ရခိုင်ပြည်နယ်တွင် အလုပ်အကိုင် အခွင့်အလမ်း ( ၁၃ဝဝ) ကျော် ဖန်တီးပေးနိုင်မည့် လုပ်ငန်းများခွင့်ပြု

ရခိုင်ပြည်နယ်တွင် အလုပ်အကိုင် အခွင့်အလမ်း ( ၁၃ဝဝ) ကျော် ဖန်တီးပေးနိုင်မည့် လုပ်ငန်းများခွင့်ပြု google

ရခိုင်ပြည်နယ်တွင် ဆောင်ရွက်မည့် လျှပ်စစ်ဓါတ်အား ထုတ်လုပ်ခြင်းလုပ်ငန်းအပါအဝင် အလုပ်အကိုင် အခွင့်အလမ်း ( ၁၃ဝဝ) ကျော် ဖန်တီးပေးနိုင်မည့် လုပ်ငန်းများအား မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ ခွင့်ပြုခဲ့သည်။

 

၂ဝ၂ဝ ပြည့်နှစ် ဇန်နဝါရီလ ၁ဝ ရက်နေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့ရှိ ကော်မရှင် အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည့် အစည်းအဝေးတွင် ရခိုင်ပြည်နယ် ကျောက်ဖြူခရိုင်၊ ကျောက်ဖြူမြို့နယ်၊ ဂုံးချွိန်ကျေးရွာ အုပ်စုတွင် ရင်းနှီးမြှုပ်နှံမည့် ၁၃၅ မဂ္ဂါဝပ် ထုတ်လုပ်နိုင်သော သဘာဝဓာတ်ငွေ့နှင့် စွန့်ပစ်အပူသုံး ဓာတ်အားပေးစက်ရုံတည်ဆောက်၍ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရောင်းချခြင်း လုပ်ငန်းအပါ အဝင် အခြားကဏ္ဍ၊ စက်မှုကဏ္ဍနှင့် ဟိုတယ်ကဏ္ဍတို့မှ လုပ်ငန်း (၆) ခု ခွင့်ပြုခဲ့သည်။

 

 

အဆိုပါ လုပ်ငန်းများ၏ ရင်နှီးမြှုပ်နှံမှုပမာဏမှာ အမေရိကန်ဒေါ်လာ (၂၅၇.၈၂) သန်းနှင့် ကျပ် (၆ဝ,၂၂၈.၃ဝ) သန်း ရှိပြီး ပြည်တွင်း လုပ်သားများအတွက် အလုပ်အကိုင် အခွင့်အလမ်းပေါင်း (၁၃၁၇) နေရာကို ဖန်တီးပေးနိုင်မည်ဖြစ်သည်။

 

 

၂ဝ၁၉ ခုနှစ် နိုဝင်ဘာလကုန်အထိ ရင်းနှီးမြှုပ်နှံမှုအများဆုံး ပြုလုပ်သောနိုင်ငံများမှာ စင်ကာပူနိုင်ငံ၊ တရုတ် ပြည်သူ့သမ္မတနိုင်ငံနှင့် ထိုင်းနိုင်ငံတို့ ဖြစ်သည်။

 

 

နိုင်ငံပေါင်း (၅ဝ)မှ စီးပွားရေးကဏ္ဍ (၁၂) ခုတွင် အများဆုံး ရင်းနှီးမြှုပ်နှံထားရှိမှုမှာ ရေနံနှင့် သဘာဝဓါတ်ငွေ့ ကဏ္ဍတွင် စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု၏ (၂၇.ဝ၄%) ဖြင့်လည်းကောင်း၊ လျှပ်စစ်ကဏ္ဍတွင် စုစုပေါင်းရင်းနှီးမြှုပ်နှံမှု၏ (၂၆.၁၅%) ဖြင့်လည်းကောင်း၊ ကုန်ထုတ်လုပ်မှုကဏ္ဍတွင် စုစုပေါင်းရင်းနှီးမြှုပ်နှံမှု၏ (၁၄.ဝ၁%) ဖြင့် လည်းကောင်း ရင်းနှီးမြှုပ်နှံထားသည်။

 

 

Myanmar Builders Guide

 

 

---Zawgyi---

 

 

ရခုိင္ျပည္နယ္တြင္ အလုပ္အကိုင္ အခြင့္အလမ္း ( ၁၃ဝဝ) ေက်ာ္ ဖန္တီးေပးႏိုင္မည့္ လုပ္ငန္းမ်ားခြင့္ျပဳ

 

 

ရခိုင္ျပည္နယ္တြင္ ေဆာင္႐ြက္မည့္ လွ်ပ္စစ္ဓါတ္အား ထုတ္လုပ္ျခင္းလုပ္ငန္းအပါအဝင္ အလုပ္အကိုင္ အခြင့္အလမ္း ( ၁၃ဝ၀) ေက်ာ္ ဖန္တီးေပးႏိုင္မည့္ လုပ္ငန္းမ်ားအား ျမန္မာႏိုင္ငံ ရင္းႏွီးျမႇဳပ္ႏွံမႈေကာ္မရွင္မွ ခြင့္ျပဳခဲ့သည္။

 

 

၂ဝ၂ဝ ျပည့္ႏွစ္ ဇန္နဝါရီလ ၁ဝ ရက္ေန႔ နံနက္ပိုင္းတြင္ ရန္ကုန္ၿမိဳ႕ရွိ ေကာ္မရွင္ အစည္းအေဝးခန္းမ၌ က်င္းပျပဳလုပ္ခဲ့သည့္ အစည္းအေဝးတြင္ ရခိုင္ျပည္နယ္ ေက်ာက္ျဖဴခ႐ိုင္၊ ေက်ာက္ျဖဴၿမိဳ႕နယ္၊ ဂုံးခြၽိန္ေက်း႐ြာ အုပ္စုတြင္ ရင္းႏွီးျမႇဳပ္ႏွံမည့္ ၁၃၅ မဂၢါဝပ္ ထုတ္လုပ္ႏိုင္ေသာ သဘာဝဓာတ္ေငြ႕ႏွင့္ စြန႔္ပစ္အပူသုံး ဓာတ္အားေပးစက္႐ုံတည္ေဆာက္၍ လွ်ပ္စစ္ဓာတ္အား ထုတ္လုပ္ေရာင္းခ်ျခင္း လုပ္ငန္းအပါ အဝင္ အျခားက႑၊ စက္မႈက႑ႏွင့္ ဟိုတယ္က႑တို႔မွ လုပ္ငန္း (၆) ခု ခြင့္ျပဳခဲ့သည္။

 

 

အဆိုပါ လုပ္ငန္းမ်ား၏ ရင္ႏွီးျမႇဳပ္ႏွံမႈပမာဏမွာ အေမရိကန္ေဒၚလာ (၂၅၇.၈၂) သန္းႏွင့္ က်ပ္ (၆ဝ,၂၂၈.၃ဝ) သန္း ရွိၿပီး ျပည္တြင္း လုပ္သားမ်ားအတြက္ အလုပ္အကိုင္ အခြင့္အလမ္းေပါင္း (၁၃၁၇) ေနရာကို ဖန္တီးေပးႏိုင္မည္ျဖစ္သည္။

 

 

၂ဝ၁၉ ခုႏွစ္ ႏိုဝင္ဘာလကုန္အထိ ရင္းႏွီးျမႇဳပ္ႏွံမႈအမ်ားဆုံး ျပဳလုပ္ေသာႏိုင္ငံမ်ားမွာ စင္ကာပူႏိုင္ငံ၊ တ႐ုတ္ ျပည္သူ႔သမၼတႏိုင္ငံႏွင့္ ထိုင္းႏိုင္ငံတို႔ ျဖစ္သည္။

 

 

ႏိုင္ငံေပါင္း (၅ဝ)မွ စီးပြားေရးက႑ (၁၂) ခုတြင္ အမ်ားဆုံး ရင္းႏွီးျမႇဳပ္ႏွံထားရွိမႈမွာ ေရနံႏွင့္ သဘာဝဓါတ္ေငြ႕ က႑တြင္ စုစုေပါင္း ရင္းႏွီးျမႇဳပ္ႏွံမႈ၏ (၂၇.ဝ၄%) ျဖင့္လည္းေကာင္း၊ လွ်ပ္စစ္က႑တြင္ စုစုေပါင္းရင္းႏွီးျမႇဳပ္ႏွံမႈ၏ (၂၆.၁၅%) ျဖင့္လည္းေကာင္း၊ ကုန္ထုတ္လုပ္မႈက႑တြင္ စုစုေပါင္းရင္းႏွီးျမႇဳပ္ႏွံမႈ၏ (၁၄.ဝ၁%) ျဖင့္ လည္းေကာင္း ရင္းႏွီးျမႇဳပ္ႏွံထားသည္။

 

Read 540 times Last modified on Monday, 03 February 2020 16:20
Rate this item
(0 votes)