှုဇုန်၊ ရွှေလင်ဗန်းစက်မှုဇုံ၊ ရွှေပြည်သာ စက်မှုဇုံနှင့် ဧရာဝတီတိုင်းဒေသကြီးသို့ ဆက်လက် ဓာတ်အားပို့လွှတ်ထားသည့်အတွက် အရေးကြီးသော ဓာတ်အားပေးစက်ရုံ (၁) ရုံ ဖြစ်ပါကြောင်း၊ ရွာမဓာတ်အားပေးစက်ရုံတွင် နှစ်ကာလကြာရှည်စွာ အသုံးပြုခဲ့ခြင်းကြောင့် စက်စွမ်းရည်ကျဆင်းပြီး စီးပွားရေး တွက်ခြေမကိုက်တော့သည့် John Brown Gas Turbine ဓာတ်အားပေးစက် ၂ လုံးနှင့် H – 25 Hitachi Combined Cycle CCGT တို့ကို ဖျက်သိမ်းပြီး စွမ်းဆောင်ရည် မြင့်မားသည့် ဓာတ်အားပေးစက်များနှင့် အစားထိုးတည်ဆောက်လိုခြင်းဖြစ်ပါကြောင်း ဒုတိယဝန်ကြီး ဦးခင်မောင်ဝင်းက ပြောကြားသည်။

 

 

နေစွမ်းအင်သုံးလျှပ်စစ်စက် ကိရိယာများ လုပ်ငန်းပေါင်း ၇၁ ခုကို ရှာရန်နှိပ်ပါ

 

 

ဆက်လက်၍ မဟာဓာတ်အားလိုင်းစနစ်အတွင်း အချို့ပင်မဓာတ်အားခွဲရုံများတွင်ရှိသည့် ထရန်စဖော်မာများသည် ဝန်အား ပြည့်ဝနေပြီ ဖြစ်သည့်အတွက် မူလတပ်ဆင်အင်အားထက် ပိုမိုကြီးမားသော ထရန်စဖော်မာများဖြင့် အစားထိုးလဲလှယ်လိုခြင်းအတွက် ဆောင်ရွက်ရန်ဖြစ်ပါကြောင်း၊ ထို့ပြင် ဓာတ်အားစနစ်အတွင်းရှိ ပင်မဓာတ်အားခွဲရုံများ ချို့ယွင်းပျက်စီးပြီး အကြီးစားပြုပြင်ထိန်းသိမ်းမှုများ ဆောင်ရွက်သည့်အခါတွင် ယာယီအစားထိုး ဆောင်ရွက်နိုင်ရန် Mobile Substation များကို ဝယ်ယူဆောင်ရွက်ရန် ဖြစ်ပါကြောင်း ၎င်းကပြောကြားသည်။

 

 

ချေးငွေအနေဖြင့် ကမ္ဘာ့ဘဏ်ချေးငွေဖြစ်၍ စီမံကိန်းကာလသည် ၂၀၂၀ ပြည့်နှစ်မှ ၂၀၂၄ ခုနှစ်အထိ ဖြစ်ပါကြောင်း၊ အတိုးနှုန်းအနေဖြင့် ၁ ဒသမ ၂၅ ရာခိုင် နှုန်း၊ ဝန်ဆောင်မှုစရိတ်အနေဖြင့် ၀ ဒသမ ၇၅ ရာခိုင်နှုန်း၊ ဆိုင်းငံ့ကာလ ၅ နှစ်နှင့် ပြန်ဆပ်ကာလ ၂၅ နှစ်ဖြစ်ပါကြောင်း၊ စီမံကိန်းပြီးစီးပါက ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးအတွင်း လျှပ်စစ်ဓာတ်အား ပိုမိုသုံးစွဲလာနိုင်ပြီး ဓာတ်အားစနစ် တည်ငြိမ်စွာဖြန့်ဖြူးပေးနိုင်ခြင်း အကျိုးကျေးဇူးများ ရရှိမည်ဖြစ်ပါကြောင်း ဦးခင်မောင်ဝင်းက ရှင်းလင်းပြောကြားသည်။

 

 

>>>ကိုရီးယား-မြန်မာ စက်မှုဥယျာဉ်စီမံကိန်းဖော်ဆောင်ရန် အသေးစိတ်ဒီဇိုင်းပုံစံအတွက် အကြံပေးအဖွဲ့အစည်းအား တင်ဒါခေါ်ယူ<<<

 

 

အဆိုပါ ချေးငွေစီမံကိန်းသည် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေ အရအသုံးဆိုင်ရာဥပဒေနှင့် ပြည်သူ့ကြွေးမြီ စီမံခန့်ခွဲမှုဥပဒေတို့နှင့် ကိုက်ညီမှုရှိပြီး ၂၀၁၈ ခုနှစ်ကာလလတ် ကြွေးမြီစီမံခန့်ခွဲမှုမဟာဗျူဟာနှင့် ဖွံ့ဖြိုးမှုအကူအညီများဆိုင်ရာ မူဝါဒများနှင့်လည်း ကိုက်ညီမှုရှိပါကြောင်း၊ မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း (၂၀၁၈-၂၀၃၀) ၏ မဟာဗျူဟာ ၅ ဒသမ ၄ နှင့် ၅ ဒသမ ၅ Action Plan များနှင့်လည်း ကိုက်ညီမှုရှိသည်ကို စိစစ်တွေ့ရှိပါကြောင်း ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ပြောကြားသည်။

 

 

Myanmar Builders Guide

 

 

---Zawgyi---

 

 

ရြာမဓာတ္အားေပးစက္ရံုအား အသစ္တည္ေဆာက္ရန္ IDA ထံမွ အေမရိကန္ေဒၚလာ သန္း ၃၅၀ ေခ်းေငြ ရယူႏုိင္ရန္ လႊတ္ေတာ္သုိ႕ တင္ျပ

 

 

႐ြာမဓာတ္အားေပးစက္႐ုံတြင္ Combined Cycle Gas Turbine အသစ္ တည္ေဆာက္ျခင္းႏွင့္ ဓာတ္အားပို႔လႊတ္မႈစနစ္အတြင္းရွိ ပင္မဓာတ္အားခြဲ႐ုံမ်ား၏ တပ္ဆင့္အင္အားတိုးျခင္း၊ အဆင့္ျမႇင့္တင္ျခင္း လုပ္ငန္းမ်ား ေဆာင္႐ြက္ရန္ IDA ထံမွ အေမရိကန္ေဒၚလာ သန္း ၃၅၀ ေခ်းေငြရယူရန္ လွ်ပ္စစ္ႏွင့္ စြမ္းအင္ဝန္ႀကီးဌာန ဒုတိယဝန္ႀကီး ဦးခင္ေမာင္ဝင္းႏွင့္ စီမံကိန္း၊ ဘ႑ာေရးႏွင့္ စက္မႈ ဝန္ႀကီး ဌာန ဒုတိယဝန္ႀကီး ဦးေမာင္ေမာင္ဝင္းတို႔က (၁၅) ႀကိမ္ေျမာက္ ပုံမွန္အစည္းအေဝး (၂၃) ရက္ေျမာက္ေန႔ လႊတ္ေတာ္အစည္းအေဝးတြင္ ရွင္းလင္းတင္ျပခဲ့ေၾကာင္း သိရသည္။

 

 

ရန္ကုန္တိုင္းေဒသႀကီးအတြင္း တည္ေဆာက္ထားသည့္ ဓာတ္အားေပးစက္႐ုံ (၅)႐ုံအနက္ ႐ြာမဓာတ္အားေပးစက္႐ုံသည္ လႈိင္သာယာပင္မဓာတ္အားခြဲ႐ုံမွတစ္ဆင့္ လႈိင္သာယာစက္မႈဇုန္၊ ေ႐ႊလင္ဗန္းစက္မႈဇုံ၊ ေ႐ႊျပည္သာ စက္မႈဇုံႏွင့္ ဧရာဝတီတိုင္းေဒသႀကီးသို႔ ဆက္လက္ ဓာတ္အားပို႔လႊတ္ထားသည့္အတြက္ အေရးႀကီးေသာ ဓာတ္အားေပးစက္႐ုံ (၁) ႐ုံ ျဖစ္ပါေၾကာင္း၊ ႐ြာမဓာတ္အားေပးစက္႐ုံတြင္ ႏွစ္ကာလၾကာရွည္စြာ အသုံးျပဳခဲ့ျခင္းေၾကာင့္ စက္စြမ္းရည္က်ဆင္းၿပီး စီးပြားေရး တြက္ေျခမကိုက္ေတာ့သည့္ John Brown Gas Turbine ဓာတ္အားေပးစက္ ၂ လုံးႏွင့္ H – 25 Hitachi Combined Cycle CCGT တို႔ကို ဖ်က္သိမ္းၿပီး စြမ္းေဆာင္ရည္ ျမင့္မားသည့္ ဓာတ္အားေပးစက္မ်ားႏွင့္ အစားထိုးတည္ေဆာက္လိုျခင္းျဖစ္ပါေၾကာင္း ဒုတိယဝန္ႀကီး ဦးခင္ေမာင္ဝင္းက ေျပာၾကားသည္။

 

 

ဆက္လက္၍ မဟာဓာတ္အားလိုင္းစနစ္အတြင္း အခ်ိဳ႕ပင္မဓာတ္အားခြဲ႐ုံမ်ားတြင္ရွိသည့္ ထရန္စေဖာ္မာမ်ားသည္ ဝန္အား ျပည့္ဝေနၿပီ ျဖစ္သည့္အတြက္ မူလတပ္ဆင္အင္အားထက္ ပိုမိုႀကီးမားေသာ ထရန္စေဖာ္မာမ်ားျဖင့္ အစားထိုးလဲလွယ္လိုျခင္းအတြက္ ေဆာင္႐ြက္ရန္ျဖစ္ပါေၾကာင္း၊ ထို႔ျပင္ ဓာတ္အားစနစ္အတြင္းရွိ ပင္မဓာတ္အားခြဲ႐ုံမ်ား ခ်ိဳ႕ယြင္းပ်က္စီးၿပီး အႀကီးစားျပဳျပင္ထိန္းသိမ္းမႈမ်ား ေဆာင္႐ြက္သည့္အခါတြင္ ယာယီအစားထိုး ေဆာင္႐ြက္ႏိုင္ရန္ Mobile Substation မ်ားကို ဝယ္ယူေဆာင္႐ြက္ရန္ ျဖစ္ပါေၾကာင္း ၎ကေျပာၾကားသည္။

 

 

ေခ်းေငြအေနျဖင့္ ကမာၻ႔ဘဏ္ေခ်းေငြျဖစ္၍ စီမံကိန္းကာလသည္ ၂၀၂၀ ျပည့္ႏွစ္မွ ၂၀၂၄ ခုႏွစ္အထိ ျဖစ္ပါေၾကာင္း၊ အတိုးႏႈန္းအေနျဖင့္ ၁ ဒသမ ၂၅ ရာခိုင္ ႏႈန္း၊ ဝန္ေဆာင္မႈစရိတ္အေနျဖင့္ ၀ ဒသမ ၇၅ ရာခိုင္ႏႈန္း၊ ဆိုင္းငံ့ကာလ ၅ ႏွစ္ႏွင့္ ျပန္ဆပ္ကာလ ၂၅ ႏွစ္ျဖစ္ပါေၾကာင္း၊ စီမံကိန္းၿပီးစီးပါက ရန္ကုန္တိုင္းေဒသႀကီးႏွင့္ ဧရာဝတီတိုင္းေဒသႀကီးအတြင္း လွ်ပ္စစ္ဓာတ္အား ပိုမိုသုံးစြဲလာႏိုင္ၿပီး ဓာတ္အားစနစ္ တည္ၿငိမ္စြာျဖန႔္ျဖဴးေပးႏိုင္ျခင္း အက်ိဳးေက်းဇူးမ်ား ရရွိမည္ျဖစ္ပါေၾကာင္း ဦးခင္ေမာင္ဝင္းက ရွင္းလင္းေျပာၾကားသည္။

 

 

အဆိုပါ ေခ်းေငြစီမံကိန္းသည္ ၂၀၁၉-၂၀၂၀ ဘ႑ာေရးႏွစ္ ျပည္ေထာင္စု၏ ဘ႑ာေငြ အရအသုံးဆိုင္ရာဥပေဒႏွင့္ ျပည္သူ႔ေႂကြးၿမီ စီမံခန႔္ခြဲမႈဥပေဒတို႔ႏွင့္ ကိုက္ညီမႈရွိၿပီး ၂၀၁၈ ခုႏွစ္ကာလလတ္ ေႂကြးၿမီစီမံခန႔္ခြဲမႈမဟာဗ်ဴဟာႏွင့္ ဖြံ႕ၿဖိဳးမႈအကူအညီမ်ားဆိုင္ရာ မူဝါဒမ်ားႏွင့္လည္း ကိုက္ညီမႈရွိပါေၾကာင္း၊ ျမန္မာႏိုင္ငံ၏ ေရရွည္တည္တံ့ခိုင္ၿမဲၿပီး ဟန္ခ်က္ညီေသာ ဖြံ႕ၿဖိဳးတိုးတက္မႈစီမံကိန္း (၂၀၁၈-၂၀၃၀) ၏ မဟာဗ်ဴဟာ ၅ ဒသမ ၄ ႏွင့္ ၅ ဒသမ ၅ Action Plan မ်ားႏွင့္လည္း ကိုက္ညီမႈရွိသည္ကို စိစစ္ေတြ႕ရွိပါေၾကာင္း ဒုတိယဝန္ႀကီး ဦးေမာင္ေမာင္ဝင္းက ေျပာၾကားသည္။

 

Read 1385 times
Rate this item
(0 votes)
Tagged under