အမေရိကန်ဒေါ်လာ(၇.၅)သန်းခန့် ကုန်ကျမည့် ရေအရင်းအမြစ်ကော်မတီရုံးချုပ် တည်ဆောက်မည်

အမေရိကန်ဒေါ်လာ(၇.၅)သန်းခန့် ကုန်ကျမည့် ရေအရင်းအမြစ်ကော်မတီရုံးချုပ် တည်ဆောက်မည် Yangon Region Government


အမေရိကန်ဒေါ်လာ(၇.၅)သန်းခန့် ကုန်ကျမည့် အမျိုးသားအဆင့် ရေအရင်းအမြစ်ကော်မတီရုံးချုပ်နှင့် ရေအရင်းအမြစ်နှင့်ရေဘက်စုံစီမံခန့်ခွဲမှုဗဟိုဌာန

အဆောက်အဦး

 

ဆောက်လုပ်ရန် ရတနာပန္နက်တင် မင်္ဂလာအခမ်းအနားသို့ အမျိုးသားအဆင့် ရေအရင်းအမြစ်ကော်မတီဥက္ကဋ္ဌ၊ ဒုတိယသမ္မတ(၂) ဦးဟင်နရီဗန်ထီးယူ

 

တက်ရောက်ခဲ့သည်။

 


ကမ္ဘာ့ဘဏ်၏ အကူအညီဖြင့် ဆောင်ရွက်သည့် ဧရာဝတီမြစ်ဝှမ်း ဘက်စုံစီမံခန့်ခွဲမှုစီမံကိန်း (AIRBM Project) အတွက် အတိုးမဲ့ချေးငွေများထဲမှ ကျခံသုံးစွဲသွားမည်

 

ဖြစ်ကြောင်း၊ အဆောက်အဦပြီးစီးပါက အမျိုးသားအဆင့် ရေအရင်းအမြစ်ကော်မတီနှင့် ကော်မတီ၏ မဏ္ဍိုင်ကြီးသုံးခုဖြစ်သည့် ကော်မတီအတွင်းရေးမှူးရုံး၊ အကြံပေးအဖွဲ့ရုံး၊

 

 

ရေအရင်းအမြစ်နှင့် ရေဘက်စုံစီမံခန့်ခွဲမှုဗဟိုဌာနတို့၏ လုပ်ငန်းများအား တစ်စုတစ်စည်းတည်း စုပေါင်းဆောင်ရွက်နိုင်မည်ဖြစ်သည်။

 

 


ထို့အပြင် ရေဆိုင်ရာ ဆုံးဖြတ်ချက် အထောက်အကူပြု စနစ်လည်ပတ်မှု၊ ရေနှင့်ဆက်နွယ်သည့် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုများနှင့် ဆွေးနွေးပွဲများဆောင်ရွက်မှု၊

 

 

ရေပညာရေးလုပ်ငန်းများနှင့် ရေဆိုင်ရာ လူ့စွမ်းအားမြှင့်တင်မှုလုပ်ငန်းများ၊ လေ့ကျင့်ပညာပေးမှုများကိုလည်း ထည့်သွင်းဆောင်ရွက်သွား မည်ဖြစ်သည်။

 

 


အမျိုးသားအဆင့် ရေအရင်းအမြစ်ကော်မတီရုံးချုပ်နှင့် ရေအရင်းအမြစ်နှင့် ရေဘက်စုံစီမံခန့်ခွဲမှုဗဟိုဌာနတစ်ခု ပေါ်ထွက်လာခြင်းအားဖြင့် ရေအရင်းအမြစ်

 

 

ဘက်စုံစီမံခန့်ခွဲမှုတွင် အထောက်အကူပြုနိုင်မည်ဖြစ်ပြီး ပိုမိုကောင်းမွန်သည့် သဘာဝပတ်ဝန်းကျင်နှင့် လူနေမှုဘဝရရှိရေး အတွက် အထောက်အကူ ပြုနိုင်မည်ဖြစ်သည်။

 

 

 

Myanmar Builders Guide

 

အေမရိကန္ေဒၚလာ(၇.၅)သန္းခန႔္ ကုန္က်မည့္ ေရအရင္းအျမစ္ေကာ္မတီ႐ုံးခ်ဳပ္ တည္ေဆာက္မည္

 


အေမရိကန္ေဒၚလာ(၇.၅)သန္းခန႔္ ကုန္က်မည့္ အမ်ိဳးသားအဆင့္ ေရအရင္းအျမစ္ေကာ္မတီ႐ုံးခ်ဳပ္ႏွင့္ ေရအရင္းအျမစ္ႏွင့္ေရဘက္စုံစီမံခန႔္ခြဲမႈဗဟိုဌာန အေဆာက္အဦး

 

 

ေဆာက္လုပ္ရန္ ရတနာပႏၷက္တင္ မဂၤလာအခမ္းအနားသို႕ အမ်ိဳးသားအဆင့္ ေရအရင္းအျမစ္ေကာ္မတီဥကၠ႒၊ ဒုတိယသမၼတ(၂) ဦးဟင္နရီဗန္ထီးယူ တက္ေရာက္ခဲ့သည္။

 


ကမာၻ႔ဘဏ္၏ အကူအညီျဖင့္ ေဆာင္႐ြက္သည့္ ဧရာဝတီျမစ္ဝွမ္း ဘက္စုံစီမံခန႔္ခြဲမႈစီမံကိန္း (AIRBM Project) အတြက္ အတိုးမဲ့ေခ်းေငြမ်ားထဲမွ က်ခံသုံးစြဲသြားမည္ျဖစ္ေၾကာင္း၊

 

အေဆာက္အဦၿပီးစီးပါက အမ်ိဳးသားအဆင့္ ေရအရင္းအျမစ္ေကာ္မတီႏွင့္ ေကာ္မတီ၏ မ႑ိဳင္ႀကီးသုံးခုျဖစ္သည့္ ေကာ္မတီအတြင္းေရးမႉး႐ုံး၊ အႀကံေပးအဖြဲ႕႐ုံး၊

 

ေရအရင္းအျမစ္ႏွင့္ ေရဘက္စုံစီမံခန႔္ခြဲမႈဗဟိုဌာနတို႔၏ လုပ္ငန္းမ်ားအား တစ္စုတစ္စည္းတည္း စုေပါင္းေဆာင္႐ြက္ႏိုင္မည္ျဖစ္သည္။

 


ထို႔အျပင္ ေရဆိုင္ရာ ဆုံးျဖတ္ခ်က္ အေထာက္အကူျပဳ စနစ္လည္ပတ္မႈ၊ ေရႏွင့္ဆက္ႏြယ္သည့္ ႏိုင္ငံတကာ ပူးေပါင္းေဆာင္႐ြက္မႈမ်ားႏွင့္ ေဆြးေႏြးပြဲမ်ားေဆာင္႐ြက္မႈ၊

 

ေရပညာေရးလုပ္ငန္းမ်ားႏွင့္ ေရဆိုင္ရာ လူ႔စြမ္းအားျမႇင့္တင္မႈလုပ္ငန္းမ်ား၊ ေလ့က်င့္ပညာေပးမႈမ်ားကိုလည္း ထည့္သြင္းေဆာင္႐ြက္သြား မည္ျဖစ္သည္။

 


အမ်ိဳးသားအဆင့္ ေရအရင္းအျမစ္ေကာ္မတီ႐ုံးခ်ဳပ္ႏွင့္ ေရအရင္းအျမစ္ႏွင့္ ေရဘက္စုံစီမံခန႔္ခြဲမႈဗဟိုဌာနတစ္ခု ေပၚထြက္လာျခင္းအားျဖင့္ ေရအရင္းအျမစ္

 

 

ဘက္စုံစီမံခန႔္ခြဲမႈတြင္ အေထာက္အကူျပဳႏိုင္မည္ျဖစ္ၿပီး ပိုမိုေကာင္းမြန္သည့္ သဘာဝပတ္ဝန္းက်င္ႏွင့္ လူေနမႈဘဝရရွိေရး အတြက္ အေထာက္အကူ ျပဳႏိုင္မည္ျဖစ္သည္။

Read 983 times
Rate this item
(0 votes)