မြန်မာ-တရုတ် နှစ်နိုင်ငံအကြား နားလည်မှုစာချွန်လွှာနှင့် သဘောတူစာချုပ် ၃၃ ခု လက်မှတ်ရေးထိုး

မြန်မာ-တရုတ် နှစ်နိုင်ငံအကြား နားလည်မှုစာချွန်လွှာနှင့် သဘောတူစာချုပ် ၃၃ ခု လက်မှတ်ရေးထိုး google

ဇန်နဝါရီ ၁၈ ရက် နံနက်ပိုင်းက နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တရုတ်နိုင်ငံသမ္မတ ရှီကျင်ပင်း ဦးဆောင်သော နှစ်နိုင်ငံဆွေးနွေးပွဲကို နေပြည်တော်ရှိ သမ္မတအိမ်တော်တွင် ပြုလုပ်ခဲ့သည်။

 

ဆွေးနွေးပွဲအပြီးတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တရုတ်နိုင်ငံသမ္မတ ရှီကျင်ပင်းတို့ ရှေ့မှောက်တွင်

 

 

ကျောက်ဖြူ အထူးစီးပွားရေးဇုန်၊ ရေနက်ဆိပ်ကမ်းဆိုင်ရာ သဘောတူစာချုပ်၊ အစုရှယ်ယာများနှင့် သက်ဆိုင်သော သဘောတူစာချုပ် အပါအဝင်

 

 

ကဏ္ဍစုံအတွက် သက်ဆိုင်ရာကဏ္ဍအသီးသီးမှ နှစ်နိုင်ငံတာဝန်ရှိသူများက မြန်မာ-တရုတ် နှစ်နိုင်ငံအကြား နားလည်မှုစာချွန်လွှာ၊

 

 

လွှဲပြောင်းခြင်းစာလွှာ၊ သဘောတူညီချက်၊ သဘောတူစာချုပ် စုစုပေါင်း ၃၃ ခုကို လက်မှတ်ရေးထိုးပြီး လဲလှယ်ခဲ့ကြသည်။

 

 

မြန်မာ-တရုတ် နှစ်နိုင်ငံအကြား ကျောက်ဖြူ အထူးစီးပွားရေးဇုန်၊ ရေနက်ဆိပ်ကမ်းဆိုင်ရာ သဘောတူစာချုပ် အပါအဝင် ကဏ္ဍစုံ နားလည်မှုစာချွန်လွှာနှင့် သဘောတူစာချုပ် ၃၃ ခုမှာ

 

 

သဘောတူစာချုပ် ခြောက်ခု

 

 

- ကျောက်ဖြူအထူးစီးပွားဇုန်၊ ရေနက်စီမံကိန်းဆိုင်ရာ သဘောတူစာချုပ်နှင့် အစုရှယ်ယာများနှင့် သက်ဆိုင်သော သဘောတူစာချုပ်

 


- မြန်မာနိုင်ငံမှ ဆန်ကို တရုတ်နိုင်ငံသို့ တင်ပို့ရန် စစ်ဆေးခြင်းနှင့် ပိုးမွှားကင်းစင်းရေး သဘောတူစာချုပ်

 

 

- မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ တင်ပို့မည့် ကျွဲနွားများအတွက် ထိန်းသိမ်းစောင့်ကြည့်ရေးနှင့် ကျန်းမာရေးလိုအပ်ဆိုင်ရာ သဘောတူစာချုပ်

 

 

- မြန်မာနိုင်ငံမှ အပူပေးစနစ်ဖြင့် ပြုပြင်ထုတ်လုပ်ထားသော ပိုးအိမ်ခြောက်များ တင်ပို့ခြင်းဆိုင်ရာ သဘောတူစာချုပ်

 

 

- အတိုးမဲ့ချေးငွေဖြင့် လူစီးရထားတွဲများ ဝယ်ယူရေး သဘောတူစာချုပ်

 

 

- နှစ်နိုင်ငံ သံရုံးမြေနှင့် အဆောက်အအုံ အပြန်အလှန် ထောက်ပံ့ခြင်းဆိုင်ရာ သဘောတူညီချက်

 

 

သဘောတူညီချက် သုံးခု

 

 

- တရုတ်အမျိုးသားရုပ်မြင်သံကြား၊ အသံလွှင့်ဌာနနှင့် မြန်မာပြန်ကြားရေးဝန်ကြီးဌာနတို့အကြား ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ သဘောတူညီချက်

 

 

- အမှတ်(၂)စက်မှုသင်တန်းကျောင်း (မန္တလေး)အဆင့်မြှင့်တင်ရေး စီမံကိန်းအကောင်အထည်ဖော်မှုဆိုင်ရာ သဘောတူညီချက်

 

 

- ကွမ်းလုံတံတားစီမံကိန်းအကောင်အထည်ဖော်မှုဆိုင်ရာ သဘောတူညီချက်

 

 

နားလည်မှုစာချွန်လွှာ (MoU) ၁၄ ခု

 

 

- ၂၀၂၀ လန်ချန်း-မဲခေါင် ရုပ်မြင်သံကြားသတင်းပတ်၏ မြန်မာနေ့ ပူးတွဲကျင်းပရေးဆိုင်ရာ နားလည်မှုစာချွန်လွှာ

 

 

- ရွှေလီ-မူဆယ် နယ်စပ်စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဇုန် မူဘောင်သဘောတူစာချုပ်လုပ်ငန်းစဉ်များ လျင်မြန်တိုးတက်စေရေး နားလည်မှုစာချွန်လွှာ

 

 

- ကုန်သွယ်မှုမြင့်တင်ရေးလုပ်ငန်းအဖွဲ့ တည်ထောင်ခြင်းဆိုင်ရာနားလည်မှုစာချွန်လွှာ

 

 

- ကုန်ထုတ်စွမ်းအားနှင့်ရင်းနှီးမြှုပ်နှံမှုပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာ

 

 

- အခြေခံအဆောက်အဦဖွံ့ဖြိုးတိုးတက်ရေးပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ခြင်းဆိုင်ရာ နားလည်မှုစာချွန်လွှာ

 

 

- လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်မှုပူးပေါင်းဆောင်ရွက်ရေး နားလည်မှုစာချွန်လွှာ

 

 

- နိုင်ငံခြားရေးဝန်ကြီးဌာနများအခြား ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာ

 

 

- တရုတ်-မြန်မာနယ်စပ်ဖြတ်ကျော် ဓာတ်အားလိုင်းစီမံကိန်း ဖြစ်နိုင်ခြေလေ့လာမှုဆိုင်ရာ နားလည်မှု စာချွန်လွှာ

 

 

- ရန်ကုန်တိုင်းဒေသကြီးနှင့်ယူနန်ပြည်နယ်တို့အကြား ချစ်ကြည်ရေးဆက်ဆံတည်ထောင်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာ

 

 

- မန္တလေးတိုင်းဒေသကြီးနှင့် ယူနန်ပြည်နယ်တို့အကြား မြန်မာ့စီးပွားရေးစင်္ကြံပူးတွဲတည်ထောင်ရေး မူဘောင်အောက်မှဒေသန္တရအဆင့် ပူးပေါင်းဆောင်ရွက်မှုနားလည်မှုစာချွန်လွှာ

 

 

- နှစ်နိုင်ငံ ဘောလုံးအဖွဲ့ချုပ်များ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာ

 

 

- ရန်ကုန်မြစ်ဝအနောက်ဘက်ကမ်း ထိန်းသိမ်းရေးစီမံကိန်း ဖြစ်နိုင်ခြေလေ့လာမှုဆိုင်ရာ နားလည်မှုစာချွန်လွှာ

 

 

- မန္တလေး-ပုဂံရထားလမ်းစီမံကိန်း ဖြစ်နိုင်ခြေလေ့လာမှုနားလည်မှု စာချွန်လွှာ

 

 

- "ဝ"တစ်လုံး ဥမင်လှိုဏ်ခေါင်း စီမံကိန်း ဖြစ်နိုင်ခြေလေ့လာမှုဆိုင်ရာ နားလည်မှုစာချွန်လွှာ

 

 

စာလွှာ ၁၀ ခု

 

 

- ရန်ကုန်ရဲကွပ်ကဲမှု ဗဟိုဌာနာအား လွှဲပြောင်းခြင်းစာလွှာ

 

 

- မြန်မာနိုင်ငံရဲတပ်ဖွဲ့သို့ ကင်းလှည့်ရေယာဉ် ခြောင်စင်း ပေးအပ်ရေး လဲလှယ်မှုစာလွှာ

 

 

- သုံးနှစ်တာ နယ်စပ်ဒေသများ ဖွံ့ဖြိုးမှုစီမံကိန်းဖြစ်နိုင်ခြေ လေ့လာမှုဆိုင်ရာ လဲလှယ်မှုစာချွန်လွှာ

 

 

- စိုက်ပျိုးရေးထွက်ကုန်များ၏ အရည်အသွေးထိန်းချုပ်မှုဗဟိုဌာနဆိုင်ရာ စာလွှာ

 

 

- စပ်မျိုးစပါးသုတေသနဗဟိုဌာနစီမံကိန်းဆိုင်ရာ စာလွှာ

 

 

- ကချင်ပြည်နယ်အတွင်းရှိ နေရပ်စွန့်ခွာသူများအား ပြန်လည်နေရာချထားရေးစီမံကိန်း ဖြစ်နိုင်ခြေလေ့လာမှုဆိုင်ရာ စာလွှာ

 

 

- မန္တလေး-ထီးချိုင့်-မူဆယ် အမြန်လမ်းမကြီးနှင့်ကျောက်ဖြူ-နေပြည်တော် အဝေးပြေးလမ်းမကြီးစီမံကိန်း ဖြစ်နိုင်ခြေ လေ့လာမှုအစီရင်ခံစာ လွဲှဲပြောင်းပေးအပ်ခြင်း စာလွှာ

 

 

- မူဆယ်-မန္တလေးရထားလမ်း ဖြစ်နိုင်ခြေလေ့လာမှု အစီရင်ခံစာ လွဲပြောင်းပေးအပ်ခြင်းစာလွှာ

 

 

- ရန်ကုန်မြို့တော်အတွက် မြို့ပြဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းသစ် စာလွှာ

 

 

- မီးလင်းချိုင်သဘာဝဓာတ်ငွေ့မှ လျှပ်စစ်ဓာတ်အားထုတ်မှုဆိုင်ရာ စာလွှာ တို့ ဖြစ်ပါသည်။

 

 

Myanmar Builders Guide

 

 

---Zawgyi---

 

 


 

 


 

 


 

 


 

 


 

 


 

 


 

 


 

 


 

 


 

 


 



 



 



 

 

သဘောတူညီချက် သုံးခု

 

 


 



 



 

 


 

 


 



 



 



 



 



 



 



 



 



 



 



 



 



 

 

စာလွှာ ၁၀ ခု

 

 


 



 



 



 



 

 


 

 

- မန္တလေး-ထီးချိုင့်-မူဆယ် အမြန်လမ်းမကြီးနှင့်ကျောက်ဖြူ-နေပြည်တော် အဝေးပြေးလမ်းမကြီးစီမံကိန်း ဖြစ်နိုင်ခြေ လေ့လာမှုအစီရင်ခံစာ လွှဲပြောင်းပေးအပ်ခြင်း စာလွှာ

 

 


 

 


 

 


 

Read 1384 times Last modified on Friday, 31 January 2020 16:21
Rate this item
(0 votes)