နိုင်ငံတကာအဆင့်မီ ရော်ဘာကုန်ချောစက်ရုံကို ပဲခူးတိုင်းတွင် တည်ဆောက်မည်

နိုင်ငံတကာအဆင့်မီ ရော်ဘာကုန်ချောစက်ရုံကို ပဲခူးတိုင်းတွင် တည်ဆောက်မည် google

ပဲခူးတိုင်းဒေသကြီး၊ ဝေါမြို့နယ်အတွင်း နိုင်ငံတကာအဆင့်မီ ရော်ဘာကုန်ချောစက်ရုံ တည်ဆောက်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ရော်ဘာစိုက်ပျိုးသူများနှင့် ထုတ်လုပ်သူများအသင်း (MRPPA) မှ သိရသည်။

 

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူက အဆိုပါ နိုင်ငံတကာအဆင့်မီ ရော်ဘာကုန်ချောစက်ရုံ တည်ဆောက်ရေးနှင့်ပတ်သက်၍ မြန်မာနိုင်ငံ ရော်ဘာစိုက်ပျိုးသူများနှင့် ထုတ်လုပ်သူများအသင်းနှင့် Southland Myanmar Rubber Co.,Ltd မှ တာဝန်ရှိသူများက နေပြည်တော်ရှိ ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမဆောင်တွင် တွေ့ဆုံဆွေးနွေးခဲ့သည်။

 

 

>>>ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ရန်ပုံငွေ သန်း ၃၀ ကျော်ဖြင့် ကုန်ထုတ်လမ်း ဖောက်လုပ်ခြင်း လုပ်ငန်းများ ဆောင်ရွက်လျက်ရှိ<<<

 

 

မြန်မာနိုင်ငံတွင် နိုင်ငံတကာအဆင့်မီ ရော်ဘာကုန်ချော Technical Specified Rubber (TSR) ကို စတင်ထုတ်လုပ်သွားမှာဖြစ်ပြီး Ribbed Smoked Sheet (RSS) ကိုလည်း ထုတ်လုပ်သွားမည်ဖြစ်ကြောင်း၊ မြန်မာ့ရော်ဘာစိုက်ပျိုးသူ (၈၅) ရာခိုင်နှုန်းနှင့် လူဦးရေ (၁၀၀၀) ခန့်အတွက် အလုပ်အကိုင်အခွင့်အလမ်းရရှိစေမည့် စီမံကိန်းကို ကြိုးပမ်းအကောင်အထည်ဖော်လျက်ရှိကြောင်း မြန်မာနိုင်ငံ ရော်ဘာစိုက်ပျိုးသူများနှင့် ထုတ်လုပ်သူများအသင်း (MRPPA) မှ သိရသည်။

 

 

အဆိုပါဆွေးနွေးပွဲတွင် နိုင်ငံတကာအဆင့်မီ ရော်ဘာကုန်ချောစက်ရုံအား သဘာဝပတ်ဝန်းကျင် မထိခိုက်စေရေး စီမံဆောင်ရွက်မည့် အစီအမံများနှင့် ထုတ်လုပ်မည့် အစီအစဉ်များ၊ ရရှိမည့် အလုပ်အကိုင်အခွင့်အလမ်းများ၊ ဈေးကွက်အခြေအနေများကို ကုမ္ပဏီမှ တာဝန်ရှိသူများက ရှင်းလင်း တင်ပြခဲ့ကြသည်။

 

 

ကော်ဇောနှင့် အခင်းအမျိုးအမျိုး လုပ်ငန်းပေါင်း ၂၈၉ ခုကို ရှာရန်နှိပ်ပါ

 

 

ထို့ပြင် ရော်ဘာစိုက်ပျိုးထုတ်လုပ်သူများနှင့် စက်ရုံအကြားဈေးကွက် အာမခံရရှိရေးအတွက် စီမံဆောင်ရွက်သင့်သည်များ၊ သဘာဝပတ်ဝန်းကျင် မထိခိုက်စေရေးအတွက် သတိပြုလိုက်နာ ဆောင်ရွက်ရမည့် ကိစ္စရပ်များ၊ မြန်မာ့ရော်ဘာအဆင့်အတန်း ပြည့်မီစွာဖြင့် ပြည်ပဈေးကွက်တွင် ဈေးကောင်းရရှိရေး ပူးပေါင်းဆောင်ရွက်သွားရမည့် လုပ်ငန်းများကို ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။

 

 

Source: MOI

 

 

Myanmar Builders Guide

 

 

---Zawgyi---

 

 

ႏုိင္ငံတကာအဆင့္မီ ေရာ္ဘာကုန္ေခ်ာစက္႐ံုကို ပဲခူးတိုင္းတြင္ တည္ေဆာက္မည္

 

 

ပဲခူးတိုင္းေဒသႀကီး၊ ေဝါၿမိဳ႕နယ္အတြင္း ႏုိင္ငံတကာအဆင့္မီ ေရာ္ဘာကုန္ေခ်ာစက္႐ံု တည္ေဆာက္မည္ျဖစ္ေၾကာင္း ျမန္မာႏိုင္ငံ ေရာ္ဘာစိုက္ပ်ိဳးသူမ်ားႏွင့္ ထုတ္လုပ္သူမ်ားအသင္း (MRPPA) မွ သိရသည္။

 

 

စုိက္ပ်ိဳးေရး၊ ေမြးျမဴေရးႏွင့္ ဆည္ေျမာင္းဝန္ႀကီးဌာန၊ ျပည္ေထာင္စုဝန္ႀကီး ေဒါက္တာေအာင္သူက အဆုိပါ ႏုိင္ငံတကာအဆင့္မီ ေရာ္ဘာကုန္ေခ်ာစက္႐ံု တည္ေဆာက္ေရးႏွင့္ပတ္သက္၍ ျမန္မာႏုိင္ငံ ေရာ္ဘာစုိက္ပ်ိဳးသူမ်ားႏွင့္ ထုတ္လုပ္သူမ်ားအသင္းႏွင့္ Southland Myanmar Rubber Co.,Ltd မွ တာဝန္ရွိသူမ်ားက ေနျပည္ေတာ္ရွိ ျပည္ေထာင္စုဝန္ႀကီး႐ံုး အစည္းအေဝးခန္းမေဆာင္တြင္ ေတြ႔ဆံုေဆြးေႏြးခဲ့သည္။

 

 

ျမန္မာႏိုင္ငံတြင္ ႏိုင္ငံတကာအဆင့္မီ ေရာ္ဘာကုန္ေခ်ာ Technical Specified Rubber (TSR) ကို စတင္ထုတ္လုပ္သြားမွာျဖစ္ၿပီး Ribbed Smoked Sheet (RSS) ကိုလည္း ထုတ္လုပ္သြားမည္ျဖစ္ေၾကာင္း၊ ျမန္မာ့ေရာ္ဘာစိုက္ပ်ိဳးသူ (၈၅) ရာခိုင္ႏႈန္းႏွင့္ လူဦးေရ (၁၀၀၀) ခန႔္အတြက္ အလုပ္အကိုင္အခြင့္အလမ္းရရွိေစမည့္ စီမံကိန္းကို ႀကိဳးပမ္းအေကာင္အထည္ေဖာ္လ်က္ရွိေၾကာင္း ျမန္မာႏိုင္ငံ ေရာ္ဘာစိုက္ပ်ိဳးသူမ်ားႏွင့္ ထုတ္လုပ္သူမ်ားအသင္း (MRPPA) မွ သိရသည္။

 

 

အဆိုပါေဆြးေႏြးပြဲတြင္ ႏိုင္ငံတကာအဆင့္မီ ေရာ္ဘာကုန္ေခ်ာစက္႐ုံအား သဘာဝပတ္ဝန္းက်င္ မထိခိုက္ေစေရး စီမံေဆာင္႐ြက္မည့္ အစီအမံမ်ားႏွင့္ ထုတ္လုပ္မည့္ အစီအစဥ္မ်ား၊ ရရွိမည့္ အလုပ္အကိုင္အခြင့္အလမ္းမ်ား၊ ေစ်းကြက္အေျခအေနမ်ားကို ကုမၸဏီမွ တာဝန္ရွိသူမ်ားက ရွင္းလင္း တင္ျပခဲ့ၾကသည္။

 

 

ထုိ႔ျပင္ ေရာ္ဘာစိုက္ပ်ိဳးထုတ္လုပ္သူမ်ားႏွင့္ စက္႐ုံအၾကားေစ်းကြက္ အာမခံရရွိေရးအတြက္ စီမံေဆာင္႐ြက္သင့္သည္မ်ား၊ သဘာဝပတ္ဝန္းက်င္ မထိခိုက္ေစေရးအတြက္ သတိျပဳလိုက္နာ ေဆာင္႐ြက္ရမည့္ ကိစၥရပ္မ်ား၊ ျမန္မာ့ေရာ္ဘာအဆင့္အတန္း ျပည့္မီစြာျဖင့္ ျပည္ပေစ်းကြက္တြင္ ေစ်းေကာင္းရရွိေရး ပူးေပါင္းေဆာင္႐ြက္သြားရမည့္ လုပ္ငန္းမ်ားကို ေဆြးေႏြးေျပာၾကားခဲ့ေၾကာင္း သိရသည္။

 

 

Source: MOI

Read 1216 times
Rate this item
(0 votes)