ကျောက်တန်းမြို့နယ်နှင့် သီလဝါစက်မှုဇုန်ကို မီးပေးနိုင်ရန် JICA မှချေးငွေ ရယူနိုင်ရန် လွှတ်တော်သို့ တင်ပြ

ကျောက်တန်းမြို့နယ်နှင့် သီလဝါစက်မှုဇုန်ကို မီးပေးနိုင်ရန် JICA မှချေးငွေ ရယူနိုင်ရန် လွှတ်တော်သို့ တင်ပြ google

ရန်ကုန်တိုင်းဒေသကြီးအတွင်း ကျောက်တန်းမြို့နယ်နှင့် သီလဝါစက်မှုဇုန်များကို ဓာတ်အားပေးနိုင်ရေးအတွက် JICA ချေးငွေ ဂျပန်ယန်း ၇ ဒသမ ၃၃၉ ဘီလီယံဖြင့် ဆောင်ရွက်နိုင်ရန် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးခင်မောင်ဝင်းနှင့် စီမံကိန်း၊ ဘဏ္ဍာရေး နှင့် စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းတို့က (၁၅) ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၂၃) ရက်မြောက်နေ့ လွှတ်တော်အစည်းအဝေးတွင် ရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။

 

ရန်ကုန်တိုင်းဒေသကြီးအတွင်း သန်လျင်မြို့နယ်၊ ကျောက်တန်းမြို့နယ်နှင့် သီလဝါစက်မှုဇုန်များကို ဓာတ်အားပေး နိုင်ရေးအတွက် JICA ချေးငွေဖြင့် ၂၅ မဂ္ဂါဝပ် Gas Turbine ဓာတ်အား ပေးစက် (၂) လုံးကို ၂၀၁၅ ခုနှစ်တွင် သီလဝါ စက်မှုဇုန်အနီးတွင် တည်ဆောက်ပေးခဲ့ပြီး ၂၀၁၇ ခုနှစ်တွင် စီးပွားဖြစ် ဓာတ်အားထုတ်ပေးခဲ့ပြီး အဆိုပါ Gas Turbine (၂)လုံးမှ ထုတ်လွှတ်သော စွန့်ပစ်အပူတို့ကို ဘွိုင်လာ (၂) လုံးတည်ဆောက်၍ ရေနွေးငွေ့ထုတ်လုပ်ပြီး ၂၅ မဂ္ဂါဝပ် ထုတ်လုပ်ပေးနိုင်သည့် ရေနွေးငွေ့ တာဘိုင်စက် (၁)လုံးကို သီလဝါစက်ရုံအနီးတွင် တိုးချဲ့တပ်ဆင် ဓာတ်အားထုတ်ပေးရန်အတွက် JICA ODA ချေးငွေ ရယူဆောင်ရွက်လိုခြင်း ဖြစ်ပါကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးခင်မောင်ဝင်းက ပြောကြားသည်။

 

 

>>>သံနှင့်သံမဏိစက်မှု လုပ်ငန်းဇုန်တစ်ခု တည်ထောင်ရန် တိုင်းဒေသကြီး ၄ ခုတွင် လေ့လာမှုများ ပြုလုပ်မည်<<<

 

 

ဆက်လက်၍ ချေးငွေဆိုင်ရာ အချက်အလက်များအနေဖြင့် အတိုးနှုန်း ၀ ဒသမ ၀၁ ရခိုင်နှုန်း၊ ဆိုင်းငံ့ကာလ (၁၀)နှစ်၊ ပြန်ဆပ်ကာလ နှစ်(၃၀) ဖြင့် ချေးငွေ သက်တမ်း စုစုပေါင်း နှစ် (၄၀)ဖြစ်ပါကြောင်း၊ ထို့ကြောင့် သီလဝါစက်မှုဇုန်တွင် တည်ဆောက်ထားပြီးသည့် ၅၀ မဂ္ဂါဝပ် သဘာ၀ ဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံ Gas Turbine များမှ စွန့်လွှတ်လိုက်သည့် အပူကို ဘွိုင်လာ တည်ဆောက်ပြီး ၂၅ မဂ္ဂါဝပ် ထပ်မံ ထွက်ရှိရန်အတွက် Combined Cycle စီမံကိန်းကို JICA ချေးငွေဖြင့် ဆောင်ရွက်ပြီးစီးပါက နိုင်ငံတော် ဓာတ်အားစနစ် အတွင်းသို့ သဘာဝ ဓာတ်ငွေ့ ထပ်မံသုံးစွဲရန်မလိုအပ်ဘဲ ၂၅ မဂ္ဂါ ဝပ် ထပ်မံတိုးတက် ထွက်ရှိလာမည့်အကျိုးကျေးဇူးများ ရရှိမည်ဖြစ်ပါကြောင်း ဦးခင်မောင်ဝင်းက ရှင်းလင်းပြောကြားသည်။

 

 

စတီးနှင့် သတ္ထုထည်များ လုပ်ငန်းပေါင်း ၂၂၀ ခုကို ရှာရန်နှိပ်ပါ

 

 

ယခုချေးငွေစီမံကိန်းသည် ၂၀၁၉ -၂၀၂၀ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရ အသုံးဆိုင်ရာဥပဒေနှင့် ပြည်သူ့ ကြွေးမြီ စီမံခန့်ခွဲမှုဥပဒေတို့နှင့် ညီညွှတ်မှုရှိပြီး ၂၀၁၈ ခုနှစ်ကာလ လတ်ကြွေးမြီ စီမံခန့်ခွဲမှုမဟာ ဗျူဟာ၊ မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးမှုအကူအညီများဆိုင်ရာ မူဝါဒများနှင့် လည်း ကိုက်ညီမှုရှိပါကြောင်း၊ ထို့ပြင် မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်း (၂၀၁၈-၂၀၃၀) ၏ မဟာဗျူဟာ ၅ ဒသမ ၄ နှင့် ၅ ဒသမ ၅ပါ Action Plan များနှင့်လည်း ကိုက်ညီမှုရှိသည်ကို စိစစ်တွေ့ရှိရပါကြောင်း ဘဏ္ဍာရေးနှင့်စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ပြောကြားသည်။

 

 

ဆက်လက်၍ ဦးမောင်မောင်ဝင်းက Infrastructure Development Project In Thailawa Area(Phase III) စီမံကိန်း ဆောင်ရွက်ရန် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေး လုပ်ငန်းအတွက် ဂျပန်နိုင်ငံ၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (Japan International Cooperation Agency –JICA) ထံမှ ချေးငွေ ဂျပန်ယန်း ၇ ဒသမ ၃၃၉ ဘီလီယံ ရယူနိုင်ရေးကိစ္စကို ပြည်ထောင်စုလွှတ်တော်က ဆွေးနွေးသုံးသပ်၍ အတည်ပြုပေးနိုင်ပါရန် တင်ပြအပ်ပါကြောင်း ပြောကြားသည်။

 

 

Myanmar Builders Guide

 

 

---Zawgyi---

 

 

ေက်ာက္တန္းၿမိဳ႕နယ္ႏွင့္ သီလဝါစက္မႈဇုန္ကုိ မီးေပးႏုိင္ရန္ JICA မွေခ်းေငြ ရယူႏုိင္ရန္ လႊတ္ေတာ္သုိ႕ တင္ျပ

 

 

ရန္ကုန္တိုင္းေဒသႀကီးအတြင္း ေက်ာက္တန္းၿမိဳ႕နယ္ႏွင့္ သီလဝါစက္မႈဇုန္မ်ားကို ဓာတ္အားေပးႏိုင္ေရးအတြက္ JICA ေခ်းေငြ ဂ်ပန္ယန္း ၇ ဒသမ ၃၃၉ ဘီလီယံျဖင့္ ေဆာင္ရြက္ႏိုင္ရန္ လွ်ပ္စစ္ႏွင့္ စြမ္းအင္ဝန္ႀကီးဌာန ဒုတိယဝန္ႀကီး ဦးခင္ေမာင္ဝင္းႏွင့္ စီမံကိန္း၊ ဘ႑ာေရး ႏွင့္ စက္မႈဝန္ႀကီးဌာန ဒုတိယဝန္ႀကီး ဦးေမာင္ေမာင္ဝင္းတို႔က (၁၅) ႀကိမ္ေျမာက္ ပုံမွန္အစည္းအေဝး (၂၃) ရက္ေျမာက္ေန႔ လႊတ္ေတာ္အစည္းအေဝးတြင္ ရွင္းလင္းတင္ျပခဲ့ေၾကာင္း သိရသည္။

 

 

ရန္ကုန္တိုင္းေဒသႀကီးအတြင္း သန္လ်င္ၿမိဳ႕နယ္၊ ေက်ာက္တန္းၿမိဳ႕နယ္ႏွင့္ သီလဝါစက္မႈဇုန္မ်ားကို ဓာတ္အားေပး ႏိုင္ေရးအတြက္ JICA ေခ်းေငြျဖင့္ ၂၅ မဂၢါဝပ္ Gas Turbine ဓာတ္အား ေပးစက္ (၂) လုံးကို ၂၀၁၅ ခုႏွစ္တြင္ သီလဝါ စက္မႈဇုန္အနီးတြင္ တည္ေဆာက္ေပးခဲ့ၿပီး ၂၀၁၇ ခုႏွစ္တြင္ စီးပြားျဖစ္ ဓာတ္အားထုတ္ေပးခဲ့ၿပီး အဆိုပါ Gas Turbine (၂)လုံးမွ ထုတ္လႊတ္ေသာ စြန႔္ပစ္အပူတို႔ကို ဘြိဳင္လာ (၂) လုံးတည္ေဆာက္၍ ေရေႏြးေငြ႕ထုတ္လုပ္ၿပီး ၂၅ မဂၢါဝပ္ ထုတ္လုပ္ေပးႏိုင္သည့္ ေရေႏြးေငြ႕ တာဘိုင္စက္ (၁)လုံးကို သီလဝါစက္႐ုံအနီးတြင္ တိုးခ်ဲ႕တပ္ဆင္ ဓာတ္အားထုတ္ေပးရန္အတြက္ JICA ODA ေခ်းေငြ ရယူေဆာင္႐ြက္လိုျခင္း ျဖစ္ပါေၾကာင္း လွ်ပ္စစ္ႏွင့္ စြမ္းအင္ဝန္ႀကီးဌာန ဒုတိယဝန္ႀကီး ဦးခင္ေမာင္ဝင္းက ေျပာၾကားသည္။

 

 

ဆက္လက္၍ ေခ်းေငြဆိုင္ရာ အခ်က္အလက္မ်ားအေနျဖင့္ အတိုးႏႈန္း ၀ ဒသမ ၀၁ ရခိုင္ႏႈန္း၊ ဆိုင္းငံ့ကာလ (၁၀)ႏွစ္၊ ျပန္ဆပ္ကာလ ႏွစ္(၃၀) ျဖင့္ ေခ်းေငြ သက္တမ္း စုစုေပါင္း ႏွစ္ (၄၀)ျဖစ္ပါေၾကာင္း၊ ထို႔ေၾကာင့္ သီလဝါစက္မႈဇုန္တြင္ တည္ေဆာက္ထားၿပီးသည့္ ၅၀ မဂၢါဝပ္ သဘာ၀ ဓာတ္ေငြ႕သုံး ဓာတ္အားေပးစက္႐ုံ Gas Turbine မ်ားမွ စြန႔္လႊတ္လိုက္သည့္ အပူကို ဘြိဳင္လာ တည္ေဆာက္ၿပီး ၂၅ မဂၢါဝပ္ ထပ္မံ ထြက္ရွိရန္အတြက္ Combined Cycle စီမံကိန္းကို JICA ေခ်းေငြျဖင့္ ေဆာင္႐ြက္ၿပီးစီးပါက ႏိုင္ငံေတာ္ ဓာတ္အားစနစ္ အတြင္းသို႔ သဘာဝ ဓာတ္ေငြ႕ ထပ္မံသုံးစြဲရန္မလိုအပ္ဘဲ ၂၅ မဂၢါ ဝပ္ ထပ္မံတိုးတက္ ထြက္ရွိလာမည့္အက်ိဳးေက်းဇူးမ်ား ရရွိမည္ျဖစ္ပါေၾကာင္း ဦးခင္ေမာင္ဝင္းက ရွင္းလင္းေျပာၾကားသည္။

 

 

ယခုေခ်းေငြစီမံကိန္းသည္ ၂၀၁၉ -၂၀၂၀ ဘ႑ာေရးႏွစ္ ျပည္ေထာင္စု၏ ဘ႑ာေငြအရ အသုံးဆိုင္ရာဥပေဒႏွင့္ ျပည္သူ႔ ေႂကြးၿမီ စီမံခန႔္ခြဲမႈဥပေဒတို႔ႏွင့္ ညီၫႊတ္မႈရွိၿပီး ၂၀၁၈ ခုႏွစ္ကာလ လတ္ေႂကြးၿမီ စီမံခန႔္ခြဲမႈမဟာ ဗ်ဴဟာ၊ ျမန္မာႏိုင္ငံ၏ ဖြံ႕ၿဖိဳးမႈအကူအညီမ်ားဆိုင္ရာ မူဝါဒမ်ားႏွင့္ လည္း ကိုက္ညီမႈရွိပါေၾကာင္း၊ ထို႔ျပင္ ျမန္မာႏိုင္ငံ၏ ေရရွည္တည္တံ့ခိုင္ၿမဲၿပီး ဟန္ခ်က္ညီေသာ ဖြံ႕ၿဖိဳးတိုးတက္မႈ စီမံကိန္း (၂၀၁၈-၂၀၃၀) ၏ မဟာဗ်ဴဟာ ၅ ဒသမ ၄ ႏွင့္ ၅ ဒသမ ၅ပါ Action Plan မ်ားႏွင့္လည္း ကိုက္ညီမႈရွိသည္ကို စိစစ္ေတြ႕ရွိရပါေၾကာင္း ဘ႑ာေရးႏွင့္စက္မႈဝန္ႀကီးဌာန ဒုတိယဝန္ႀကီး ဦးေမာင္ေမာင္ဝင္းက ေျပာၾကားသည္။

 

 

ဆက္လက္၍ ဦးေမာင္ေမာင္ဝင္းက Infrastructure Development Project In Thailawa Area(Phase III) စီမံကိန္း ေဆာင္႐ြက္ရန္ လွ်ပ္စစ္ႏွင့္စြမ္းအင္ဝန္ႀကီးဌာန လွ်ပ္စစ္ဓာတ္အား ထုတ္လုပ္ေရး လုပ္ငန္းအတြက္ ဂ်ပန္ႏိုင္ငံ၊ အျပည္ျပည္ဆိုင္ရာ ပူးေပါင္းေဆာင္႐ြက္ေရး ေအဂ်င္စီ (Japan International Cooperation Agency –JICA) ထံမွ ေခ်းေငြ ဂ်ပန္ယန္း ၇ ဒသမ ၃၃၉ ဘီလီယံ ရယူႏိုင္ေရးကိစၥကို ျပည္ေထာင္စုလႊတ္ေတာ္က ေဆြးေႏြးသုံးသပ္၍ အတည္ျပဳေပးႏိုင္ပါရန္ တင္ျပအပ္ပါေၾကာင္း ေျပာၾကားသည္။

 

 

Read 620 times
Rate this item
(0 votes)
Tagged under

Related items