ကျပ်သန်း ၉၀ဝ ကျော်ကုန်ကျမည့် အမှိက်မီးရှို့စက်တည်ဆောက်ရန် လွှတ်တော်ခွင့်ပြု

ကျပ်သန်း ၉၀ဝ ကျော်ကုန်ကျမည့် အမှိက်မီးရှို့စက်တည်ဆောက်ရန် လွှတ်တော်ခွင့်ပြု google




ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက ပိုလန်နိုင်ငံချေးငွေဖြင့် ကျပ်သန်းပေါင်း ၉၀ဝ ကျော်ကုန်ကျမည့် အမှိက်မီးရှို့စက်တည်ဆောက်ရန်

 

ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် လွှတ်တော်ကခွင့်ပြုပေးခဲ့သည်။

 


“ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီကနေ ကြွေးမီစာရင်းမှာ တင်ပြတောင်းခံထားတဲ့ ပိုလန်အစိုးရရဲ့ OTA ချေးငွေနဲ့ အမှိက်မီးရှို့စက်တည်ဆောက်မယ့်

 

 

စီမံကိန်းအသစ်အတွက်လည်း လွှတ်တော်ကနေ ခွင့်ပြုပေးခဲ့ပါတယ်” ဟု ရန်ကုန်တိုင်းဒေသကြီး ၂၀၁၉-၂၀၂၀ ခုနှစ်၊ ဘဏ္ဍာရေးနှစ် ဖြည့်စွက်ခွင့်ပြုငွေနှင့် ပြုပြင်ပြီး

 

ခန့်မှန်းခြေငွေစာရင်း လျာထားချက်နှင့်စပ်လျဉ်း၍ ဖေဖော်ဝါရီလ ၂၅ ရက်ကကျင်းပသော ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အရေးပေါ်အစည်းအဝေးတွင်

 

ဘဏ္ဍာရေး၊ စီမံကိန်းနှင့် စီးပွားရေးကော်မတီဥက္ကဋ္ဌ ဒေါ်စန္ဒာမင်းက ပြောသည်။

 

သန္႕ရွင္းေရးသုံးပစၥည္းမ်ား ၂၁ခုကုိ ရွာေဖြရန္ႏွိပ္ပါ


ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီအနေဖြင့် ပိုလန်နိုင်ငံအစိုးရထံမှ OTA ချေးငွေဖြင့် အမှိက်မီးရှို့စက် တည်ဆောက်ရန် ငွေကျပ် ၉၀ဝ ဒသမ ၃၇၅ သန်

 

 

း တောင်းခံထားကြောင်း၊ ထိုသို့တောင်းခံရာတွင် ဘဏ္ဍာရေး စီမံခန့်ခွဲမှုဆိုင်ရာ စည်းမျဉ်းထုတ်ပြန်ထားသည့် ရည်ရွယ်ချက်နှင့်ကိုက်ညီရန်လိုအပ်ပြီး

 

ပြည်သူ့ဘဏ္ဍာငွေများကို သုံးစွဲရာတွင် ပိုမိုပွင့်လင်းမြင်သာမှုရှိကာ ပြည့်စုံခိုင်မာသော အစီရင်ခံစာများကို တင်ပြနိုင်စေရန်ဟု ဘဏ္ဍာရေးစည်းမျဉ်းတွင်

 

 

ဖော်ပြထားကြောင်း ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ထံမှ သိရသည်။

 


“ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီအနေနဲ့ အမှိက်မီးရှို့စက်ချေးငွေကိစ္စနဲ့ပတ်သက်ပြီး ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကို တင်ပြတောင်းခံထားခြင်းမရှိသလို

 

ကုမ္ပဏီပေါင်းများစွာထဲကနေပြီးတော့ ပိုလန်နိုင်ငံရဲ့ ချေးငွေနဲ့မှ ဘာကြောင့်တောင်းခံရတယ်ဆိုတာကိုလည်း လွှတ်တော်ကိုရှင်းလင်းတင်ပြခဲ့ခြင်း မရှိပါဘူး။

 

အမှိက်မီးရှို့စက် အကြောင်းကိုလည်း လွှတ်တော်ကိုယ်စားလှယ်တွေ သိရှိစေဖို့ လွှတ်တော်ကို တင်ပြခဲ့ခြင်းလည်း မရှိခဲ့ပါဘူး” ဟု ဒေါ်စန္ဒာမင်းက ထောက်ပြသည်။

 


ဘဏ္ဍာရေးစီမံခန့်ခွဲမှုဆိုင်ရာ စည်းမျဉ်းအရ ဘဏ္ဍာငွေတောင်းခံတင်ပြချက်များသည် သတ်မှတ်ထားသော စည်းမျဉ်းဥပဒေအရလည်းကောင်း၊ အခြေအနေအချိန်အခါ

 

 

အရလည်းကောင်း ခွင့်ပြုပေးသင့်သည့်ကိစ္စရပ်များ ရှိသကဲ့သို့ ဘဏ္ဍာရေးစည်းမျဉ်းနှင့်လွဲချော်နေသည့် ကိစ္စရပ်များကို မဖြစ်မနေဖြတ်တောက်ထားကြောင်း၊

 

 

ထိုကဲ့သို့ စိစစ်ဖြတ်တောက်ရာတွင် ဌာနဆိုင်ရာ အဖွဲ့အစည်းများအနေဖြင့် သက်ဆိုင်ရာဘဏ္ဍာရေးနှစ်အတွင်း မဖြစ်မနေ ဆက်လက်ဆောင်ရွက်ရမည့် စီမံကိန်းများတွင်

 

 

မူလခွင့်ပြုငွေဖြင့် မလုံလောက်သည့် ကိစ္စရပ်များကိုလည်း ဖြတ်တောက်ခြင်းမရှိဘဲ ခွင့်ပြုပေးထားကြောင်း ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ထံမှ သိရသည်။

 

 

Myanmar Builders Guide

 

 


က်ပ္သန္း ၉၀ဝ ေက်ာ္ကုန္က်မည့္ အမွိက္မီးရႈိ႕စက္တည္ေဆာက္ရန္ လႊတ္ေတာ္ခြင့္ျပဳ

 


ရန္ကုန္ၿမိဳ႕ေတာ္ စည္ပင္သာယာေရးေကာ္မတီက ပိုလန္ႏိုင္ငံေခ်းေငြျဖင့္ က်ပ္သန္းေပါင္း ၉၀ဝ ေက်ာ္ကုန္က်မည့္ အမွိက္မီးရႈိ႕စက္တည္ေဆာက္ရန္

 

ရန္ကုန္တိုင္းေဒသႀကီးလႊတ္ေတာ္ လႊတ္ေတာ္ကခြင့္ျပဳေပးခဲ့သည္။

 


“ရန္ကုန္ၿမိဳ႕ေတာ္ စည္ပင္သာယာေရးေကာ္မတီကေန ေႂကြးမီစာရင္းမွာ တင္ျပေတာင္းခံထားတဲ့ ပိုလန္အစိုးရရဲ႕ OTA ေခ်းေငြနဲ႔ အမွိက္မီးရႈိ႕စက္တည္ေဆာက္မယ့္

 

 

စီမံကိန္းအသစ္အတြက္လည္း လႊတ္ေတာ္ကေန ခြင့္ျပဳေပးခဲ့ပါတယ္” ဟု ရန္ကုန္တိုင္းေဒသႀကီး ၂၀၁၉-၂၀၂၀ ခုႏွစ္၊ ဘ႑ာေရးႏွစ္ ျဖည့္စြက္ခြင့္ျပဳေငြႏွင့္ ျပဳျပင္ၿပီး

 

 

ခန္႔မွန္းေျခေငြစာရင္း လ်ာထားခ်က္ႏွင့္စပ္လ်ဥ္း၍ ေဖေဖာ္ဝါရီလ ၂၅ ရက္ကက်င္းပေသာ ရန္ကုန္တိုင္းေဒသႀကီးလႊတ္ေတာ္ အေရးေပၚအစည္းအေဝးတြင္ ဘ႑ာေရး၊

 

 

စီမံကိန္းႏွင့္ စီးပြားေရးေကာ္မတီဥကၠ႒ ေဒၚစႏၵာမင္းက ေျပာသည္။

 


ရန္ကုန္ၿမိဳ႕ေတာ္ စည္ပင္သာယာေရးေကာ္မတီအေနျဖင့္ ပိုလန္ႏိုင္ငံအစိုးရထံမွ OTA ေခ်းေငြျဖင့္ အမွိက္မီးရႈိ႕စက္ တည္ေဆာက္ရန္ ေငြက်ပ္ ၉၀ဝ ဒသမ ၃၇၅ သန္း

 

 

ေတာင္းခံထားေၾကာင္း၊ ထိုသို႔ေတာင္းခံရာတြင္ ဘ႑ာေရး စီမံခန္႔ခြဲမႈဆိုင္ရာ စည္းမ်ဥ္းထုတ္ျပန္ထားသည့္ ရည္႐ြယ္ခ်က္ႏွင့္ကိုက္ညီရန္လိုအပ္ၿပီး ျပည္သူ႔ဘ႑ာေငြမ်ားကို

 

သုံးစြဲရာတြင္ ပိုမိုပြင့္လင္းျမင္သာမႈရွိကာ ျပည့္စုံခိုင္မာေသာ အစီရင္ခံစာမ်ားကို တင္ျပႏိုင္ေစရန္ဟု ဘ႑ာေရးစည္းမ်ဥ္းတြင္ ေဖာ္ျပထားေၾကာင္း ရန္ကုန္တိုင္းေဒသႀကီး

 

 

လႊတ္ေတာ္ထံမွ သိရသည္။

 


“ရန္ကုန္ၿမိဳ႕ေတာ္ စည္ပင္သာယာေရးေကာ္မတီအေနနဲ႔ အမွိက္မီးရႈိ႕စက္ေခ်းေငြကိစၥနဲ႔ပတ္သက္ၿပီး ရန္ကုန္တိုင္းေဒသႀကီး လႊတ္ေတာ္ကို တင္ျပေတာင္းခံထားျခင္းမရွိသလို

 

 

ကုမၸဏီေပါင္းမ်ားစြာထဲကေနၿပီးေတာ့ ပိုလန္ႏိုင္ငံရဲ႕ ေခ်းေငြနဲ႔မွ ဘာေၾကာင့္ေတာင္းခံရတယ္ဆိုတာကိုလည္း လႊတ္ေတာ္ကိုရွင္းလင္းတင္ျပခဲ့ျခင္း မရွိပါဘူး။

 

အမွိက္မီးရႈိ႕စက္ အေၾကာင္းကိုလည္း လႊတ္ေတာ္ကိုယ္စားလွယ္ေတြ သိရွိေစဖို႔ လႊတ္ေတာ္ကို တင္ျပခဲ့ျခင္းလည္း မရွိခဲ့ပါဘူး” ဟု ေဒၚစႏၵာမင္းက ေထာက္ျပသည္။

 


ဘ႑ာေရးစီမံခန္႔ခြဲမႈဆိုင္ရာ စည္းမ်ဥ္းအရ ဘ႑ာေငြေတာင္းခံတင္ျပခ်က္မ်ားသည္ သတ္မွတ္ထားေသာ စည္းမ်ဥ္းဥပေဒအရလည္းေကာင္း၊ အေျခအေနအခ်ိန္အခါ

 

 

အရလည္းေကာင္း ခြင့္ျပဳေပးသင့္သည့္ကိစၥရပ္မ်ား ရွိသကဲ့သို႔ ဘ႑ာေရးစည္းမ်ဥ္းႏွင့္လြဲေခ်ာ္ေနသည့္ ကိစၥရပ္မ်ားကို မျဖစ္မေနျဖတ္ေတာက္ထားေၾကာင္း၊ ထိုကဲ့သို႔

 

 

စိစစ္ျဖတ္ေတာက္ရာတြင္ ဌာနဆိုင္ရာ အဖြဲ႕အစည္းမ်ားအေနျဖင့္ သက္ဆိုင္ရာဘ႑ာေရးႏွစ္အတြင္း မျဖစ္မေန ဆက္လက္ေဆာင္႐ြက္ရမည့္ စီမံကိန္းမ်ားတြင္

 

 

မူလခြင့္ျပဳေငြျဖင့္ မလုံေလာက္သည့္ ကိစၥရပ္မ်ားကိုလည္း ျဖတ္ေတာက္ျခင္းမရွိဘဲ ခြင့္ျပဳေပးထားေၾကာင္း ရန္ကုန္တိုင္းေဒသႀကီးလႊတ္ေတာ္ထံမွ သိရသည္။

 

 

Source- THE VOICE

Read 625 times
Rate this item
(0 votes)