Mandalay Yatanar Mall မီးလောင်ပွားမှုကို နံနက် ၅ နာရီခွဲ အချိန်က မီးငြိမ်းသတ်နိုင်ခဲ့

Mandalay Yatanar Mall မီးလောင်ပွားမှုကို နံနက် ၅ နာရီခွဲ အချိန်က မီးငြိမ်းသတ်နိုင်ခဲ့ Myanmar Fire Services Department

Mandalay Yatanar Mall မီးလောင်မှုကို ယနေ့ နံနက် ၂ နာရီ ၂ မိနစ်ခန့်တွင် မီးထိန်းနိုင်ခဲ့ပြီး ၅ နာရီခွဲအချိန်တွင် မီးငြိမ်းခဲ့ပါကြောင်း သတင်းထုတ်ပြန်ခဲ့ပါတယ်။

 

မီးငြှိမ်းသတ်ရာတွင် အရန်မီးသတ်တပ်ဖွဲ့ဝင် ၅ ဦးတို့ ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့တယ်လို့ သိရပါတယ်။

 

Mandalay Yatanar Mall, Sky Walk ပထမထပ်တွင် မနေ့ ညနေ ၆ နာရီဝန်းကျင်မှာ စတင်မီးလောင်ကျွမ်းခဲ့တာဖြစ်ပြီး မီးသတ်ဦးစီးဌာနမှ Level 5 အဆင့်ထိ သတ်မှတ်ခဲ့ကာ မီးငြှိမ်းသတ်ခဲ့ရတာ ဖြစ်ပါတယ်။

 

 

မီးငြှိမ်းသတ်ခဲ့ရာတွင် မန္တလေးမြို့ရှိ မီးသတ်စခန်းများမှ မီးငြှိမ်းသတ်ယာဉ် ၈၂ စီး၊ ရေသယ်ယာဉ် ၅၀ စီး၊

 

မီးသတ်စက်ယာဉ် ၁၄ စီး၊ အထောက်အကူပြု ယာဉ် ၂၁ စီး၊ အုပ်ချုပ်မှုယာဉ် ၄ စီး၊ အထပ်မြင့်မီးသတ်ယာဉ် ၇ စီး၊

 

ပြင်ဦးလွင်မြို့နယ် မီးသတ် စခန်းမှ မီးငြှိမ်းသတ်ယာဉ် ၄ စီး၊ ရေသယ်ယာဉ် ၃ စီး၊ ကျောက်ဆည်မြို့နယ်မီးသတ်စခန်းမှ

 

မီးငြှိမ်းသတ်ယာဉ် ၁ စီး၊ ရေသယ်ယာဉ် ၇ စီး၊ စစ်ကိုင်းမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ် ယာဉ် ၁ စီး၊

 

ရေသယ်ယာဉ် ၂ စီး၊ ဗဟိုမီးသတ်သင်တန်းကျောင်းမှ မီးငြှိမ်းသတ်ယာဉ် ၂ စီး၊ စုစုပေါင်း မီးသတ်ယာဉ် (၁၉၄) စီး၊

 

အုပ်ချုပ်မှုယာဉ် ၄ စီး၊ အသက်ရှုကိရိယာ ၅၀ လုံး၊ မီးခိုးမှုတ်စက် ၆ လုံး၊ Engine Cutter ၁၀ လုံး၊

 

စည်ပင်မှရေသယ်ယာဉ် ၁၀ စီး၊ မန္တလေးမြို့တော်စည်ပင်သာယာရေး ကော်မတီမှ ဘတ်ဟိုးမြေတူးစက် ၄ စီးတို့ဖြင့်

 

သန္ဓေ ၂၅၀ ဦး၊ အရန်(၅၀၀)ဦး၊ စည်ပင်ဝန်ထမ်း (၅၀)ဦး၊ တပ်မတော်သား(၂၃၀)ဦး၊

 

မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင် (၂၅၀)ဦး၊ ကြက်ခြေနီ(၁၀၀)ဦးတို့နှင့် ပူပေါင်းငြှိမ်းသတ်ခဲ့သည်ဟု မီးသတ်ဦးစီးဌာနက သတင်းထုတ်ပြန်သည်။

 

မီးလောင်မှု အကြောင်းအရင်းနှင့် ဆုံးရှုံးမှုတန်ဖိုးအား စိစစ်စုံစမ်းဆဲလျက်ရှိကြောင်း သတင်းရရှိပါသည်။

 

 

Myanmar Builders Guide

 

 

---Zawgyi---

 

 


 

 


 


 


 


 

 


 


 


 


 


 


 


 


 


 

Read 337 times Last modified on Friday, 31 January 2020 16:24
Rate this item
(0 votes)