ပတ်ဝန်းကျင်စီမံခန့်ခွဲမှု အစီအစဉ်ရေးဆွဲထားခြင်းမရှိသည့် စက်ရုံများကို အရေးယူမည်

ပတ်ဝန်းကျင်စီမံခန့်ခွဲမှု အစီအစဉ်ရေးဆွဲထားခြင်းမရှိသည့် စက်ရုံများကို အရေးယူမည် google

မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ပတ်ဝန်းကျင်စီမံခန့်ခွဲမှုအစီအစဉ် (Environmental Management Plan-EMP) လုံးဝရေးဆွဲထားခြင်းမရှိသည့် စက်ရုံများကို လိုင်စင်ပိတ်သိမ်းသည်အထိ အရေးယူမည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာနညွှန်ကြားရေးမှူး ဒေါက်တာတင်မင်းမောင်၏ ပြောပြချက်အရ သိရပါတယ်။

 

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနအနေဖြင့် မြန်မာနိုင်ငံရှိ အစားအစာနှင့် အဖျော်ယမကာများ၊ ပိုးသတ်ဆေးအမျိုးမျိုး၊ ဘိလပ်မြေနှင့် ထုံး၊ အဝတ်အထည်နှင့် ဆိုးဆေးများ၊ သတ္တုအရည်ကျိုပုံလောင်း၊ သားရေနယ်စက်ရုံ၊ ပျော့ဖက်နှင့် စက္ကူ၊ သကြားစက်ရုံ စသည့်စက်ရုံ၊ အလုပ်ရုံကိုးမျိုးကို လုပ်ငန်းအမျိုးအစားအလိုက် ကိုးလမှ ၁၂ လအထိ အချိန်ကာလသတ်မှတ်ပြီး ယင်းအစီအစဉ်အတိုင်း လိုက်နာအကောင်အထည်ဖော်ရန် ၂၀၁၈ ခုနှစ် ဇန်နဝါရီ ၁၀ ရက်က အမိန့်ကြော်ငြာစာထုတ်ပြန်ခဲ့ပါတယ်။

 

 

သို့သော် စက်ရုံများအနေဖြင့် EMP Plan ရေးဆွဲတင်ပြမှုနည်းပါးသည့်အတွက် ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလအထိ သက်တမ်းခြောက်လထပ်မံတိုးပေးထားပြီးဖြစ်ကြောင်း သိရပါတယ်။

 

 

လက်ရှိ မန္တလေးတိုင်းဒေသကြီးအတွင် EMP Plan ရေးဆွဲရမည့်စက်ရုံများအနက် သတ္တုအရည်ကျိုလုပ်ငန်းများမှာ ၁၀၀ ကျော်အထိ အများဆုံးပါဝင်နေပြီး သတ္တုအရည်ကျိုလုပ်ငန်းများအားလုံး EMP Plan ရေးဆွဲနိုင်ရန် ဌာနမှ ကူညီဆောင်ရွက်ပေးလျက်ရှိပါတယ်။

 

 

EMP Plan ရေးဆွဲရမည့် စက်ရုံများအနက် သတ္တုအရည်ကျိုလုပ်ငန်းများအပြင် ဒုတိယလုပ်ငန်းအများဆုံးဖြစ်သည့် သားရေနယ်စက်ရုံလုပ်ငန်းအုပ်စုတွင် မန္တလေးတိုင်းဒေသကြီးအတွင်း EMP Plan ရေးဆွဲရမည့်စာရင်းရှိ သားရေနယ်လုပ်ငန်း ၅၆ ခုအနက် မန္တလေးခရိုင်အတွင်းရှိ လုပ်ငန်း ၂၃ ခုမှာ Third Party တစ်ခု၏ ချိတ်ဆက်ကူညီမှုဖြင့် EMP Plan ရေးဆွဲဆောင်ရွက်နေပြီး မြင်းခြံဒေသရှိ သားရေနယ်စက်ရုံများမှာလည်း EMP Plan စတင်ရေးဆွဲနေပြီဖြစ်ပါတယ်။

 

 

ဇန်နဝါရီ ၂၉ ရက်တွင် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ စက်မှုလုပ်ငန်းအုပ်စုကိုးမျိုးတွင် ပါဝင်သည့်လုပ်ငန်းများမှာ EMP Plan ရေးဆွဲတင်ပြရန် အချိန်စေ့မည်ဖြစ်ပြီး မန္တလေးတိုင်းဒေသကြီးအတွင်း EMP Plan အချိန်မီမရေးဆွဲနိုင်ဘဲ ရပ်နားသွားနိုင်သည့်လုပ်ငန်းမှာ အများဆုံး ၁၀ ရာခိုင်နှုန်းခန့်သာ ကျန်ရှိနေနိုင်ကြောင်းနှင့် မန္တလေးတိုင်းဒေသကြီးတွင် စက်မှုလုပ်ငန်းမှတ်ပုံတင်ထားသည့် လုပ်ငန်းပေါင်း ရှစ်ထောင်နီးပါးအထိရှိပြီး စုစုပေါင်းလုပ်ငန်း ငါးထောင်ကျော်ဖြင့် လုပ်ငန်းအများဆုံးရှိနေပါတယ်။

 

 

အဆိုပါလုပ်ငန်းများမှ မန္တလေးစက်မှုဇုန်အတွင်း စက်ရုံကြီး ၃၈၉ ရုံ၊ စက်ရုံလတ် ၃၁၇ ရုံ၊ စက်ရုံငယ် ၄၉၈ ရုံရှိကြောင်း မန္တလေးစက်မှုဇုန်စီမံခန့်ခွဲရေးကော်မတီမှ သိရပါတယ်။

 

 

Source: Myawady

 

 

Myanmar Builders Guide

 

 

---Zawgyi---

 

 

ပတ္ဝန္းက်င္စီမံခန္႔ခြဲမႈ အစီအစဥ္ေရးဆြဲထားျခင္းမရွိသည့္ စက္႐ံုမ်ားကို အေရးယူမည္

 

 

မႏၱေလးတိုင္းေဒသႀကီးအတြင္းရွိ ပတ္ဝန္းက်င္စီမံခန္႔ခြဲမႈအစီအစဥ္ (Environmental Management Plan-EMP) လံုးဝေရးဆြဲထားျခင္းမရွိသည့္ စက္႐ံုမ်ားကို လုိင္စင္ပိတ္သိမ္းသည္အထိ အေရးယူမည္ျဖစ္ေၾကာင္း မႏၱေလးတိုင္းေဒသႀကီး သဘာဝပတ္ဝန္းက်င္ ထိန္းသိမ္းေရးဦးစီးဌာနညႊန္ၾကားေရးမွဴး ေဒါက္တာတင္မင္းေမာင္၏ ေျပာျပခ်က္အရ သိရပါတယ္။

 

 

သယံဇာတႏွင့္ သဘာဝပတ္ဝန္းက်င္ထိန္းသိမ္းေရးဝန္ႀကီးဌာနအေနျဖင့္ ျမန္မာႏိုင္ငံရွိ အစားအစာႏွင့္ အေဖ်ာ္ယမကာမ်ား၊ ပိုးသတ္ေဆးအမ်ိဳးမ်ိဳး၊ ဘိလပ္ေျမႏွင့္ ထံုး၊ အဝတ္အထည္ႏွင့္ ဆုိးေဆးမ်ား၊ သတၱဳအရည္က်ိဳပံုေလာင္း၊ သားေရနယ္စက္႐ံု၊ ေပ်ာ့ဖက္ႏွင့္ စကၠဴ၊ သၾကားစက္႐ံု စသည့္စက္႐ံု၊ အလုပ္႐ံုကိုးမ်ိဳးကို လုုပ္ငန္းအမ်ိဳးအစားအလုိက္ ကုိးလမွ ၁၂ လအထိ အခ်ိန္ကာလသတ္မွတ္ၿပီး ယင္းအစီအစဥ္အတိုင္း လုိက္နာအေကာင္အထည္ေဖာ္ရန္ ၂၀၁၈ ခုႏွစ္ ဇန္နဝါရီ ၁၀ ရက္က အမိန္႔ေၾကာ္ျငာစာထုတ္ျပန္ခဲ့ပါတယ္။

 

 

သုိ႔ေသာ္ စက္႐ံုမ်ားအေနျဖင့္ EMP Plan ေရးဆြဲတင္ျပမႈနည္းပါးသည့္အတြက္ ၂၀၂၀ ျပည့္ႏွစ္ ဇန္နဝါရီလအထိ သက္တမ္းေျခာက္လထပ္မံတိုးေပးထားၿပီးျဖစ္ေၾကာင္း သိရပါတယ္။

 

 

လက္ရွိ မႏၱေလးတိုင္းေဒသႀကီးအတြင္ EMP Plan ေရးဆြဲရမည့္စက္႐ံုမ်ားအနက္ သတၱဳအရည္က်ိဳလုပ္ငန္းမ်ားမွာ ၁၀၀ ေက်ာ္အထိ အမ်ားဆံုးပါဝင္ေနၿပီး သတၱဳအရည္က်ိဳလုပ္ငန္းမ်ားအားလံုး EMP Plan ေရးဆြဲႏုိင္ရန္ ဌာနမွ ကူညီေဆာင္ရြက္ေပးလ်က္ရွိပါတယ္။

 

 

EMP Plan ေရးဆြဲရမည့္ စက္႐ံုမ်ားအနက္ သတၱဳအရည္က်ိဳလုပ္ငန္းမ်ားအျပင္ ဒုတိယလုပ္ငန္းအမ်ားဆံုးျဖစ္သည့္ သားေရနယ္စက္႐ံုလုပ္ငန္းအုပ္စုတြင္ မႏၱေလးတိုင္းေဒသႀကီးအတြင္း EMP Plan ေရးဆြဲရမည့္စာရင္းရွိ သားေရနယ္လုပ္ငန္း ၅၆ ခုအနက္ မႏၱေလးခ႐ိုင္အတြင္းရွိ လုပ္ငန္း ၂၃ ခုမွာ Third Party တစ္ခု၏ ခ်ိတ္ဆက္ကူညီမႈျဖင့္ EMP Plan ေရးဆြဲေဆာင္ရြက္ေနၿပီး ျမင္းၿခံေဒသရွိ သားေရနယ္စက္႐ံုမ်ားမွာလည္း EMP Plan စတင္ေရးဆြဲေနၿပီျဖစ္ပါတယ္။

 

 

ဇန္နဝါရီ ၂၉ ရက္တြင္ မႏၱေလးတုိင္းေဒသႀကီးအတြင္းရွိ စက္မႈလုုပ္ငန္းအုပ္စုကိုးမ်ိဳးတြင္ ပါဝင္သည့္လုပ္ငန္းမ်ားမွာ EMP Plan ေရးဆြဲတင္ျပရန္ အခ်ိန္ေစ့မည္ျဖစ္ၿပီး မႏၱေလးတုိင္းေဒသႀကီးအတြင္း EMP Plan အခ်ိန္မီမေရးဆြဲႏုိင္ဘဲ ရပ္နားသြားႏုိင္သည့္လုပ္ငန္းမွာ အမ်ားဆံုး ၁၀ ရာခုိင္ႏႈန္းခန္႔သာ က်န္ရွိေနႏုိင္ေၾကာင္းႏွင့္ မႏၱေလးတိုင္းေဒသႀကီးတြင္ စက္မႈလုပ္ငန္းမွတ္ပံုတင္ထားသည့္ လုပ္ငန္းေပါင္း ရွစ္ေထာင္နီးပါးအထိရွိၿပီး စုစုေပါင္းလုုပ္ငန္း ငါးေထာင္ေက်ာ္ျဖင့္ လုုပ္ငန္းအမ်ားဆံုးရွိေနပါတယ္။

 

 

အဆိုပါလုပ္ငန္းမ်ားမွ မႏၱေလးစက္မႈဇုန္အတြင္း စက္႐ံုႀကီး ၃၈၉ ႐ံု၊ စက္႐ံုလတ္ ၃၁၇ ႐ံု၊ စက္႐ံုငယ္ ၄၉၈ ႐ံုရွိေၾကာင္း မႏၱေလးစက္မႈဇုန္စီမံခန္႔ခြဲေရးေကာ္မတီမွ သိရပါတယ္။

 

 

Source: Myawady

Read 682 times Last modified on Friday, 31 January 2020 16:58
Rate this item
(0 votes)