ရှစ်လအတွင်း ပိတ်သိမ်းစက်ရုံထက် ငါးဆ ခန့် ပိုများလာတဲ့ လှိုင်သာယာ စက်ရုံသစ်များ

ရှစ်လအတွင်း ပိတ်သိမ်းစက်ရုံထက် ငါးဆ ခန့် ပိုများလာတဲ့ လှိုင်သာယာ စက်ရုံသစ်များ GOOGLE

လှိုင်သာယာမြို့နယ် တွင် ရှစ်လအတွင်းအသစ်ဖွင့်လှစ် သည့် စက်ရုံ ၈၀ ခန့်ရှိပြီးပိတ် သိမ်းသည့် စက်ရုံအရေအတွက် ထက် ငါးဆခန့်ပိုများကြောင်း လှိုင်သာယာမြို့နယ် အလုပ်ရုံနှင့် အလုပ် သမား ဥပဒေစစ်ဆေးရေး ဦးစီးဌာန ရုံးစာရင်းများအရသိရသည်။

 

လှိုင်သာယာမြို့နယ်တွင် လှိုင်သာယာစက်မှုဇုန်နှင့် ရွှေလင် ဗန်းစက်မှုဇုန်တို့တည်ရှိပြီး မြန်မာတစ်နိုင်ငံလုံး၌ စက်ရုံ၊ အလုပ်ရုံအများဆုံးရှိသည့် မြို့နယ်ဖြစ်သည်။

 

 

ယင်းမြို့နယ်အလုပ်ရုံနှင့် အလုပ်သမားဥပဒေစစ်ဆေးရေး ဦးစီးဌာနရုံး၏ ယခုနှစ်ဧပြီမှနိုဝင် ဘာအထိပြုစုထားသည့် စာရင်း အရ အသစ်ဖွင့်လှစ်လုပ်ကိုင် သည့် စက်ရုံ ၇၉ ခုရှိသည်။

 

 

ယင်း စက်ရုံများတွင်အထည်ချုပ်စက် ရုံလုပ်ငန်းအများစုပါဝင်ကြောင်း မှတ်တမ်းများကဆိုသည်။ အဆို ပါရှစ်လအတွင်း ပိတ်သိမ်းသည့် စက်ရုံ ၁၆ ခုရှိသည်။

 


‘‘ပိတ်တဲ့သူတွေက အ ကြောင်းအမျိုးမျိုးကြောင့်ဆက်မ လုပ်နိုင်လို့ ပိတ်သွားတာရှိသလို လုပ်ငန်းဆောင်ရွက်ရတာအဆင် ပြေတယ်ဆိုပြီး အသစ်ဝင်ရောက် လုပ်ကိုင်မှုတွေကလည်းရှိတယ်။

 

 

တရုတ် ရင်းနှီးမြှုပ်နှံမှုတွေကပို များတယ်’’ ဟု လှိုင်သာယာမြို့ နယ် အလုပ်ရုံနှင့် အလုပ်သမား ဥပဒေစစ်ဆေးရေး ဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူးဦးစိုးညီညီကပြောသည်။

 

 

ပိတ်သိမ်းသည့် စက်ရုံများ သည် ဆက်လက်လည်ပတ်ရန် ဘဏ္ဍာငွေအခက်အခဲရှိသည်ကို အများဆုံးတွေ့ရှိရကြောင်း ၎င်း ကဆိုသည်။

 

 

ယင်းမြို့နယ်တွင် နောက် ဆုံးပိတ်သိမ်းသည့် စက်ရုံသည် အမေရိကန်နိုင်ငံသားပိုင် Natural Garment အထည်ချုပ်စက် ရုံဖြစ်သည်။ အဆိုပါစက်ရုံသည် လုပ်သား ၁,၅၀၀ ကျော်ဖြင့်လည် ပတ်ပြီး စက်ရုံပိတ်သိမ်းခြင်း ကြောင့် နစ်နာကြေးများထုတ်ပေး နေသည်။

 

 

သို့သော်စက်ရုံလုပ်သားအ ချို့က ဖြတ်တောက်ခံရသည့် ငွေများကိုဖြည့်၍ ပေးချေသည့် နစ်နာကြေးကို ရယူလိုသည်ဆို ကာ လက်ရှိပေးလျော်နေသည့် လျော်ကြေးကို လက်ခံခြင်းမရှိဘဲ ငြင်းဆန်ထားသည်။

 

 

လှိုင်သာယာမြို့နယ်တွင် စက်ရုံ၊ အလုပ်ရုံပေါင်း ၂,၀၀၀ ခန့်ဖွင့်လှစ် လုပ်ကိုင်နေကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့ စာရင်းများကဆိုသည်။

 

 

Source:7 Day Daily

 

 

Myanmar Builders Guide

 

 

---Zawgyi---

 

 

ရွစ္လအတြင္း ပိတ္သိမ္းစက္ရံုထက္ ငါးဆ ခန္႔ ပိုမ်ားလာတဲ့ လိႈင္သာယာ စက္ရုံသစ္မ်ား

 

 

လႈိင္သာယာၿမိဳ႕နယ္ တြင္ ရွစ္လအတြင္းအသစ္ဖြင့္လွစ္ သည့္ စက္႐ုံ ၈၀ ခန႔္ရွိၿပီးပိတ္ သိမ္းသည့္ စက္႐ုံအေရအတြက္ ထက္ ငါးဆခန႔္ပိုမ်ားေၾကာင္း လႈိင္သာယာၿမိဳ႕နယ္ အလုပ္႐ုံႏွင့္ အလုပ္ သမား ဥပေဒစစ္ေဆးေရး ဦးစီးဌာန ႐ုံးစာရင္းမ်ားအရသိရသည္။

 

 

လႈိင္သာယာၿမိဳ႕နယ္တြင္ လႈိင္သာယာစက္မႈဇုန္ႏွင့္ ေ႐ႊလင္ ဗန္းစက္မႈဇုန္တို႔တည္ရွိၿပီး ျမန္မာတစ္ႏိုင္ငံလုံး၌ စက္႐ုံ၊ အလုပ္႐ုံအမ်ားဆုံးရွိသည့္ ၿမိဳ႕နယ္ျဖစ္သည္။

 

 

ယင္းၿမိဳ႕နယ္အလုပ္႐ုံႏွင့္ အလုပ္သမားဥပေဒစစ္ေဆးေရး ဦးစီးဌာန႐ုံး၏ ယခုႏွစ္ဧၿပီမွႏိုဝင္ ဘာအထိျပဳစုထားသည့္ စာရင္း အရ အသစ္ဖြင့္လွစ္လုပ္ကိုင္ သည့္ စက္႐ုံ ၇၉ ခုရွိသည္။

 

 

ယင္း စက္႐ုံမ်ားတြင္အထည္ခ်ဳပ္စက္ ႐ုံလုပ္ငန္းအမ်ားစုပါဝင္ေၾကာင္း မွတ္တမ္းမ်ားကဆိုသည္။ အဆို ပါရွစ္လအတြင္း ပိတ္သိမ္းသည့္ စက္႐ုံ ၁၆ ခုရွိသည္။

 


‘‘ပိတ္တဲ့သူေတြက အ ေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ဆက္မ လုပ္ႏိုင္လို႔ ပိတ္သြားတာရွိသလို လုပ္ငန္းေဆာင္႐ြက္ရတာအဆင္ ေျပတယ္ဆိုၿပီး အသစ္ဝင္ေရာက္ လုပ္ကိုင္မႈေတြကလည္းရွိတယ္။

 

 

တ႐ုတ္ ရင္းႏွီးျမႇဳပ္ႏွံမႈေတြကပို မ်ားတယ္’’ ဟု လႈိင္သာယာၿမိဳ႕ နယ္ အလုပ္႐ုံႏွင့္ အလုပ္သမား ဥပေဒစစ္ေဆးေရး ဦးစီးဌာန လက္ေထာက္ၫႊန္ၾကားေရးမႉးဦးစိုးညီညီကေျပာသည္။

 

 

ပိတ္သိမ္းသည့္ စက္႐ုံမ်ား သည္ ဆက္လက္လည္ပတ္ရန္ ဘ႑ာေငြအခက္အခဲရွိသည္ကို အမ်ားဆုံးေတြ႕ရွိရေၾကာင္း ၎ ကဆိုသည္။

 

 

ယင္းၿမိဳ႕နယ္တြင္ ေနာက္ ဆုံးပိတ္သိမ္းသည့္ စက္႐ုံသည္ အေမရိကန္ႏိုင္ငံသားပိုင္ Natural Garment အထည္ခ်ဳပ္စက္ ႐ုံျဖစ္သည္။ အဆိုပါစက္႐ုံသည္ လုပ္သား ၁,၅၀၀ ေက်ာ္ျဖင့္လည္ ပတ္ၿပီး စက္႐ုံပိတ္သိမ္းျခင္း ေၾကာင့္ နစ္နာေၾကးမ်ားထုတ္ေပး ေနသည္။

 

 

သို႔ေသာ္စက္႐ုံလုပ္သားအ ခ်ိဳ႕က ျဖတ္ေတာက္ခံရသည့္ ေငြမ်ားကိုျဖည့္၍ ေပးေခ်သည့္ နစ္နာေၾကးကို ရယူလိုသည္ဆို ကာ လက္ရွိေပးေလ်ာ္ေနသည့္ ေလ်ာ္ေၾကးကို လက္ခံျခင္းမရွိဘဲ ျငင္းဆန္ထားသည္။

 

 

လႈိင္သာယာၿမိဳ႕နယ္တြင္ စက္႐ုံ၊ အလုပ္႐ုံေပါင္း ၂,၀၀၀ ခန႔္ဖြင့္လွစ္ လုပ္ကိုင္ေနေၾကာင္း ရန္ကုန္တိုင္းေဒသႀကီး အစိုးရ အဖြဲ႕ စာရင္းမ်ားကဆိုသည္။

 

 

Source:7 Day Daily

Read 18584 times Last modified on Tuesday, 18 February 2020 16:43
Rate this item
(0 votes)