ထိုင္းႏွင့္ ျမန္မာတို႔ ပူးေပါင္းထားေသာ Pro 1 Global လက္လီလုပ္ငန္းမွ ဆိုင္ခြဲမ်ားတိုးခ်ဲ႕ရန္ ကန္ေဒၚလာ သန္း (၁၀၀) အထိ ရင္းႏွီးျမႇဳပ္ႏွံသြားမည္

ထိုင္းႏွင့္ ျမန္မာတို႔ ပူးေပါင္းထားေသာ Pro 1 Global လက္လီလုပ္ငန္းမွ ဆိုင္ခြဲမ်ားတိုးခ်ဲ႕ရန္ ကန္ေဒၚလာ သန္း (၁၀၀) အထိ ရင္းႏွီးျမႇဳပ္ႏွံသြားမည္ google

ထိုင္း-ျမန္မာ ဖက္စပ္ဖြဲ႕စည္းထားတဲ့ ေဆာက္လုပ္ေရးနဲ႔ အိမ္သုံးပစၥည္းအေရာင္းစင္တာ Pro 1 Global လက္လီ လုပ္ငန္းဟာ လာမယ့္ (၅) ႏွစ္ထဲမွာ

 

လက္လီဆိုင္ခြဲေပါင္း (၁၀) ဆိုင္အထိ တိုးခ်ဲ႕ ဖြင့္လွစ္သြားမွာျဖစ္ၿပီး ဆိုင္ခြဲ တစ္ဆိုင္ကို အေမရိကန္ေဒၚလာ (၁၀) သန္းခန႔္ ရင္းႏွီးျမႇဳပ္ႏွံသြားမွာျဖစ္တယ္လို႔

 

Pro 1 Global ရဲ႕ အုပ္ခ်ဳပ္မႈ ဒါ႐ိုက္တာ ဦးမ်ိဳးေထြးက ေျပာပါတယ္။

 

“ကြၽန္ေတာ္တို႔က လာမယ့္ ၅ ႏွစ္မွာ တစ္ႏွစ္ကို Pro 1 Global ဆိုင္ခြဲ (၂) ဆိုင္ ဖြင့္လွစ္သြားပါ့မယ္၊ ဆိုင္ခြဲတစ္ခုဆိုရင္ အၾကမ္းဖ်ဥ္း ေျပာလို႔ရတာက ေဒၚလာ (၁၀)

 

သန္းေပါ့” လို႔ ဦးမ်ိဳးေထြးက ဆိုပါတယ္။

 

ဒါ့ေၾကာင့္ Pro 1 Global အေနနဲ႔ (၅) ႏွစ္အတြင္း ကန္ေဒၚလာ သန္း (၁၀၀) အထိ ထပ္မံရင္းႏွီးျမႇဳပ္ႏွံသြားမွာ ျဖစ္ပါတယ္။

 

 

“ကြၽန္ေတာ္တို႔ ဆိုင္ခြဲေတြ ထပ္ခ်ဲ႕တိုင္း ခ်ဲ႕တိုင္းမွာ ရင္းႏွီးျမႇဳပ္ႏွံမႈေတြ တိုးေနမွာေပါ့”

 

ဖက္စပ္တည္ေထာင္

 

 

Pro 1 Global ဖက္စပ္လက္လီလုပ္ငန္းမျဖစ္ေပၚလာခင္ လြန္ခဲ့တဲ့ (၆) ႏွစ္ကတည္းက Pro 1 Myanmar Co., Ltd အမည္နဲ႔ ဦးမ်ိဳးေထြးက Pro 1 Home Center

 

အမည္ရွိ ေဆာက္လုပ္ေရးနဲ႔ အိမ္သုံးပစၥည္း အေရာင္းစင္တာကို တည္ေထာင္ခဲ့တာ ျဖစ္ပါတယ္။

 

 

ျမန္မာႏိုင္ငံအေနနဲ႔ ၂၀၁၈ ခုႏွစ္ ေမလက ျပည္တြင္း လက္လီလက္ကားလုပ္ငန္းေတြမွာ ရာခိုင္ႏႈန္းျပည့္ ႏိုင္ငံျခား ရင္းႏွီးျမႇဳပ္ႏွံမႈနဲ႔ ျပည္တြင္းနဲ႔ ႏိုင္ငံျခားဖက္စပ္ကုမၸဏီေတြကို

 

ရင္းႏွီးျမႇဳပ္ႏွံခြင့္ျပဳခဲ့အၿပီး ဒီလို ပူးေပါင္းမႈ ျဖစ္ေပၚ လာခဲ့တာျဖစ္ပါတယ္။

 

 

“ကြၽန္ေတာ္တို႔ ဟိုးအရင္ကတည္းကလုပ္ထားတာေပါ့၊အစိုးရကပူးေပါင္းဖို႔ခြင့္ျပဳၿပီးေနာက္ပိုင္းမွာေပါင္းတာေပါ့” ဆိုၿပီး ဦးမ်ိဳးေထြးက ရွင္းျပပါတယ္။

 

 

Pro 1 Global ကို ျမန္မာကုမၸဏီ Pro 1 Myanmar က (၇၀) ရာခိုင္ႏႈန္း ထည့္ဝင္ထားၿပီး ထိုင္းက SCG (Siam Cement Group) နဲ႔ Global House တို႔

 

ပူးေပါင္းထားတဲ့ Global International က (၃၀) ရာခိုင္ႏႈန္း အသီးသီး ထည့္ဝင္ကာ ရင္းႏွီးျမႇဳပ္ႏွံေနတာျဖစ္ပါတယ္။

 

 

“သူတို႔နဲ႔ ကြၽန္ေတာ္တို႔က အရင္ကတည္းက ေရရွည္ဆက္ဆံေရးရွိတယ္၊ ေနာက္တစ္ခ်က္က အျပန္အလွန္ေပါ့ ႏွစ္ဖက္စလုံး အက်ိဳးရဖို႔ ရည္႐ြယ္ခ်က္နဲ႔ေပါင္းတာေပါ့” လို႔

 

အုပ္ခ်ဳပ္မႈဒါ႐ိုက္တာ ဦးမ်ိဳးေထြးက ေျပာပါတယ္။

 

 

လက္ရွိအခ်ိန္မွာ Pro 1 Global ဆိုင္ခြဲေပါင္း (၇) ဆိုင္ကို ရန္ကုန္ၿမိဳ႕ အပါအဝင္ မႏၲေလး၊ ေတာင္ႀကီး (ေအးသာ ယာ) နဲ႔ ေမာ္လၿမိဳင္ၿမိဳ႕ႀကီးေတြမွာ ဖြင့္လွစ္ထားၿပီးျဖစ္ပါတယ္။

 

 

ဒါ့အျပင္ ၂၀၂၀ ခုႏွစ္အတြင္း ရန္ကုန္ၿမိဳ႕ လႈိင္သာယာၿမိဳ႕နယ္နဲ႔ ပုသိမ္ၿမိဳ႕၊ ပဲခူးၿမိဳ႕ေတြမွာ တိုးခ်ဲ႕ဖြင့္လွစ္ဖို႔ ရွိေန တယ္လို႔ ဦးမ်ိဳးေထြးက ဆိုပါတယ္။

 


Pro 1 Global လက္လီလုပ္ငန္းအေနနဲ႔ ျပည္တြင္းက ေဆာက္လုပ္ေရးလုပ္ငန္းထြန္းကားၿပီး အလားအလာရွိတဲ့ ေနရာေဒသေတြမွာ ဆိုင္ခြဲေတြ တိုးခ်ဲ႕ဖို႔ ဆိုတဲ့ေနရာမွာ

 

ေျမေနရာရရွိမႈ၊ ေျမေဈးႏႈန္း ႀကီးျမင့္မႈေတြက စိန္ေခၚ စရာနဲ႔ အခက္အခဲေတြ ျဖစ္ေနတယ္လို႔ Pro 1 Global ရဲ႕ အုပ္ခ်ဳပ္မႈဒါ႐ိုက္တာ ဦးမ်ိဳးေထြးက ေျပာျပပါတယ္။

 

 

ဒီေနရာမွာ ႏိုင္ငံျခားရင္းႏွီးျမႇဳပ္ႏွံသူေတြအေနနဲ႔ ႏိုင္ငံေတာ္ထံကေန သက္သာတဲ့ႏႈန္းထားမ်ားနဲ႔ ႏွစ္ရွည္ငွားရမ္းခြင့္ ရရွိတာေၾကာင့္ ႏိုင္ငံသားလုပ္ငန္းရွင္ေတြအေနနဲ႔လည္း

 

တန္းတူအခြင့္အေရးမ်ိဳးလိုခ်င္တယ္လို႔ သူကဆိုပါတယ္။

 

“ကြၽန္ေတာ္တို႔အေနနဲ႔ ဒီလိုမ်ိဳး ႏိုင္ငံျခားရင္းႏွီးျမႇဳပ္ႏွံမႈေတြ ဝင္လာတာ ႀကိဳဆိုပါတယ္။ ဒါေပမယ့္ ကြၽန္ေတာ္တို႔ လို ႏိုင္ငံသားလုပ္ငန္းရွင္ေတြက်ေတာ့ ဒီလိုမ်ိဳးလုပ္ငန္းေတြလုပ္ဖို႔က

 

ေနရာ က်ယ္က်ယ္ဝန္းဝန္း လိုအပ္တယ္။ ကြၽန္ေတာ္တို႔လို ႏိုင္ငံသားလုပ္ငန္းရွင္ေတြအေနနဲ႔ လုပ္ငန္း ေနာက္တစ္ခု ေနာက္တစ္ခု ခ်ဲ႕တဲ့ေနရာမွာ ေျမႀကီး ပိုင္ဆိုင္ဖို႔က

 

 

အေရးႀကီးၿပီး ေျမေဈးႏႈန္းႀကီးေနတာက စိန္ေခၚစရာလည္း ျဖစ္ေနတယ္”

 

ဦးမ်ိဳးေထြးက ဆက္လက္ၿပီး “ကြၽန္ေတာ္တို႔ ႏိုင္ငံသားလုပ္ငန္းရွင္ေတြသာ ဒီလိုအခြင့္အေရးရမယ္ဆိုရင္ ႏိုင္ငံ ျခားကုမၸဏီႀကီးေတြ လာလည္း ယွဥ္ၿပိဳင္ႏိုင္တယ္”

 


ဒီလို အခက္အခဲေတြအျပင္ သူတို႔လို ေဆာက္လုပ္ေရးနဲ႔ အိမ္သုံးပစၥည္းအေရာင္းဆိုင္ေတြအေနနဲ႔ ျပည္ပကေန တင္သြင္းရတဲ့ သြင္းကုန္ေတြအေပၚမွာသာ

 

အဓိကမွီခိုေနရတာျဖစ္တာေၾကာင့္ႏိုင္ငံျခားေငြလဲလွယ္ႏႈန္းတည္ၿငိမ္မႈ မရွိတာကလည္း Supply Chain (ကုန္ပစၥည္း ထုတ္လုပ္၊ ျဖန႔္ခ်ီျခင္း လုပ္ငန္းစဥ္)ကို စီစဥ္ရတဲ့ေနရာမွ

 

ာ အခက္ အခဲရွိေနတယ္လို႔ ဦးမ်ိဳးေထြးက ျဖည့္စြပ္ေျပာဆိုထားပါတယ္။

 

ဒါ့ေၾကာင့္ “ကြၽန္ေတာ္တို႔ လုပ္ငန္းက စားေသာက္ကုန္ေရာင္းဝယ္တဲ့လုပ္ငန္းမ်ိဳး၊ ကုန္စုံဆိုင္လုပ္ငန္းမ်ိဳးနဲ႔မတူဘူး ေပါ့၊ ေဆာက္လုပ္ေရးလုပ္ငန္းသုံးပစၥည္းေတြက

 

ေဈးႏႈန္းအရမ္းကို ၿပိဳင္ဆိုင္မႈမ်ားၿပီး အထိအခိုက္လည္း မခံ ဘူး။ ေနာက္တစ္ခုက ကြၽန္ေတာ္တို႔လို လုပ္ငန္းေတြက ကုန္အေရာင္းအဝယ္တိုင္း (Every Transaction) ကို

 

Commercial Tax (ကုန္သြယ္လုပ္ငန္းခြန္)ေပးရတယ္၊ ၿပီးေတာ့ ကြၽန္ေတာ္တို႔က အရမ္းအႀကီးႀကီးေရာင္းတာ မဟုတ္တဲ့အတြက္ ကုန္သြယ္လုပ္ငန္းခြန္ (၅)

 

ာခိုင္ႏႈန္းကိစၥက ကြၽန္ေတာ္တို႔အတြက္ အရမ္းကို စိန္ေခၚစရာျဖစ္ တယ္” လို႔ သူက အဆုံးသတ္ေျပာျပခဲ့ပါတယ္။

 

Source- BE TV

 

Myanmar Builders Guide

 

ထိုင်း-မြန်မာ ဖက်စပ်ဖွဲ့စည်းထားတဲ့ ဆောက်လုပ်ရေးနဲ့ အိမ်သုံးပစ္စည်းအရောင်းစင်တာ Pro 1 Global လက်လီ လုပ်ငန်းဟာ လာမယ့် (၅) နှစ်ထဲမှာ

 

လက်လီဆိုင်ခွဲပေါင်း (၁၀) ဆိုင်အထိ တိုးချဲ့ ဖွင့်လှစ်သွားမှာဖြစ်ပြီး ဆိုင်ခွဲ တစ်ဆိုင်ကို အမေရိကန်ဒေါ်လာ (၁၀) သန်းခန့် ရင်းနှီးမြှုပ်နှံသွားမှာဖြစ်တယ်လို့

 

Pro 1 Global ရဲ့ အုပ်ချုပ်မှု ဒါရိုက်တာ ဦးမျိုးထွေးက ပြောပါတယ်။

 

“ကျွန်တော်တို့က လာမယ့် ၅ နှစ်မှာ တစ်နှစ်ကို Pro 1 Global ဆိုင်ခွဲ (၂) ဆိုင် ဖွင့်လှစ်သွားပါ့မယ်၊ ဆိုင်ခွဲတစ်ခုဆိုရင် အကြမ်းဖျဉ်း ပြောလို့ရတာက ဒေါ်လာ (၁၀)

 

သန်းပေါ့” လို့ ဦးမျိုးထွေးက ဆိုပါတယ်။

 

 

ဒါ့ကြောင့် Pro 1 Global အနေနဲ့ (၅) နှစ်အတွင်း ကန်ဒေါ်လာ သန်း (၁၀၀) အထိ ထပ်မံရင်းနှီးမြှုပ်နှံသွားမှာ ဖြစ်ပါတယ်။

 

 

“ကျွန်တော်တို့ ဆိုင်ခွဲတွေ ထပ်ချဲ့တိုင်း ချဲ့တိုင်းမှာ ရင်းနှီးမြှုပ်နှံမှုတွေ တိုးနေမှာပေါ့”

 

 

ဖက်စပ်တည်ထောင်

 

 

Pro 1 Global ဖက်စပ်လက်လီလုပ်ငန်းမဖြစ်ပေါ်လာခင် လွန်ခဲ့တဲ့ (၆) နှစ်ကတည်းက Pro 1 Myanmar Co., Ltd အမည်နဲ့ ဦးမျိုးထွေးက

 

Pro 1 Home Center အမည်ရှိ ဆောက်လုပ်ရေးနဲ့ အိမ်သုံးပစ္စည်း အရောင်းစင်တာကို တည်ထောင်ခဲ့တာ ဖြစ်ပါတယ်။

 

 

မြန်မာနိုင်ငံအနေနဲ့ ၂၀၁၈ ခုနှစ် မေလက ပြည်တွင်း လက်လီလက်ကားလုပ်ငန်းတွေမှာ ရာခိုင်နှုန်းပြည့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုနဲ့ ပြည်တွင်းနဲ့

 

နိုင်ငံခြားဖက်စပ်ကုမ္ပဏီတွေကို ရင်းနှီးမြှုပ်နှံခွင့်ပြုခဲ့အပြီး ဒီလို ပူးပေါင်းမှု ဖြစ်ပေါ် လာခဲ့တာဖြစ်ပါတယ်။

 

“ကျွန်တော်တို့ ဟိုးအရင်ကတည်းကလုပ်ထားတာပေါ့၊အစိုးရကပူးပေါင်းဖို့ခွင့်ပြုပြီးနောက်ပိုင်းမှာပေါင်းတာပေါ့” ဆိုပြီး ဦးမျိုးထွေးက ရှင်းပြပါတယ်။

 

 

Pro 1 Global ကို မြန်မာကုမ္ပဏီ Pro 1 Myanmar က (၇၀) ရာခိုင်နှုန်း ထည့်ဝင်ထားပြီး ထိုင်းက SCG (Siam Cement Group) နဲ့ Global House တို့

 

ပူးပေါင်းထားတဲ့ Global International က (၃၀) ရာခိုင်နှုန်း အသီးသီး ထည့်ဝင်ကာ ရင်းနှီးမြှုပ်နှံနေတာဖြစ်ပါတယ်။

 

 

“သူတို့နဲ့ ကျွန်တော်တို့က အရင်ကတည်းက ရေရှည်ဆက်ဆံရေးရှိတယ်၊ နောက်တစ်ချက်က အပြန်အလှန်ပေါ့ နှစ်ဖက်စလုံး အကျိုးရဖို့ ရည်ရွယ်ချက်နဲ့ပေါင်းတာပေါ့” လို့

 

အုပ်ချုပ်မှုဒါရိုက်တာ ဦးမျိုးထွေးက ပြောပါတယ်။

 

 

လက်ရှိအချိန်မှာ Pro 1 Global ဆိုင်ခွဲပေါင်း (၇) ဆိုင်ကို ရန်ကုန်မြို့ အပါအဝင် မန္တလေး၊ တောင်ကြီး (အေးသာ ယာ) နဲ့ မော်လမြိုင်မြို့ကြီးတွေမှ

 

ဖွင့်လှစ်ထားပြီးဖြစ်ပါတယ်။

 

 

ဒါ့အပြင် ၂၀၂၀ ခုနှစ်အတွင်း ရန်ကုန်မြို့ လှိုင်သာယာမြို့နယ်နဲ့ ပုသိမ်မြို့၊ ပဲခူးမြို့တွေမှာ တိုးချဲ့ဖွင့်လှစ်ဖို့ ရှိနေ တယ်လို့ ဦးမျိုးထွေးက ဆိုပါတယ်။

 


Pro 1 Global လက်လီလုပ်ငန်းအနေနဲ့ ပြည်တွင်းက ဆောက်လုပ်ရေးလုပ်ငန်းထွန်းကားပြီး အလားအလာရှိတဲ့ နေရာဒေသတွေမှာ ဆိုင်ခွဲတွေ

 

တိုးချဲ့ဖို့ ဆိုတဲ့နေရာမှာ မြေနေရာရရှိမှု၊ မြေဈေးနှုန်း ကြီးမြင့်မှုတွေက စိန်ခေါ် စရာနဲ့ အခက်အခဲတွေ ဖြစ်နေတယ်လို့ Pro 1 Global ရဲ့ အုပ်ချုပ်မှုဒါရိုက်တာ

 

ဦးမျိုးထွေးက ပြောပြပါတယ်။

 

 

ဒီနေရာမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတွေအနေနဲ့ နိုင်ငံတော်ထံကနေ သက်သာတဲ့နှုန်းထားများနဲ့ နှစ်ရှည်ငှားရမ်းခွင့် ရရှိတာကြောင့် နိုင်ငံသားလုပ်ငန်းရှင်တွေအနေနဲ့လည်း

 

တန်းတူအခွင့်အရေးမျိုးလိုချင်တယ်လို့ သူကဆိုပါတယ်။

 

 

“ကျွန်တော်တို့အနေနဲ့ ဒီလိုမျိုး နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ ဝင်လာတာ ကြိုဆိုပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ လို နိုင်ငံသားလုပ်ငန်းရှင်တွေကျတော့

 

ဒီလိုမျိုးလုပ်ငန်းတွေလုပ်ဖို့က နေရာ ကျယ်ကျယ်ဝန်းဝန်း လိုအပ်တယ်။ ကျွန်တော်တို့လို နိုင်ငံသားလုပ်ငန်းရှင်တွေအနေနဲ့ လုပ်ငန်း နောက်တစ်ခု

 

နောက်တစ်ခု ချဲ့တဲ့နေရာမှာ မြေကြီး ပိုင်ဆိုင်ဖို့က အရေးကြီးပြီး မြေဈေးနှုန်းကြီးနေတာက စိန်ခေါ်စရာလည်း ဖြစ်နေတယ်”

 

 

ဦးမျိုးထွေးက ဆက်လက်ပြီး “ကျွန်တော်တို့ နိုင်ငံသားလုပ်ငန်းရှင်တွေသာ ဒီလိုအခွင့်အရေးရမယ်ဆိုရင် နိုင်ငံ ခြားကုမ္ပဏီကြီးတွေ လာလည်း ယှဉ်ပြိုင်နိုင်တယ်”

 


ဒီလို အခက်အခဲတွေအပြင် သူတို့လို ဆောက်လုပ်ရေးနဲ့ အိမ်သုံးပစ္စည်းအရောင်းဆိုင်တွေအနေနဲ့ ပြည်ပကနေ တင်သွင်းရတဲ့ သွင်းကုန်တွေအပေါ်မှာသာ

 

အဓိကမှီခိုနေရတာဖြစ်တာကြောင့်နိုင်ငံခြားငွေလဲလှယ်နှုန်းတည်ငြိမ်မှု မရှိတာကလည်း Supply Chain (ကုန်ပစ္စည်း ထုတ်လုပ်၊ ဖြန့်ချီခြင်း လုပ်ငန်းစဉ်)ကို

 

စီစဉ်ရတဲ့နေရာမှာ အခက် အခဲရှိနေတယ်လို့ ဦးမျိုးထွေးက ဖြည့်စွပ်ပြောဆိုထားပါတယ်။

 

 

ဒါ့ကြောင့် “ကျွန်တော်တို့ လုပ်ငန်းက စားသောက်ကုန်ရောင်းဝယ်တဲ့လုပ်ငန်းမျိုး၊ ကုန်စုံဆိုင်လုပ်ငန်းမျိုးနဲ့မတူဘူး ပေါ့၊ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းတွေက

 

ဈေးနှုန်းအရမ်းကို ပြိုင်ဆိုင်မှုများပြီး အထိအခိုက်လည်း မခံ ဘူး။ နောက်တစ်ခုက ကျွန်တော်တို့လို လုပ်ငန်းတွေက ကုန်အရောင်းအဝယ်တိုင်း (Every Transaction) ကို

 

Commercial Tax (ကုန်သွယ်လုပ်ငန်းခွန်)ပေးရတယ်၊ ပြီးတော့ ကျွန်တော်တို့က အရမ်းအကြီးကြီးရောင်းတာ မဟုတ်တဲ့အတွက် ကုန်သွယ်လုပ်ငန်းခွန် (၅)

 

ရာခိုင်နှုန်းကိစ္စက ကျွန်တော်တို့အတွက် အရမ်းကို စိန်ခေါ်စရာဖြစ် တယ်” လို့ သူက အဆုံးသတ်ပြောပြခဲ့ပါတယ်။

Read 5654 times
Rate this item
(0 votes)