ထိုင်းအခြေစိုက် မက်ခရို စူပါမားကက် မြန်မာနိုင်ငံတွင် လာရောက် ရင်းနှီးမြှုပ်နှံမည်

ထိုင်းအခြေစိုက် မက်ခရို စူပါမားကက် မြန်မာနိုင်ငံတွင် လာရောက် ရင်းနှီးမြှုပ်နှံမည် google

ထိုင်းနိုင်ငံတဝှမ်း မီးဖိုချောင်သုံးပစ္စည်းနှင့် စားသောက်ကုန်မှအစ လူသုံးကုန်ပစ္စည်းမျိုးစုံကို ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချ ဖြန့်ချိပေးနေသည့် မက်ခရိုကုမ္ပဏီသည် မြန်မာနိုင်ငံတွင်သူ၏ ပထမဆုံး စူပါမားကက် ဆိုင်ခွဲကို ရန်ကုန်မြို့ မင်္ဂလာတောင်ညွှန့်မြို့နယ် အထက်ပုဇွန်တောင်လမ်း၊ စက်ဆန်းမှတ်တိုင်အနီးတွင် ဖွင့်လှစ်ရန် ပြင်ဆင်နေပြီး လာမည့် နှစ် ပထမ၃လ ပတ် ကာလအတွင်း ဖွင့်လှစ်နိုင်မည်ဟု သိရသည်။

 

မက်ခရိုကုမ္ပဏီသည် မြန်မာနိုင်ငံတွင် ARO Commercial ကုမ္ပဏီအနေဖြင့် အရောင်းစင်တာ ဆိုင်ခွဲများ တည်ဆောက် ခြင်း၊ ရပ်ရွာဒေသတွင်းမှ လက်လီစီးပွားရေး လုပ်ငန်းများကို ထောက်ပံ့ကူညီပေးခြင်း၊ ပြည်တွင်း စားသုံးသူများ၏ လိုအပ် ချက်နှင့် ကိုက်ညီစေရန်အတွက် တစုတည်း ထုတ်လုပ်ထောက်ပံ့ခြင်းနှင့် စိုက်ပျိုးရေးထွက်ကုန်များ ဖွံ့ဖြိုး တိုးတက်စေရန်အတွက် စိုက်ပျိုးရေး တောင်သူများနှင့်လည်း လက်တွဲ အလုပ်လုပ်ကိုင်သွားမည် ဖြစ်ကြောင်း ယင်း ကုမ္ပဏီ၏ ထုတ်ပြန် ချက်အရ သိရသည်။

 

 

မြန်မာနိုင်ငံသည် ပြီးခဲ့သည့် ၂၀၁၈ ခုနှစ် မေလတွင် လက်လီလက်ကားလုပ်ငန်းများကို ရာခိုင်နှုန်းပြည့် နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံ အပါအဝင် ပြည်တွင်းကုမ္ပဏီနှင့် နိုင်ငံခြားကုမ္ပဏီ ပေါင်းစပ်ထားသည့် ဖက်စပ်ကုမ္ပဏီများ စတင်ခွင့်ပြုပေး ခဲ့နောက်ပိုင်းတွင် ယင်းသို့ ကုမ္ပဏီများ ဝင်ရောက်လာခြင်းဖြစ်သည်။

 

 

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ အမည်မဖော်လိုသူ အကြီးတန်း အရာရှိ တဦးက “ ဒီလိုနိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွင် ဝင်လာတာ စားသုံးသူတွေအတွက် ရွေးချယ်စရာတွေ များလာမယ်။

 

 


အရည်အေသွးရှိတဲ့ ပစ္စည်းတွေ ရလာမယ်။ ဒီလိုလုပ်ငန်းတွေနဲ့ ဆက်စပ်နေတဲ့ အသေးစား အလတ်စား ကုမ္ပဏီတွေလည်း လိုက်ပြီး ဖွံ့ဖြိုးတိုးတက်လာ မယ်” ဟု ပြောသည်။

 

 

အမေရိကန်အခြေစိုက် 7 Eleven ကုမ္ပဏီအပါအဝင် Convenience စတိုးလုပ်ငန်း လုပ်ကိုင်ရန် ကုမ္ပဏီများ လာရောက် စုံစမ်းမှုများရှိသော်လည်း ပြည်တွင်းလုပ်ငန်းများ ကာကွယ်ပေးရန်အတွက် ယင်းသို့ လုပ်ငန်းများကို နိုင်ငံခြားကုမ္ပဏီများ ကို ဖွင့်လှစ်ခွင့်မပြုသေးကြောင်း ၎င်းက ဆိုသည်။

 

 

လက်ရှိအချိန်တွင် စူပါမားကတ်လုပ်ငန်း လုပ်ကိုင်ရန် ရာခိုင်နှုန်းပြည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအဖြစ် မက်ခရိုကုမ္ပဏီနှင့် ဖက်စပ်ကုမ္ပဏီ အဖြစ် Pro 1 Global အမည်ဖြင့် ထိုင်း-မြန်မာပြည်တွင်းကုမ္ပဏီတခုကို ခွင့်ပြုထားကြောင်း၊ အလားတူ ဂျပန်ကုမ္ပဏီနှင့် ပြည်တွင်းကုမ္ပဏီတို့၏ ဖက်စပ်လုပ်ကိုင်နေသည့် Aeon Orange တို့ကို ခွင့်ပြုပေးထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနထံမှ သိရသည်။

 

 

“စားသုံးသူတွေဘက်က ကြည့်ရင်တော့ ပိုပြီး ရွေးချယ်စရာတွေ ကောင်းလာမယ်။ ဝန်ဆောင်မှုတွေ အပြိုင်အဆိုင် ဖြစ်လာ မယ့်အတွက် ဝန်ဆောင်မှု ကောင်းကောင်းတွေ ရလာမယ်ပေါ့။

 

 

လုပ်ငန်းရှင်တွေဘက်မှာတော့ ယှဉ်ပြိုင်ရမယ့် အနေအထား ရောက်လာမယ်။ အရင်ကလို ဈေးကွက်ကို တဦးတယောက်တစုထဲကပဲ ဦးဆောင်ပြီး လုပ်လို့မရတော့ဘူး” ဟု အမည်မဖော်လိုသူ လက်လီလုပ်ငန်းရှင် တဦးက ပြောသည်။

 

 

အလားတူ ကုန်သည်/စက်မှု အသင်းချုပ် ဒုဥက္ကဋ္ဌ ဒေါက်တာမောင်မောင်လေးကနိုင်ငံခြား ရင်းနှီးမြှုပ်နှံသူများနှင့် ပြည်တွင်း လုပ်ငန်းရှင်များကို တန်းတူအခွင့်အရေး ပေးထားသည်ဆိုသော်လည်း အစိုးရပိုင် မြေနေရာများကို နိုင်ငံခြားရင်းနှီး မြှုုပ်နှံ သူများသာ ဦးစားပေး ငှားရမ်းမှုများသည် မဖြစ်သင့်ကြောင်း ထောက်ပြသည်။

 

 

ထိုအပြင် “မက်ခရိုကတော့ လက်ကားစနစ်နဲ့ Supply Chain တခုလုံးကို လုပ်မယ့် ပုံစံလို့ ကြားတယ်။ ပြည်တွင်း လုပ်ငန်း ရှင်တွေ ကတော့ သူတို့နဲ့ ငွေကြေးအင်အား ရော အတွေ့အကြုံရောဘယ်လိုမှတော့ ယှဉ်ဖို့ သိပ်မလွယ်ဘူး”ဟု ပြော သည်။

 

 

နိုင်ငံခြားသားကုမ္ပဏီများ၊ ဖက်စပ်ကုမ္ပဏီများ အနေဖြင့် ပြည်တွင်း၌ လက်လီ၊ လက်ကား အရောင်းဆိုင်များ ဖွင့်လှစ်ပါက အဝတ်အထည်၊ နာရီ၊ အလှကုန်ပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများ၊ အိမ်သုံးပစ္စည်းများ ပါဝင်သည့် ဦးစားပေး ကုန်ပစ္စည်း ၂၄ မျိုးကိုသာ ရောင်းချရန် ဝန်ကြီးဌာနက သတ်မှတ်ထားသည်။

 

 

လက်လီလက်ကားလုပ်ငန်း လုပ်ကိုင်ခွင့် ခွင့်ပြုချက်၌ နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံမှု ၈၀ ရာခိုင်နှုန်းမှ ရာနှုန်းပြည့်ပိုင်သော လုပ်ငန်းများသည် လက်လီလုပ်ငန်း လုပ်ကိုင်ပါက မြေငှားရမ်းခမပါဝင်ဘဲ အမေရိကန်ဒေါ်လာ ၃ သန်းနှင့်အထက် ရင်းနှီးမြှုပ်နှံရမည် ဖြစ်ကြောင်း၊

 


လက်ကားလုပ်ငန်း လုပ်ကိုင်ပါက အမေရိကန်ဒေါ်လာ ၅ သန်းနှင့်အထက် ရင်းနှီးမြှုပ်နှံရမည့်အပြင် စတုရန်းမီတာ ၉၀၀ အထက်ရှိသည့် စူပါမားကက် အကြီးစားများကိုသာ ဖွင့်ခွင့်ပြုမည်ဖြစ်ပြီး Convenience စတိုးဆိုင်လေးများကို ဖွင့်လှစ် ခွင့်ပြုမည် မဟုတ်ကြောင်း အဆိုပါ ဝန်ကြီးဌာနထံမှသိရသည်။

 

 

Source-ဧရာဝတီ

 

Myanmar Builders Guide

ထိုင္းအေျခစိုက္ မက္ခ႐ို စူပါမားကက္ ျမန္မာႏိုင္ငံတြင္ လာေရာက္ ရင္းႏွီးျမႇဳပ္ႏွံမည္

 

 

ထိုင္းႏိုင္ငံတဝွမ္း မီးဖိုေခ်ာင္သုံးပစၥည္းႏွင့္ စားေသာက္ကုန္မွအစ လူသုံးကုန္ပစၥည္းမ်ိဳးစုံကို ေဈးႏႈန္းသက္သာစြာျဖင့္ ေရာင္းခ် ျဖန႔္ခ်ိေပးေနသည့္ မက္ခ႐ိုကုမၸဏီသည္ ျမန္မာႏိုင္ငံတြင္သူ၏ ပထမဆုံး စူပါမားကက္ ဆိုင္ခြဲကို ရန္ကုန္ၿမိဳ႕ မဂၤလာေတာင္ၫႊန႔္ၿမိဳ႕နယ္ အထက္ပုဇြန္ေတာင္လမ္း၊ စက္ဆန္းမွတ္တိုင္အနီးတြင္ ဖြင့္လွစ္ရန္ ျပင္ဆင္ေနၿပီး လာမည့္ ႏွစ္ ပထမ၃လ ပတ္ ကာလအတြင္း ဖြင့္လွစ္ႏိုင္မည္ဟု သိရသည္။

 

 

မက္ခ႐ိုကုမၸဏီသည္ ျမန္မာႏိုင္ငံတြင္ ARO Commercial ကုမၸဏီအေနျဖင့္ အေရာင္းစင္တာ ဆိုင္ခြဲမ်ား တည္ေဆာက္ ျခင္း၊ ရပ္႐ြာေဒသတြင္းမွ လက္လီစီးပြားေရး လုပ္ငန္းမ်ားကို ေထာက္ပံ့ကူညီေပးျခင္း၊ ျပည္တြင္း စားသုံးသူမ်ား၏ လိုအပ္ ခ်က္ႏွင့္ ကိုက္ညီေစရန္အတြက္ တစုတည္း ထုတ္လုပ္ေထာက္ပံ့ျခင္းႏွင့္ စိုက္ပ်ိဳးေရးထြက္ကုန္မ်ား ဖြံ႕ၿဖိဳး တိုးတက္ေစရန္အတြက္ စိုက္ပ်ိဳးေရး ေတာင္သူမ်ားႏွင့္လည္း လက္တြဲ အလုပ္လုပ္ကိုင္သြားမည္ ျဖစ္ေၾကာင္း ယင္း ကုမၸဏီ၏ ထုတ္ျပန္ ခ်က္အရ သိရသည္။

 

 

ျမန္မာႏိုင္ငံသည္ ၿပီးခဲ့သည့္ ၂၀၁၈ ခုႏွစ္ ေမလတြင္ လက္လီလက္ကားလုပ္ငန္းမ်ားကို ရာခိုင္ႏႈန္းျပည့္ ႏိုင္ငံျခားသား ရင္းႏွီးျမႇဳပ္ႏွံ အပါအဝင္ ျပည္တြင္းကုမၸဏီႏွင့္ ႏိုင္ငံျခားကုမၸဏီ ေပါင္းစပ္ထားသည့္ ဖက္စပ္ကုမၸဏီမ်ား စတင္ခြင့္ျပဳေပး ခဲ့ေနာက္ပိုင္းတြင္ ယင္းသို႔ ကုမၸဏီမ်ား ဝင္ေရာက္လာျခင္းျဖစ္သည္။

 

 

စီးပြားေရးႏွင့္ ကူးသန္းေရာင္းဝယ္ေရး ဝန္ႀကီးဌာနမွ အမည္မေဖာ္လိုသူ အႀကီးတန္း အရာရွိ တဦးက “ ဒီလိုႏိုင္ငံျခား ရင္းႏွီးျမႇဳပ္ႏွံမႈတြင္ ဝင္လာတာ စားသုံးသူေတြအတြက္ ေ႐ြးခ်ယ္စရာေတြ မ်ားလာမယ္။

 


အရည္ေအသြးရွိတဲ့ ပစၥည္းေတြ ရလာမယ္။ ဒီလိုလုပ္ငန္းေတြနဲ႔ ဆက္စပ္ေနတဲ့ အေသးစား အလတ္စား ကုမၸဏီေတြလည္း လိုက္ၿပီး ဖြံ႕ၿဖိဳးတိုးတက္လာ မယ္” ဟု ေျပာသည္။

 

 

အေမရိကန္အေျခစိုက္ 7 Eleven ကုမၸဏီအပါအဝင္ Convenience စတိုးလုပ္ငန္း လုပ္ကိုင္ရန္ ကုမၸဏီမ်ား လာေရာက္ စုံစမ္းမႈမ်ားရွိေသာ္လည္း ျပည္တြင္းလုပ္ငန္းမ်ား ကာကြယ္ေပးရန္အတြက္ ယင္းသို႔ လုပ္ငန္းမ်ားကို ႏိုင္ငံျခားကုမၸဏီမ်ား ကို ဖြင့္လွစ္ခြင့္မျပဳေသးေၾကာင္း ၎က ဆိုသည္။

 

 

လက္ရွိအခ်ိန္တြင္ စူပါမားကတ္လုပ္ငန္း လုပ္ကိုင္ရန္ ရာခိုင္ႏႈန္းျပည့္ ႏိုင္ငံျခားရင္းႏွီးျမႇဳပ္ႏွံမႈအျဖစ္ မက္ခ႐ိုကုမၸဏီႏွင့္ ဖက္စပ္ကုမၸဏီ အျဖစ္ Pro 1 Global အမည္ျဖင့္ ထိုင္း-ျမန္မာျပည္တြင္းကုမၸဏီတခုကို ခြင့္ျပဳထားေၾကာင္း၊ အလားတူ ဂ်ပန္ကုမၸဏီႏွင့္ ျပည္တြင္းကုမၸဏီတို႔၏ ဖက္စပ္လုပ္ကိုင္ေနသည့္ Aeon Orange တို႔ကို ခြင့္ျပဳေပးထားေၾကာင္း စီးပြားေရးႏွင့္ ကူးသန္းေရာင္းဝယ္ေရးဝန္ႀကီးဌာနထံမွ သိရသည္။

 

 

“စားသုံးသူေတြဘက္က ၾကည့္ရင္ေတာ့ ပိုၿပီး ေ႐ြးခ်ယ္စရာေတြ ေကာင္းလာမယ္။ ဝန္ေဆာင္မႈေတြ အၿပိဳင္အဆိုင္ ျဖစ္လာ မယ့္အတြက္ ဝန္ေဆာင္မႈ ေကာင္းေကာင္းေတြ ရလာမယ္ေပါ့။

 

 

လုပ္ငန္းရွင္ေတြဘက္မွာေတာ့ ယွဥ္ၿပိဳင္ရမယ့္ အေနအထား ေရာက္လာမယ္။ အရင္ကလို ေဈးကြက္ကို တဦးတေယာက္တစုထဲကပဲ ဦးေဆာင္ၿပီး လုပ္လို႔မရေတာ့ဘူး” ဟု အမည္မေဖာ္လိုသူ လက္လီလုပ္ငန္းရွင္ တဦးက ေျပာသည္။

 

 

အလားတူ ကုန္သည္/စက္မႈ အသင္းခ်ဳပ္ ဒုဥကၠ႒ ေဒါက္တာေမာင္ေမာင္ေလးကႏိုင္ငံျခား ရင္းႏွီးျမႇဳပ္ႏွံသူမ်ားႏွင့္ ျပည္တြင္း လုပ္ငန္းရွင္မ်ားကို တန္းတူအခြင့္အေရး ေပးထားသည္ဆိုေသာ္လည္း အစိုးရပိုင္ ေျမေနရာမ်ားကို ႏိုင္ငံျခားရင္းႏွီး ျမႇဳုပ္ႏွံ သူမ်ားသာ ဦးစားေပး ငွားရမ္းမႈမ်ားသည္ မျဖစ္သင့္ေၾကာင္း ေထာက္ျပသည္။

 

 

ထိုအျပင္ “မက္ခ႐ိုကေတာ့ လက္ကားစနစ္နဲ႔ Supply Chain တခုလုံးကို လုပ္မယ့္ ပုံစံလို႔ ၾကားတယ္။ ျပည္တြင္း လုပ္ငန္း ရွင္ေတြ ကေတာ့ သူတို႔နဲ႔ ေငြေၾကးအင္အား ေရာ အေတြ႕အႀကဳံေရာဘယ္လိုမွေတာ့ ယွဥ္ဖို႔ သိပ္မလြယ္ဘူး”ဟု ေျပာ သည္။

 

 

ႏိုင္ငံျခားသားကုမၸဏီမ်ား၊ ဖက္စပ္ကုမၸဏီမ်ား အေနျဖင့္ ျပည္တြင္း၌ လက္လီ၊ လက္ကား အေရာင္းဆိုင္မ်ား ဖြင့္လွစ္ပါက အဝတ္အထည္၊ နာရီ၊ အလွကုန္ပစၥည္းမ်ား၊ လူသုံးကုန္ပစၥည္းမ်ား၊ အိမ္သုံးပစၥည္းမ်ား ပါဝင္သည့္ ဦးစားေပး ကုန္ပစၥည္း ၂၄ မ်ိဳးကိုသာ ေရာင္းခ်ရန္ ဝန္ႀကီးဌာနက သတ္မွတ္ထားသည္။

 

 

လက္လီလက္ကားလုပ္ငန္း လုပ္ကိုင္ခြင့္ ခြင့္ျပဳခ်က္၌ ႏိုင္ငံျခားသား ရင္းႏွီးျမႇဳပ္ႏွံမႈ ၈၀ ရာခိုင္ႏႈန္းမွ ရာႏႈန္းျပည့္ပိုင္ေသာ လုပ္ငန္းမ်ားသည္ လက္လီလုပ္ငန္း လုပ္ကိုင္ပါက ေျမငွားရမ္းခမပါဝင္ဘဲ အေမရိကန္ေဒၚလာ ၃ သန္းႏွင့္အထက္ ရင္းႏွီးျမႇဳပ္ႏွံရမည္ ျဖစ္ေၾကာင္း၊

 


လက္ကားလုပ္ငန္း လုပ္ကိုင္ပါက အေမရိကန္ေဒၚလာ ၅ သန္းႏွင့္အထက္ ရင္းႏွီးျမႇဳပ္ႏွံရမည့္အျပင္ စတုရန္းမီတာ ၉၀၀ အထက္ရွိသည့္ စူပါမားကက္ အႀကီးစားမ်ားကိုသာ ဖြင့္ခြင့္ျပဳမည္ျဖစ္ၿပီး Convenience စတိုးဆိုင္ေလးမ်ားကို ဖြင့္လွစ္ ခြင့္ျပဳမည္ မဟုတ္ေၾကာင္း အဆိုပါ ဝန္ႀကီးဌာနထံမွသိရသည္။

 

 

Source-ဧရာဝတီ

Read 7298 times Last modified on Monday, 10 February 2020 17:50
Rate this item
(0 votes)