သံနှင့်သံမဏိစက်မှု လုပ်ငန်းဇုန်တစ်ခု တည်ထောင်ရန် တိုင်းဒေသကြီး ၄ ခုတွင် လေ့လာမှုများ ပြုလုပ်မည်

သံနှင့်သံမဏိစက်မှု လုပ်ငန်းဇုန်တစ်ခု တည်ထောင်ရန် တိုင်းဒေသကြီး ၄ ခုတွင် လေ့လာမှုများ ပြုလုပ်မည် google

ပြည်တွင်းလိုအပ်ချက်အရ ပြည်ပမှ နှစ်စဉ် သံမဏိတင်သွင်းရာတွင် တိုင်းပြည်ဘဏ္ဍာများ ဘီလီယံချီ ဆုံးရှုံးမှုများ ဖြစ်ပေါ်လျက်ရှိရာ ထိုဆုံးရှုံးမှုှများ သက်သာစေရန် သံနှင့် သံမဏိစက်မှုလုပ်ငန်းဇုန် တစ်ခုကို တည်ထောင်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံသံမဏိလုပ်ငန်းရှင်များအသင်း (MSA) မှ သိရသည်။

 

ပြည်တွင်း၌ လက်ရှိအနေအထားအရ သံမဏိတစ်နှစ်လိုအပ်ချက် တန်ချိန် ၂ ဒသမ ၅ သန်း၏ ၉၅ ရာခိုင်နှုန်းမှာ ပြည်ပတင်သွင်းမှုကိုသာ မှီခိုနေရပြီး ၂၀၃၀ ပြည့်နှစ်တွင် သံမဏိလိုအပ်ချက် တန်ချိန် ၅ ဒသမ ၄ သန်းခန့် တိုးလာဖွယ်ရှိရာ ၎င်းလိုအပ်ချက်ကို ပြည်တွင်း၌ အစားထိုးထုတ်လုပ်နိုင်ပါက သံမဏိသည် တိုင်းပြည်အတွက် အမျိုးသားအကျိုးစီးပွားကို တိုးတက်စေမည့် Strategic Industry တစ်ခုဖြစ်လာမည်ဖြစ်ကြောင်း သိရသည်။

 

 

>>>ချင်းပြည်နယ်အစိုးရက ပြည်နယ်ဘတ်ဂျတ်၏ ၇၃ ရာခိုင်နှုန်းကျော်ကို လမ်း၊တံတား တည်ဆောက်ရေး လုပ်ငန်းများအတွက် သုံးစွဲမည်<<<

 

 

ထိုလိုအပ်ချက်အတွက် MSA အသင်းမှ အမှုဆောင်အဖွဲ့ဝင် ၁၁ ဦးက အများနှင့် သက်ဆိုင်သော ကုမ္ပဏီလိမိတက်ကို ဖွဲ့စည်းတည်ထောင်ကာ သံနှင့် သံမဏိစက်မှုလုပ်ငန်းဇုန်ကို ထူထောင်သွားမည်ဖြစ်ကြောင်း သိရသည်။

 

 

'' ဒီစီမံကိန်းက ဖွံ့ဖြိုးဆဲတိုင်းပြည်တစ်ခုအနေနဲ့ တည်ဆောက်ပြုပြင်ရေးအတွက်ကော တိုင်းပြည်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုရဲ့ ရေရှည်အလားအလာအတွက်ပါ မရှိမဖြစ် အကောင်အထည်ဖော်သင့်တဲ့ စီမံကိန်းဖြစ်တာကြောင့် အောင်အောင်မြင်မြင် ပေါ်ပေါက်လာစေချင်ပါတယ်။ ဒါ့အပြင် အကောင်အထည်ဖော်မည့် နေရာဒေသတွေကော၊ အဲဒီဒေသက ဒေသခံတွေပါ စီမံကိန်းကြောင့် ပိုမိုစည်ပင်ဖွံ့ဖြိုးလားဖို့ စီမံကိန်းမှ ရရှိမည့်အကျိုးအမြတ်ကိုလည်း တိုင်းဒေသကြီးဖွံ့ဖြိုးတိုးတက်ရေး တစ်ခုလုံးမှာ အကျိုးရှိရှိ ထည့်ဝင်နိုင်ဖို့ စီမံကိန်းဧရိယာနားတစ်ဝိုက်က ဒေသခံတွေအတွက် အလုပ်အကိုင်ဖန်တီးပေးပြီး အသက်မွေးဝမ်းကျောင်း ပညာရပ်အသစ်တွေကိုလည်း သင်ကြားပေးနိုင်ဖို့ မျှော်လင့်ပါတယ် '' ဟု အသင်း၏ဥက္ကဋ္ဌ ဦးစစ်တိုင်းအောင်က ပြောသည်။

 

 

ရေသန့်၊ ရေဆိုးနည်းစနစ်များ လုပ်ငန်းပေါင်း ၁၇၈ ခုကို ရှာရန်နှိပ်ပါ

 

 

သံမဏိကဏ္ဍသည် ရင်းနှီးမြှုပ်နှံမှုကြီးမားသည့် ရေရှည်စီမံကိန်းဖြစ်သည်နှင့်အမျှ အစိုးရအနေဖြင့်လည်းအခွန်အခသက်သာခွင့်၊ မြေနေရရှိမှု၊ တရားမဝင်တင်သွင်းမှုများ ထိန်းချုပ်နိုငမှု၊ ဥပဒေအသက်ဝင်မှု၊ သံနှင့်သံမဏိမူဝါဒချမှတ်ရေး စသည်တို့ကိုပံ့ပိုးပေးရန် လိုအပ်ကြောင်း၊ အသင်းအနေဖြင့် စက်မှုလုပ်ငန်းအဖြစ် ဆောင်ရွက်သွားမည်ဖြစ်ပြီး စက်မှုလုပ်ငန်းဇုန် တည်ထောင်ရန်အတွက် တိုင်းဒေသကြီးလေးခုတွင် လိုအပ်သည့် လေ့လာမှုများ ဆောင်ရွက်နေကြောင်း သိရသည်။

 

 

Source: Pyimyanmar

 

 

Myanmar Builders Guide

 

 

---Zawgyi---

 

 

သံႏွင့္သံမဏိစက္မႈ လုပ္ငန္းဇုန္တစ္ခု တည္ေထာင္ရန္ တိုင္းေဒသႀကီး ၄ ခုတြင္ ေလ့လာမႈမ်ား ျပဳလုပ္မည္

 

 

ျပည္တြင္းလိုအပ္ခ်က္အရ ျပည္ပမွ ႏွစ္စဥ္ သံမဏိတင္သြင္းရာတြင္ တိုင္းျပည္ဘ႑ာမ်ား ဘီလီယံခ်ီ ဆံုးရႈံးမႈမ်ား ျဖစ္ေပၚလ်က္ရွိရာ ထိုဆံုးရႈံးမႈွမ်ား သက္သာေစရန္ သံႏွင့္ သံမဏိစက္မႈလုပ္ငန္းဇုန္ တစ္ခုကို တည္ေထာင္သြားမည္ျဖစ္ေၾကာင္း ျမန္မာႏိုင္ငံသံမဏိလုပ္ငန္းရွင္မ်ားအသင္း (MSA) မွ သိရသည္။

 

 

ျပည္တြင္း၌ လက္ရွိအေနအထားအရ သံမဏိတစ္ႏွစ္လုိအပ္ခ်က္ တန္ခ်ိန္ ၂ ဒသမ ၅ သန္း၏ ၉၅ ရာခုိင္ႏႈန္းမွာ ျပည္ပတင္သြင္းမႈကိုသာ မွီခိုေနရၿပီး ၂၀၃၀ ျပည့္နွစ္တြင္ သံမဏိလိုအပ္ခ်က္ တန္ခ်ိန္ ၅ ဒသမ ၄ သန္းခန္႔ တိုးလာဖြယ္ရွိရာ ၎လိုအပ္ခ်က္ကို ျပည္တြင္း၌ အစားထိုးထုတ္လုပ္ႏိုင္ပါက သံမဏိသည္ တိုင္းျပည္အတြက္ အမ်ိဳးသားအက်ိဳးစီးပြားကို တိုးတက္ေစမည့္ Strategic Industry တစ္ခုျဖစ္လာမည္ျဖစ္ေၾကာင္း သိရသည္။

 

 

ထိုလိုအပ္ခ်က္အတြက္ MSA အသင္းမွ အမႈေဆာင္အဖြဲ႕ဝင္ ၁၁ ဦးက အမ်ားႏွင့္ သက္ဆိုင္ေသာ ကုမၸဏီလိမိတက္ကို ဖြဲ႕စည္းတည္ေထာင္ကာ သံႏွင့္ သံမဏိစက္မႈလုပ္ငန္းဇုန္ကို ထူေထာင္သြားမည္ျဖစ္ေၾကာင္း သိရသည္။

 

 

'' ဒီစီမံကိန္းက ဖြံ႕ၿဖိဳးဆဲတိုင္းျပည္တစ္ခုအေနနဲ႔ တည္ေဆာက္ျပဳျပင္ေရးအတြက္ေကာ တိုင္းျပည္စီးပြားေရးဖြံ႕ၿဖိိဳးတိုးတက္မႈရဲ႕ ေရရွည္အလားအလာအတြက္ပါ မရွိမျဖစ္ အေကာင္အထည္ေဖာ္သင့္တဲ့ စီမံကိန္းျဖစ္တာေၾကာင့္ ေအာင္ေအာင္ျမင္ျမင္ ေပၚေပါက္လာေစခ်င္ပါတယ္။ ဒါ့အျပင္ အေကာင္အထည္ေဖာ္မည့္ ေနရာေဒသေတြေကာ၊ အဲဒီေဒသက ေဒသခံေတြပါ စီမံကိန္းေၾကာင့္ ပိုမိုစည္ပင္ဖြံ႕ၿဖိဳးလားဖို႔ စီမံကိန္းမွ ရရွိမည့္အက်ိဳးအျမတ္ကိုလည္း တိုင္းေဒသႀကီးဖြံ႕ၿဖိဳးတိုးတက္ေရး တစ္ခုလံုးမွာ အက်ိဳးရွိရွိ ထည့္ဝင္ႏိုင္ဖို႔ စီမံကိန္းဧရိယာနားတစ္ဝိုက္က ေဒသခံေတြအတြက္ အလုပ္အကိုင္ဖန္တီးေပးၿပီး အသက္ေမြးဝမ္းေက်ာင္း ပညာရပ္အသစ္ေတြကိုလည္း သင္ၾကားေပးႏိုင္ဖို႔ ေမွ်ာ္လင့္ပါတယ္ '' ဟု အသင္း၏ဥကၠ႒ ဦးစစ္တို္င္းေအာင္က ေျပာသည္။

 

 

သံမဏိက႑သည္ ရင္းႏွီးျမွဳပ္ႏွံမႈႀကီးမားသည့္ ေရရွည္စီမံကိန္းျဖစ္သည္ႏွင့္အမွ် အစိုးရအေနျဖင့္လည္းအခြန္အခသက္သာခြင့္၊ ေျမေနရရွိမႈ၊ တရားမဝင္တင္သြင္းမႈမ်ား ထိန္းခ်ဳပ္ႏို္ငမႈ၊ ဥပေဒအသက္ဝင္မႈ၊ သံႏွင့္သံမဏိမူဝါဒခ်မွတ္ေရး စသည္တို႔ကိုပံ့ပိုးေပးရန္ လိုအပ္ေၾကာင္း၊ အသင္းအေနျဖင့္ စက္မႈလုပ္ငန္းအျဖစ္ ေဆာင္ရြက္သြားမည္ျဖစ္ၿပီး စက္မႈလုပ္ငန္းဇုန္ တည္ေထာင္ရန္အတြက္ တိုင္းေဒသႀကီးေလးခုတြင္ လိုအပ္သည့္ ေလ့လာမႈမ်ား ေဆာင္ရြက္ေနေၾကာင္း သိရသည္။

 

 

Source: Pyimyanmar

Read 690 times
Rate this item
(0 votes)