အရည်အသွေးပြည့်မီခြင်းမရှိသည့် မြောင်းမြ-ပြင်ရွာကားလမ်းအား တည်ဆောက်ကုမ္ပဏီကို အရေးယူမည်

အရည်အသွေးပြည့်မီခြင်းမရှိသည့် မြောင်းမြ-ပြင်ရွာကားလမ်းအား တည်ဆောက်ကုမ္ပဏီကို အရေးယူမည် Daily Eleven

ငါးလအတွင်းမှာပင် ပျက်စီးယိုယွင်းလာသော မြောင်းမြမြို့နယ် မြောင်းမြ-ပြင်ရွာကားလမ်းအား သတ်မှတ်အရည်အသွေးပြည့်မီခြင်းမရှိကြောင်းတွေ့ရှိရသဖြင့်

 

 

အရေးယူဆောင်ရွက်မှုများပြုလုပ် မည်ဖြစ်သည်။

 

အကောင်းဆုံး ဗိသုကာလက်ရာ ခရီးသွားလာရေးအတွက် လမ်းညွှန်

 


မြောင်းမြမြို့နယ် မြောင်းမြ-ပြင်ရွာကားလမ်းအား တည်ဆောက်ပြီး ငါးလအတွင်းမှာပင် ပျက်စီးမှုများရှိလာပြီး ပြည်သူများ၏တိုင်ကြားမှုကြောင့် Third Party က

 

 

စစ်ဆေးဆောင်ရွက်ရာ သတ်မှတ်အရည်အသွေး၏ ခြောက်ပုံတစ်ပုံခန့်မှာ လိုအပ်ချက်များရှိနေကြောင်း စိစစ်တွေ့ရှိမှုအရ အရေးယူဆောင်ရွက်မှုများ ပြုလုပ်သွားမည်ဖြစ်သည်။

 

 

အထပ်မြင့် စီမံကိန်းနှင့်တည်ဆောက်ရေးလုပ်ငန်းများအတွက် တတိယကြားခံ ပညာရှင်များကို ခေါ်ယူနေ

 


၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် ကျပ် သိန်း ၂၉၉၀ ဖြင့် တင်ဒါအောင် ကုမ္ပဏီတစ်ခုက တာဝန်ယူဆောင်ရွက် သည့် မြောင်းမြမြို့နယ် မြောင်းမြ- ပြင်ရွာလမ်း

 

 

အလျား ၂ မိုင် ၆ ဖာလုံမှာ လမ်းခင်းပြီး ငါးလခန့်အကြာတွင် ပျက်စီးမှုရှိလာသောကြောင့် ဒေသခံပြည်သူများက မြောင်းမြမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ထံ

 

တိုင်ကြားခဲ့ခြင်းဖြစ်သည်။

 

သင့်နေအိမ်ကို ပိုလန်းသွားအောင် Wall decor ဒီဇိုင်း ၅ မျိုး

 


တိုင်ကြားမှုများအရ ဌာနဆိုင်ရာများနှင့် ပူးပေါင်းစစ်ဆေးရာတွင် လမ်းအရည်အသွေးအား အသေးစိတ်စစ်ဆေးနိုင်ရန်အတွက် Third Party ဖွဲ့ကာ

 

 

စစ်ဆေးဆောင်ရွက်ခဲ့ပြီး Third Party အဖွဲ့က စစ်ဆေးဆောင်ရွက်မှုများအရ လမ်းပိုင်းအရည်အသွေးမှာ သတ်မှတ်အရည်အသွေးအောက်သို့ နိမ့်ကျနေပြီး

 

 

သတ်မှတ်စံနှုန်းများ၏ ခြောက်ပုံတစ်ပုံခန့်မှာ လိုအပ်ချက်များရှိနေကြောင်း၊ ယင်းစစ်ဆေးတွေ့ရှိချက်များ အပေါ်မူတည်၍ ဒေသခံလွှတ်တော် ကိုယ်စားလှယ်များနှင့်

 

 

တိုင်ပင်ညှိနှိုင်းကာ အရေးယူဆောင်ရွက်မှုများ ပြုလုပ်သွားမည်ဖြစ်သည်။

 


အဆိုပါလမ်းပိုင်းမှာ လုပ်ငန်းပြီးစီး၍ သတ်မှတ်အရည်အသွေး ပြည့်မီသည်ဟုဆိုကာ တိုင်းဒေသကြီးအစိုးရအဖွဲ့က ခန့်အပ်ထားသည့် အရည်အသွေး

 

 

စစ်ဆေးရေးအဖွဲ့များက အရည်အသွေးစစ်ဆေးပြီးကြောင်း ထောက်ခံမှုရရှိထားသည့် လမ်းပိုင်းတစ်ခုလည်း ဖြစ်သည်။

 

 

Source-Daily Eleven

 

Myanmar Builders Guide

 


 

 


 



 

 


 



 

 


 

 


 



 

 


 

 


 

 

 


 



 

 


Read 2674 times Last modified on Tuesday, 18 February 2020 13:12
Rate this item
(0 votes)