နိုင်ငံတကာအဆင့်မီ ရေသန့်စင်စက်ရုံစီမံကိန်းကို ဂျပန်နိုင်ငံအကူအညီဖြင့် တည်ဆောက်သွားမည်

နိုင်ငံတကာအဆင့်မီ ရေသန့်စင်စက်ရုံစီမံကိန်းကို ဂျပန်နိုင်ငံအကူအညီဖြင့် တည်ဆောက်သွားမည် Information and Public Relations Department

အများသုံးရေနှင့် သောက်သုံးရေ ဖြန့်ဝေပေးနိုင်ရေးအတွက် တွံတေးတူးမြောင်းအတွင်းရှိ ရေများကို အဆင့်ဆင့်သန့်စင်ပြီး တစ်နေ့လျှင် ရေဂါလန်(၃.၃)သန်း ဖြန့်ဝေပေးနိုင်မည့် နိုင်ငံတကာ အဆင့်မီ ရေသန့်စင်စက်ရုံ တည်ဆောက်ရေးစီမံကိန်းကို ဂျပန်နိုင်ငံအကူအညီဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီက သိရသည်။

 

အဆိုပါစီမံကိန်းကို တွံတေးတူးမြောင်း ရေမိုင်(၅.၅)မိုင် ရန်ကုန်တောင်ပိုင်းခရိုင်၊ တွံတေးမြို့နယ်၊ ပိတ်စွယ်ကျေးရွာအုပ်စု ဘုရားကြီးစု ကျေးရွာအနီးရှိ တူးမြောင်းဘေးတွင် တည်ဆောက်မည်ဖြစ်ပြီး မြေ ၁၈ ဧက ၇၇၈ ဧကကို နိုင်ငံတော်အစိုးရမှ ဝယ်ယူကာ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ တာဝန်ယူအကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ တည်ဆောက်ခြင်းလုပ်ငန်းများကို ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ရန်ပုံငွေဖြင့် ဆောင်ရွက်သွားမည်ဖြစ်ပြီး ဂျပန်နိုင်ငံ အစိုးရအကူအညီ ယန်း ၄ ဒသမ ၁၇၆ ဘီလီယံဖြင့် ဆောင်ရွက်သွားမည်ဖြစ်သည်။

 

 

စီမံကိန်းကာလကို ၂၀၂၀ ခုနှစ်မှစတင်ကာ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ အထိ အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်၍ လက်ရှိတွင် ရေပိုက်လိုင်းဆက်သွယ်ခြင်း လုပ်ငန်းများ ဆောင်ရွက်လျက်ရှိနေကြောင်း သိရသည်။

 

 

ရေသန့်စက်ရုံတည်ဆောက်ခြင်းလုပ်ငန်းများကို Japan International Cooperation System (JICS) က Agent အဖြစ်ဆောင်ရွက်လျက်ရှိရာ Consultant ရွေးချယ်ပြီး၍ Contractor တင်ဒါခေါ်ယူရန် Tender Documents များပြင်ဆင်လျက်ရှိကြောင်း သိရသည်။

 

 

>>>ငွေကျပ်သိန်းတစ်သောင်းကျော် ကုန်ကျခံ တည်ဆောက်ခဲ့သည့် ဒေါပုံလူကူးခုံးကျော်တံတား ဖွင့်လှစ်<<<

 

 

ရေသန့်စင်မှုအတွက် Raw Water ကို တွံတေးတူးမြောင်းမှ ရယူသွားမည်ဖြစ်ပြီး ရေသန့်စင်စက်ရုံမှ ထုတ်လုပ်နိုင်မှုစွမ်းအားမှာ ဒလမြို့နယ် ရေပေးဝေရေး စနစ်သို့ သောက်သုံးရေပေးဝေရန် ၃ ဒသမ ၃ သန်း နှင့် သောက်ရေသန့်ဗူး ၀ ဒသမ ၀၆၆ သန်း ဖြန့်ဖြူး ပေးနိုင်မည်ဖြစ်သည်။ ရေသန့်စင်မှုကို Rapid Sand Filtration System (သဲအမြန် ရေစစ်ခြင်း) နည်းပညာကို အသုံးပြုသွားမည်ဖြစ်ပြီး ရေသန့်စင်ခြင်းမှ ထွက်ရှိလာသော အနည်အနှစ်များကို အခြောက်ခံ၍ ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီ၏ အမှိုက်စွန့်ပစ်မှု စနစ်ရှိ မြေသားဖြည့်ခြင်းတွင် အသုံးပြုသွားမည် ဖြစ်ကြောင်းသိရသည်။

 

 

လက်ရှိအချိန်တွင် တွံတေးမြို့နယ် ရန်ကုန်ပေါက်ရေပေးဝေစခန်းမှ နေ့စဉ်ရေဂါလန် ၁ ဒသမ၂ သန်းကို အချင်း ၂၄ လက်မ ပိုက်လိုင်းဖြင့် မြို့နယ်စည်ပင်သာယာ ရေနှင့်သန့်ရှင်းမှုဌာနရှိ ရေပေးဝေရေးစခန်းသို့ ပို့ဆောင်ပေးပြီး ထိုမှတစ်ဆင့် ဒလမြို့ပေါ်ရှိ ရပ်ကွက် ၂၄ ရပ်ကွက်ရှိ ရေမီတာသုံးစွဲသူ အိမ်ထောင်စုပေါင်း ၄၅၄၉ စုအား ပိုက်လိုင်း စနစ်ဖြင့် အလှည့်ကျ ပေးဝေလျက်ရှိပြီး ကျေးရွာများသို့ ရေပိုက်လိုင်းစနစ်ဖြင့် ဖြန့်ဝေပေးနေခြင်း ရှိကြောင်း သိရသည်။

 

 

ဆက်သွယ်ရေး လုပ်ငန်းပေါင်း ၁၅၂ ခုကို ရှာရန်နှိပ်ပါ

 

 

အဆိုပါရေသန့်စင်စက်ရုံ တည်ဆောက်ပြီးစီးပါက ဒလမြို့နယ်ရှိ လူဦးရေ ၁ သိန်း ၆ သောင်းကျော်နေထိုင်လျက်ရှိရာ ၆၅ ရာခိုင်နှုန်းကို ဖြန့်ဝေပေးနိုင်မည်ဖြစ်သည့်အပြင် စီမံကိန်းနှင့် ဆစ်ဆက်တည်းရှိသည့် တွံတေး၊ ကော့မှူး၊ ကွမ်းခြံကုန်းမြို့နယ်ရှိ ဒေသခံများကိုပါ အများသုံးရေနှင့် သောက်သုံးရေများကို ပေးဝေနိုင်မည်ဖြစ်ပြီး စီမံကိန်းလုပ်ငန်းတွင် ဒေသခံပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများ လုပ်ကိုင်နိုင်ရန် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

 

Myanmar Builders Guide

 

 

 

---Zawgyi---

 

 

ႏိုင္ငံတကာအဆင့္မီ ေရသန္႔စင္စက္ရံုစီမံကိန္းကို ဂ်ပန္ႏိုင္ငံအကူအညီျဖင့္ တည္ေဆာက္္သြားမည္

 

 

အမ်ားသုံးေရႏွင့္ ေသာက္သုံးေရ ျဖန႔္ေဝေပးႏိုင္ေရးအတြက္ တြံေတးတူးေျမာင္းအတြင္းရွိ ေရမ်ားကို အဆင့္ဆင့္သန႔္စင္ၿပီး တစ္ေန႔လွ်င္ ေရဂါလန္(၃.၃)သန္း ျဖန႔္ေဝေပးႏိုင္မည့္ ႏိုင္ငံတကာ အဆင့္မီ ေရသန႔္စင္စက္႐ုံ တည္ေဆာက္ေရးစီမံကိန္းကို ဂ်ပန္ႏိုင္ငံအကူအညီျဖင့္ အေကာင္အထည္ေဖာ္ေဆာင္ရြက္လ်က္ရွိေၾကာင္း ရန္ကုန္ၿမိဳ႕ေတာ္စည္ပင္သာယာေရးေကာ္မတီက သိရသည္။

 

 

အဆိုပါစီမံကိန္းကို တြံေတးတူးေျမာင္း ေရမိုင္(၅.၅)မိုင္ ရန္ကုန္ေတာင္ပိုင္းခ႐ိုင္၊ တြံေတးၿမိဳ႕နယ္၊ ပိတ္စြယ္ေက်း႐ြာအုပ္စု ဘုရားႀကီးစု ေက်း႐ြာအနီးရွိ တူးေျမာင္းေဘးတြင္ တည္ေဆာက္မည္ျဖစ္ၿပီး ေျမ ၁၈ ဧက ၇၇၈ ဧကကို ႏိုင္ငံေတာ္အစိုးရမွ ဝယ္ယူကာ ရန္ကုန္ၿမိဳ႕ေတာ္စည္ပင္သာယာေရးေကာ္မတီမွ တာဝန္ယူအေကာင္အထည္ေဖာ္ ေဆာင္ရြက္သြားမည္ျဖစ္ေၾကာင္း သိရသည္။ တည္ေဆာက္ျခင္းလုပ္ငန္းမ်ားကို ရန္ကုန္ၿမိဳ႕ေတာ္စည္ပင္သာယာေရးေကာ္မတီ ရန္ပံုေငြျဖင့္ ေဆာင္ရြက္သြားမည္ျဖစ္ၿပီး ဂ်ပန္ႏိုင္ငံ အစိုးရအကူအညီ ယန္း ၄ ဒသမ ၁၇၆ ဘီလီယံျဖင့္ ေဆာင္ရြက္သြားမည္ျဖစ္သည္။

 

 

စီမံကိန္းကာလကို ၂၀၂၀ ခုႏွစ္မွစတင္ကာ ၂၀၂၂ ခုႏွစ္ ဒီဇင္ဘာလ အထိ အေကာင္အထည္ေဖာ္ ေဆာင္႐ြက္သြားမည္ျဖစ္၍ လက္ရွိတြင္ ေရပိုက္လိုင္းဆက္သြယ္ျခင္း လုပ္ငန္းမ်ား ေဆာင္ရြက္လ်က္ရွိေနေၾကာင္း သိရသည္။

 

 

ေရသန္႔စက္ရံုတည္ေဆာက္ျခင္းလုပ္ငန္းမ်ားကို Japan International Cooperation System (JICS) က Agent အျဖစ္ေဆာင္ရြက္လ်က္ရွိရာ Consultant ေရြးခ်ယ္ၿပီး၍ Contractor တင္ဒါေခၚယူရန္ Tender Documents မ်ားျပင္ဆင္လ်က္ရွိေၾကာင္း သိရသည္။

 

 

ေရသန႔္စင္မႈအတြက္ Raw Water ကို တြံေတးတူးေျမာင္းမွ ရယူသြားမည္ျဖစ္ၿပီး ေရသန႔္စင္စက္႐ုံမွ ထုတ္လုပ္ႏိုင္မႈစြမ္းအားမွာ ဒလၿမိဳ႕နယ္ ေရေပးေဝေရး စနစ္သို႔ ေသာက္သုံးေရေပးေဝရန္ ၃ ဒသမ ၃ သန္း ႏွင့္ ေသာက္ေရသန႔္ဗူး ၀ ဒသမ ၀၆၆ သန္း ျဖန႔္ျဖဴး ေပးႏိုင္မည္ျဖစ္သည္။ ေရသန႔္စင္မႈကို Rapid Sand Filtration System (သဲအျမန္ ေရစစ္ျခင္း) နည္းပညာကို အသံုးျပဳသြားမည္ျဖစ္ၿပီး ေရသန္႔စင္ျခင္းမွ ထြက္ရွိလာေသာ အနည္အႏွစ္မ်ားကို အေျခာက္ခံ၍ ရန္ကုန္ၿမိဳ႕ေတာ္စည္ပင္သာယာေရး ေကာ္မတီ၏ အမႈိက္စြန႔္ပစ္မႈ စနစ္ရွိ ေျမသားျဖည့္ျခင္းတြင္ အသုံးျပဳသြားမည္ ျဖစ္ေၾကာင္းသိရသည္။

 

 

လက္ရွိအခ်ိန္တြင္ တြံေတးၿမိဳ႕နယ္ ရန္ကုန္ေပါက္ေရေပးေဝစခန္းမွ ေန႔စဥ္ေရဂါလန္ ၁ ဒသမ၂ သန္းကို အခ်င္း ၂၄ လက္မ ပိုက္လိုင္းျဖင့္ ၿမိဳ႕နယ္စည္ပင္သာယာ ေရႏွင့္သန႔္ရွင္းမႈဌာနရွိ ေရေပးေဝေရးစခန္းသို႔ ပို႔ေဆာင္ေပးၿပီး ထိုမွတစ္ဆင့္ ဒလၿမိဳ႕ေပၚရွိ ရပ္ကြက္ ၂၄ ရပ္ကြက္ရွိ ေရမီတာသုံးစြဲသူ အိမ္ေထာင္စုေပါင္း ၄၅၄၉ စုအား ပိုက္လိုင္း စနစ္ျဖင့္ အလွည့္က် ေပးေဝလ်က္ရွိၿပီး ေက်း႐ြာမ်ားသို႔ ေရပိုက္လိုင္းစနစ္ျဖင့္ ျဖန႔္ေဝေပးေနျခင္း ရွိေၾကာင္း သိရသည္။

 

 

အဆိုပါေရသန္႔စင္စက္ရံု တည္ေဆာက္ၿပီးစီးပါက ဒလၿမိဳ႕နယ္ရွိ လူဦးေရ ၁ သိန္း ၆ ေသာင္းေက်ာ္ေနထိုင္လ်က္ရွိရာ ၆၅ ရာခိုင္ႏႈန္းကို ျဖန္႔ေဝေပးႏိုင္မည္ျဖစ္သည့္အျပင္ စီမံကိန္းႏွင့္ ဆစ္ဆက္တည္းရွိသည့္ တြံေတး၊ ေကာ့မွဴး၊ ကြမ္းၿခံကုန္းၿမိဳ႕နယ္ရွိ ေဒသခံမ်ားကိုပါ အမ်ားသုံးေရႏွင့္ ေသာက္သံုးေရမ်ားကို ေပးေဝႏိုင္မည္ျဖစ္ၿပီး စီမံကိန္းလုပ္ငန္းတြင္ ေဒသခံျပည္သူမ်ား အလုပ္အကိုင္အခြင့္အလမ္းမ်ား လုပ္ကိုင္ႏိုင္ရန္ ေဆာင္ရြက္ေပးသြားမည္ျဖစ္ေၾကာင္း သိရသည္။

 

Read 3847 times
Rate this item
(0 votes)