နွေရာသီ လျှပ်စစ်ဓာတ်အား လိုအပ်ချက်ကို ဖြည့်ဆည်းရန် ဓာတ်အားပေးစက်ရုံ စီမံကိန်းသစ် (၇)ခု အကောင်အထည်ဖော်

နွေရာသီ လျှပ်စစ်ဓာတ်အား လိုအပ်ချက်ကို ဖြည့်ဆည်းရန် ဓာတ်အားပေးစက်ရုံ စီမံကိန်းသစ် (၇)ခု အကောင်အထည်ဖော် GOOGLE

၂၀၂၀ ပြည့်နှစ် နွေရာသီတွင် တိုးတက်သုံးစွဲလာမည့် လျှပ်စစ်ဓာတ်အား လိုအပ်ချက်ကို အချိန်မီဖြည့်ဆည်းပေးနိုင်ရန်အတွက် ဓာတ်အားပေးစက်ရုံ စီမံကိန်းအသစ် ခုနစ်ခုအား အကောင်အထည်ဖော်နေကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး (လျှပ်စစ်) ဦးခင်မောင်ဝင်းက ပြောကြားခဲ့သည်။

 

ဒုတိယဝန်ကြီးမှ လာမည့်နွေရာသီကာလတွင် တိုးတက်သုံးစွဲလာမည့် လျှပ်စစ်ဓာတ်အား လိုအပ်ချက်ကို အချိန်မီဖြည့်ဆည်းပေးနိုင်ရန် ရည်ရွယ်၍ မကွေး၊ ရွှေတောင်၊ ကျွန်း ချောင်း၊ အလုံ၊ ကျောက်ဖြူ၊ သန်လျင်နှင့် သာကေတတို့တွင် ဓာတ်အားပေးစက်ရုံ စီမံကိန်းအသစ် ခုနစ်ခုအား အကောင်အထည် ဖော်ဆောင်ရွက်နေကြောင်း၊လက်ရှိ ဓာတ်အားပေးစက်ရုံများမှ စက်စွမ်းအားပြည့် မောင်းနှင်ထုတ်လုပ်နိုင်ရေးအတွက် ဓာတ်အားပေးစက်များ ကြံ့ခိုင်ရေးကို စဉ်ဆက်မပြတ် စစ်ဆေးဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း၊ စီမံကိန်းများ ပြီးစီးရန် လျာထားသတ်မှတ်ချက်များနှင့်အညီ ကြိုးစားလုပ်ဆောင်သွားရန် တိုက်တွန်းလိုကြောင်း ဝန်ထမ်းများနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့ကြောင်း ဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။

 

 

လက်ရှိတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း ဆောက်လုပ်နေသည့် ဓာတ်အားပေးရုံ အသစ်များမှာ အလုံ၊ ကျောက်တန်းနှင့် သာကေတမြို့နယ်များတွင် တည်ဆောက်နေခြင်း ဖြစ်ပြီး ဒုဝန်ကြီးနှင့် အဖွဲ့က သွားရောက်စစ်ဆေးခဲ့ကြောင်း သိရသည်။

 

 

ဒုတိယဝန်ကြီးက အလုံဓာတ်အားပေး စက်ရုံဝင်းအတွင်း အကောင်အထည် ဖော်ဆောင်ရွက်နေသည့် (၁၅၁) မဂ္ဂါဝပ် ဓာတ်အားပေးစက်ရုံအသစ် တည်ဆောက်ရေး လုပ်ငန်းများ အကောင်အထည်ဖော်ရာတွင် စက်ပစ္စည်းများ၊ မြို့ပြပိုင်းဆိုင်ရာ တည်ဆောက်ခြင်းလုပ်ငန်းများ၊ စက်တပ်ဆင်မှု လုပ်ငန်းများကို လာမည့်နွေရာသီအမီ ပြီးစီးရေး ဆောင်ရွက်သွားရန်၊ လုပ်ငန်းခွင်ဘေးအန္တရာယ် ကင်းရှင်းရေး အထူးဂရုပြုဆောင်ရွက်သွားရန်၊ စီမံကိန်းပစ္စည်းများ ရောက်ရှိလာပါက ဆိပ်ကမ်းမှ အချိန်မီ ရွေးယူနိုင်ရေး ကိစ္စရပ်များကိုလည်း ဌာနမှ ပူးပေါင်းပါဝင် ဆောင်ရွက်ပေးသွားရန်၊ ဓာတ်အားပေးစက်များ၏ ကြံ့ခိုင်ရေးလုပ်ငန်းများအား ပုံမှန်ထိန်းသိမ်း ပြုပြင်ဆောင်ရွက်သွားရန် ၊ ဓာတ်အားစနစ် တည်ငြိမ်ကောင်းမွန်ရေးတို့အား အလေးထားဆောင်ရွက်သွားရန် ဝန်ထမ်းများကို မှာကြားခဲ့ကြောင်း သိရသည်။

 

 

ဒုတိယဝန်ကြီးနှင့် အဖွဲ့သည် ကျောက်တန်းမြို့နယ်အတွင်းရှိ သီလဝါ သဘာဝဓာတ်ငွေ့သုံးဓာတ်အားပေး စက်ရုံသို့ ရောက်ရှိရာ အစည်းအဝေးခန်းမတွင် ဓာတ်အားပေး စက်ရုံဆိုင်ရာ အချက်အလက်များ၊ ဓာတ်အားပေးစက်များ မောင်းနှင်နေမှု အခြေအနေ၊ ၃၅၀ မဂ္ဂါဝပ် (LNG to Power) ဓာတ်အားပေး စက်ရုံအသစ် အကောင်အထည်ဖော် ဆောင်ရွက်နေမှု အခြေအနေ၊ JICA ချေးငွေဖြင့် ဆောင်ရွက်မည့် ၂၅ မဂ္ဂါဝပ် (Combine Cycle Power Plant) တည်ဆောက်ပြီးစီးပါက လက်ရှိဓာတ်အားခွဲရုံသို့ ဓာတ်အားချိတ်ဆက် ဝင်ရောက်မည့် အခြေအနေတို့ကို တာဝန်ရှိသူ အသီးသီးတို့မှ ရှင်းလင်းတင်ပြကြရာ တင်ပြချက်များအပေါ် ဒုတိယဝန်ကြီးမှ ဓာတ်အားပေးစက်များ စဉ်ဆက်မပြတ် မောင်းနှင် ဓာတ်အားထုတ်ပေးနိုင်ရေးအတွက် ပုံမှန်ထိန်းသိမ်း ပြုပြင်ခြင်းလုပ်ငန်းများအား ဂရုပြုဆောင်ရွက်သွားရန်၊ ၃၅၀ မဂ္ဂါဝပ် (LNG to Power) ဓာတ်အားပေး စက်ရုံအသစ် စီမံကိန်းလုပ်ငန်းများအား စောလျင်စွာပြီးစီး၍ ဓာတ်အားထုတ်လုပ် ဖြန့်ဖြူးပေးနိုင်ရေး အလေးထား ဆောင်ရွက်သွားရန် လမ်းညွှန် မှာကြားခဲ့ကြောင်း သိရသည်။

 

 

ဆက်လက်၍ ဒုတိယဝန်ကြီးနှင့် အဖွဲ့သည် သာကေတမြို့နယ်အတွင်းရှိ သာကေတ သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံဝင်းအတွင်း အကောင်အထည်ဖော်နေသည့် (၄၀၀) မဂ္ဂါဝပ် (LNG to Power) ဓာတ်အားပေး စက်ရုံအသစ် တည်ဆောက်မည့် မြေနေရာသို့ ရောက်ရှိရာ တာဝန်ရှိသူများမှ အဆိုပါ မြေနေရာပေါ်တွင် ဓာတ်အားပေး စက်ရုံအဆင့်ဆင့် အကောင်အထည်ဖော် ဆောင်ရွက်မည့် အခြေအနေများကို ရှင်းလင်းခဲ့ကြောင်း၊ တင်ပြချက်များအပေါ် ဒုတိယဝန်ကြီးမှ မြို့ပြပိုင်းဆိုင်ရာ တည်ဆောက်ရေး လုပ်ငန်းများအား သတ်မှတ်ချိန်အတွင်း ပြီးစီးရေး၊ အရည်အသွေး စံချိန်းစံညွှန်းပြည့်မီရေးတို့အား အလေးထားဆောင်ရွက်သွားရန် လမ်းညွှန် မှာကြားခဲ့ကြောင်း သိရသည်။

 

 

ထို့နောက် JICA ချေးငွေဖြင့် အကောင်အထည် ဖော်နေသည့် 66k V GIS ဓာတ်အားခွဲရုံ တည်ဆောက်ရေး လုပ်ငန်းခွင်အတွင်း လုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေတို့ကို ကြည့်ရှု့စစ်ဆေးခဲ့ပြီး ဓာတ်အားပေးစက်ရုံအသစ် တည်ဆောက်ရေးလုပ်ငန်းများအား သတ်မှတ်ချိန် ကာလအတွင်း ပြီးစီးရေး၊ စီမံကိန်း လုပ်ငန်းသုံးပစ္စည်းများ အရည်အသွေး စံချိန်စံညွှန်းပြည့်မီရေး၊ လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းစေရေးနှင့် အကြီးစားပြုပြင် မွမ်းမံခြင်းလုပ်ငန်း ဆောင်ရွက်နေသည့် ဓာတ်အားပေးစက် သုံးလုံးအနက်မှ ဓာတ်အားပေးစက် တစ်လုံးအား လာမည့် နွေရာသီကာလအမီ ဓာတ်အားထုတ်လုပ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားရန် မှာကြားခဲ့ကြောင်း ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

 

 

Source: Daily Eleven

 

 

Myanmar Builders Guide

 

 

---Zawgyi---

 

 

ေႏြရာသီ လွ်ပ္စစ္ဓာတ္အား လိုအပ္ခ်က္ကို ျဖည့္ဆည္းရန္ ဓာတ္အားေပးစက္႐ုံ စီမံကိန္းသစ္ (၇)ခု အေကာင္အထည္ေဖာ္

 

 

၂၀၂၀ ျပည့္ႏွစ္ ေႏြရာသီတြင္ တိုးတက္သုံးစြဲလာမည့္ လွ်ပ္စစ္ဓာတ္အား လိုအပ္ခ်က္ကို အခ်ိန္မီျဖည့္ဆည္းေပးႏိုင္ရန္အတြက္ ဓာတ္အားေပးစက္႐ုံ စီမံကိန္းအသစ္ ခုနစ္ခုအား အေကာင္အထည္ေဖာ္ေနေၾကာင္း လွ်ပ္စစ္ႏွင့္ စြမ္းအင္ဝန္ႀကီးဌာန ဒုတိယဝန္ႀကီး (လွ်ပ္စစ္) ဦးခင္ေမာင္ဝင္းက ေျပာၾကားခဲ့သည္။

 

 

ဒုတိယဝန္ႀကီးမွ လာမည့္ေႏြရာသီကာလတြင္ တိုးတက္သုံးစြဲလာမည့္ လွ်ပ္စစ္ဓာတ္အား လိုအပ္ခ်က္ကို အခ်ိန္မီျဖည့္ဆည္းေပးႏိုင္ရန္ ရည္႐ြယ္၍ မေကြး၊ ေ႐ႊေတာင္၊ ကြၽန္း ေခ်ာင္း၊ အလုံ၊ ေက်ာက္ျဖဴ၊ သန္လ်င္ႏွင့္ သာေကတတို႔တြင္ ဓာတ္အားေပးစက္႐ုံ စီမံကိန္းအသစ္ ခုနစ္ခုအား အေကာင္အထည္ ေဖာ္ေဆာင္႐ြက္ေနေၾကာင္း၊လက္ရွိ ဓာတ္အားေပးစက္႐ုံမ်ားမွ စက္စြမ္းအားျပည့္ ေမာင္းႏွင္ထုတ္လုပ္ႏိုင္ေရးအတြက္ ဓာတ္အားေပးစက္မ်ား ႀကံ့ခိုင္ေရးကို စဥ္ဆက္မျပတ္ စစ္ေဆးေဆာင္႐ြက္သြားၾကရန္ လိုအပ္ေၾကာင္း၊ စီမံကိန္းမ်ား ၿပီးစီးရန္ လ်ာထားသတ္မွတ္ခ်က္မ်ားႏွင့္အညီ ႀကိဳးစားလုပ္ေဆာင္သြားရန္ တိုက္တြန္းလိုေၾကာင္း ဝန္ထမ္းမ်ားႏွင့္ ေတြ႕ဆုံစဥ္ ေျပာၾကားခဲ့ေၾကာင္း ဝန္ႀကီးဌာနက သတင္းထုတ္ျပန္သည္။

 

 

လက္ရွိတြင္ ရန္ကုန္တိုင္းေဒသႀကီးအတြင္း ေဆာက္လုပ္ေနသည့္ ဓာတ္အားေပး႐ုံ အသစ္မ်ားမွာ အလုံ၊ ေက်ာက္တန္းႏွင့္ သာေကတၿမိဳ႕နယ္မ်ားတြင္ တည္ေဆာက္ေနျခင္း ျဖစ္ၿပီး ဒုဝန္ႀကီးႏွင့္ အဖြဲ႕က သြားေရာက္စစ္ေဆးခဲ့ေၾကာင္း သိရသည္။

 

 

ဒုတိယဝန္ႀကီးက အလုံဓာတ္အားေပး စက္႐ုံဝင္းအတြင္း အေကာင္အထည္ ေဖာ္ေဆာင္႐ြက္ေနသည့္ (၁၅၁) မဂၢါဝပ္ ဓာတ္အားေပးစက္႐ုံအသစ္ တည္ေဆာက္ေရး လုပ္ငန္းမ်ား အေကာင္အထည္ေဖာ္ရာတြင္ စက္ပစၥည္းမ်ား၊ ၿမိဳ႕ျပပိုင္းဆိုင္ရာ တည္ေဆာက္ျခင္းလုပ္ငန္းမ်ား၊ စက္တပ္ဆင္မႈ လုပ္ငန္းမ်ားကို လာမည့္ေႏြရာသီအမီ ၿပီးစီးေရး ေဆာင္႐ြက္သြားရန္၊ လုပ္ငန္းခြင္ေဘးအႏၲရာယ္ ကင္းရွင္းေရး အထူးဂ႐ုျပဳေဆာင္႐ြက္သြားရန္၊ စီမံကိန္းပစၥည္းမ်ား ေရာက္ရွိလာပါက ဆိပ္ကမ္းမွ အခ်ိန္မီ ေ႐ြးယူႏိုင္ေရး ကိစၥရပ္မ်ားကိုလည္း ဌာနမွ ပူးေပါင္းပါဝင္ ေဆာင္႐ြက္ေပးသြားရန္၊ ဓာတ္အားေပးစက္မ်ား၏ ႀကံ့ခိုင္ေရးလုပ္ငန္းမ်ားအား ပုံမွန္ထိန္းသိမ္း ျပဳျပင္ေဆာင္႐ြက္သြားရန္ ၊ ဓာတ္အားစနစ္ တည္ၿငိမ္ေကာင္းမြန္ေရးတို႔အား အေလးထားေဆာင္႐ြက္သြားရန္ ဝန္ထမ္းမ်ားကို မွာၾကားခဲ့ေၾကာင္း သိရသည္။

 

 

ဒုတိယဝန္ႀကီးႏွင့္ အဖြဲ႕သည္ ေက်ာက္တန္းၿမိဳ႕နယ္အတြင္းရွိ သီလဝါ သဘာဝဓာတ္ေငြ႕သုံးဓာတ္အားေပး စက္႐ုံသို႔ ေရာက္ရွိရာ အစည္းအေဝးခန္းမတြင္ ဓာတ္အားေပး စက္႐ုံဆိုင္ရာ အခ်က္အလက္မ်ား၊ ဓာတ္အားေပးစက္မ်ား ေမာင္းႏွင္ေနမႈ အေျခအေန၊ ၃၅၀ မဂၢါဝပ္ (LNG to Power) ဓာတ္အားေပး စက္႐ုံအသစ္ အေကာင္အထည္ေဖာ္ ေဆာင္႐ြက္ေနမႈ အေျခအေန၊ JICA ေခ်းေငြျဖင့္ ေဆာင္႐ြက္မည့္ ၂၅ မဂၢါဝပ္ (Combine Cycle Power Plant) တည္ေဆာက္ၿပီးစီးပါက လက္ရွိဓာတ္အားခြဲ႐ုံသို႔ ဓာတ္အားခ်ိတ္ဆက္ ဝင္ေရာက္မည့္ အေျခအေနတို႔ကို တာဝန္ရွိသူ အသီးသီးတို႔မွ ရွင္းလင္းတင္ျပၾကရာ တင္ျပခ်က္မ်ားအေပၚ ဒုတိယဝန္ႀကီးမွ ဓာတ္အားေပးစက္မ်ား စဥ္ဆက္မျပတ္ ေမာင္းႏွင္ ဓာတ္အားထုတ္ေပးႏိုင္ေရးအတြက္ ပုံမွန္ထိန္းသိမ္း ျပဳျပင္ျခင္းလုပ္ငန္းမ်ားအား ဂ႐ုျပဳေဆာင္႐ြက္သြားရန္၊ ၃၅၀ မဂၢါဝပ္ (LNG to Power) ဓာတ္အားေပး စက္႐ုံအသစ္ စီမံကိန္းလုပ္ငန္းမ်ားအား ေစာလ်င္စြာၿပီးစီး၍ ဓာတ္အားထုတ္လုပ္ ျဖန႔္ျဖဴးေပးႏိုင္ေရး အေလးထား ေဆာင္႐ြက္သြားရန္ လမ္းၫႊန္ မွာၾကားခဲ့ေၾကာင္း သိရသည္။

 

 

ဆက္လက္၍ ဒုတိယဝန္ႀကီးႏွင့္ အဖြဲ႕သည္ သာေကတၿမိဳ႕နယ္အတြင္းရွိ သာေကတ သဘာဝဓာတ္ေငြ႕သုံး ဓာတ္အားေပးစက္႐ုံဝင္းအတြင္း အေကာင္အထည္ေဖာ္ေနသည့္ (၄၀၀) မဂၢါဝပ္ (LNG to Power) ဓာတ္အားေပး စက္႐ုံအသစ္ တည္ေဆာက္မည့္ ေျမေနရာသို႔ ေရာက္ရွိရာ တာဝန္ရွိသူမ်ားမွ အဆိုပါ ေျမေနရာေပၚတြင္ ဓာတ္အားေပး စက္႐ုံအဆင့္ဆင့္ အေကာင္အထည္ေဖာ္ ေဆာင္႐ြက္မည့္ အေျခအေနမ်ားကို ရွင္းလင္းခဲ့ေၾကာင္း၊ တင္ျပခ်က္မ်ားအေပၚ ဒုတိယဝန္ႀကီးမွ ၿမိဳ႕ျပပိုင္းဆိုင္ရာ တည္ေဆာက္ေရး လုပ္ငန္းမ်ားအား သတ္မွတ္ခ်ိန္အတြင္း ၿပီးစီးေရး၊ အရည္အေသြး စံခ်ိန္းစံၫႊန္းျပည့္မီေရးတို႔အား အေလးထားေဆာင္႐ြက္သြားရန္ လမ္းၫႊန္ မွာၾကားခဲ့ေၾကာင္း သိရသည္။

 

 

ထို႔ေနာက္ JICA ေခ်းေငြျဖင့္ အေကာင္အထည္ ေဖာ္ေနသည့္ 66k V GIS ဓာတ္အားခြဲ႐ုံ တည္ေဆာက္ေရး လုပ္ငန္းခြင္အတြင္း လုပ္ငန္းမ်ား ေဆာင္႐ြက္ေနမႈ အေျခအေနတို႔ကို ၾကည့္ရႈ႕စစ္ေဆးခဲ့ၿပီး ဓာတ္အားေပးစက္႐ုံအသစ္ တည္ေဆာက္ေရးလုပ္ငန္းမ်ားအား သတ္မွတ္ခ်ိန္ ကာလအတြင္း ၿပီးစီးေရး၊ စီမံကိန္း လုပ္ငန္းသုံးပစၥည္းမ်ား အရည္အေသြး စံခ်ိန္စံၫႊန္းျပည့္မီေရး၊ လုပ္ငန္းခြင္ ေဘးအႏၲရာယ္ကင္းရွင္းေစေရးႏွင့္ အႀကီးစားျပဳျပင္ မြမ္းမံျခင္းလုပ္ငန္း ေဆာင္႐ြက္ေနသည့္ ဓာတ္အားေပးစက္ သုံးလုံးအနက္မွ ဓာတ္အားေပးစက္ တစ္လုံးအား လာမည့္ ေႏြရာသီကာလအမီ ဓာတ္အားထုတ္လုပ္ႏိုင္ေရး ႀကိဳးပမ္းေဆာင္႐ြက္သြားရန္ မွာၾကားခဲ့ေၾကာင္း ဝန္ႀကီးဌာန၏ ထုတ္ျပန္ခ်က္အရ သိရသည္။

 

 

Source: Daily Eleven

Read 4306 times Last modified on Wednesday, 19 February 2020 16:24
Rate this item
(0 votes)