ရန္ကုန္တိုင္းေဒသႀကီးမွ ပိတ္သိမ္းသြားေသာ စက္႐ုံမ်ား ပဲခူးစက္မႈဇုန္တြင္ ျပန္လည္လုပ္ကိုင္ရန္ လာေရာက္ကမ္းလွမ္း

ရန္ကုန္တိုင္းေဒသႀကီးမွ ပိတ္သိမ္းသြားေသာ စက္႐ုံမ်ား ပဲခူးစက္မႈဇုန္တြင္ ျပန္လည္လုပ္ကိုင္ရန္ လာေရာက္ကမ္းလွမ္း GOOGLE

ပဲခူးၿမိဳ႕ ရပ္ကြက္ႀကီး (၈) ႏွင့္ရပ္ကြက္ႀကီး (၉) တို႔တြင္ ပဲခူးျပည္တြင္းျပည္ပစက္မႈဇုန္ကို ယခင္အစိုးရလက္ထက္၂၀၁၃ ခုႏွစ္က စတင္အေကာင္အထည္ေဖာ္ ေဆာင္႐ြက္ခဲ့ၿပီး ယခုအခါ စက္႐ုံေပါင္း ၄၂ ႐ုံ လည္ပတ္ေနကာ အလုပ္သမားရွစ္ေသာင္းခန႔္ကို အလုပ္အကိုင္ေပးထားႏိုင္ၿပီး ရန္ကုန္တိုင္းေဒသႀကီးမွ ပိတ္သိမ္းသြားေသာစက္႐ုံမ်ားပါ ပဲခူးစက္မႈဇုန္တြင္ ျပန္လည္လုပ္ကိုင္ရန္ လာေရာက္ကမ္းလွမ္းထားေၾကာင္း သိရသည္။

 

ပဲခူးစက္မႈဇုန္တြင္ လာေရာက္ရင္းႏွီးျမႇဳပ္ႏွံသူမ်ားအား ငါးႏွစ္အခြန္ကင္းလြတ္ခြင့္ျပဳျခင္း၊ စက္႐ုံေဆာက္လုပ္ေရးကာလကို ႏွစ္ႏွစ္အခြန္ကင္းလြတ္ခြင့္ျပဳျခင္း၊ အလုပ္ရွင္ အလုပ္သမား ျပႆနာမ်ားကို တာဝန္ရွိအဖြဲ႕အစည္းမ်ားက စုေပါင္းအေျဖရွာရွင္းလင္းေပး၍ အလုပ္ရွင္အလုပ္သမား ျပႆနာ နည္းပါးျခင္းတို႔ေၾကာင့္ ရန္ကုန္တိုင္းေဒသႀကီးတြင္ ပိတ္သိမ္းသြားေသာစက္႐ုံမ်ားမွာ ျပန္လည္ထြက္ခြာသြားျခင္းမဟုတ္ဘဲ ပဲခူးစက္မႈဇုန္တြင္ စက္႐ုံတည္ေဆာက္ၿပီး ျပန္လည္ရင္းႏွီးျမႇဳပ္ႏွံရန္ စက္႐ုံေပါင္း ၁၈ ႐ုံမွ လာေရာက္ကမ္းလွမ္း လုပ္ေဆာင္ေနၿပီျဖစ္ေၾကာင္း သိရသည္။


“ကြၽန္ေတာ္တို႔ ပဲခူးစက္မႈဇုန္မွာေတာ့ ျပည္ပစက္မႈဇုန္အကြက္ေတြေတာ့ အားလုံးျပည့္ေနၿပီ။ ျပည္တြင္းစက္မႈဇုန္အကြက္ ၈၄ ကြက္မွာ ၅၅ ရာခိုင္ႏႈန္းေတာ့ျပည့္ေနၿပီ။ ၄၅ ရာခိုင္ႏႈန္းေတာ့ က်န္ေသးတယ္။ လုပ္ငန္းေဖာ္ေဆာင္ဖို႔ အခက္အခဲေတြ ရွိေနတယ္။ အဓိကေတာ့ က်ဴးျပႆနာေတြ မရွင္းႏိုင္ေသးဘဲ တရား႐ုံးမွာ အမႈရင္ဆိုင္ေနရေတာ့ တရား႐ုံးေတြက ျမန္ျမန္ေလးျဖတ္ေပးရင္ေတာ့ ပိုအဆင္ေျပပါတယ္။ ဒီမွာအလုပ္ရွင္အလုပ္သမား ျပႆနာကို အေလးထားၿပီး အစိုးရေရာမီဒီယာေရာ တာဝန္ရွိတဲ့အဖြဲ႕ေတြ ပူးေပါင္းၿပီး ေျဖရွင္းေပးေတာ့ ဆႏၵထုတ္ေဖာ္တာတို႔ မေျပလည္တာတို႔ နည္းတယ္။ လာေရာက္ရင္းႏွီးျမႇဳပ္ႏွံတဲ့ သူေတြကိုလည္း ထိုက္သင့္တဲ့ အခြန္ကင္းလြတ္ခြင့္ေတြ ေပးထားပါတယ္။ ဒါေၾကာင့္ အခုလည္ေနတာက ၄၂ ႐ုံ၊ ေဆာက္လုပ္ဆဲက ၁၀ ႐ုံ၊ ေနာက္ထပ္ကမ္းလွမ္းမႈေတြလည္း အမ်ားႀကီးရွိေနပါၿပီ။ ေနာက္ထပ္ လုပ္သားငါးေသာင္းေလာက္ အလုပ္ထပ္ရဖို႔ရွိပါတယ္။ေနာက္တစ္ခ်က္က ရင္းႏွီးျမႇဳပ္ႏွံမႈေတြ မတည္မၿငိမ္ျဖစ္ေအာင္ ေနာက္ကေန ေျမႇာက္ေပးေနတဲ့ အဖြဲ႕အစည္းေတြလည္း ရွိေနတယ္။ ဒါေတြကို ကေလးေတြဘက္ကလည္း သတိျပဳဖို႔လိုပါတယ္” ဟု ပဲခူးစက္မႈဇုန္ ရင္းႏွီးျမႇဳပ္ႏွံမႈ ေကာ္မတီအတြင္းေရးမႉး ဦးဟိန္းထက္က ေျပာၾကားခဲ့သည္။

 

ျမန္မာ-ကိုရီးယား စီးပြားေရးပူးေပါင္းမႈ စက္မႈဇုန္စီမံကိန္းႏွစ္ခု လက္ရွိတြင္ တည္ေဆာက္ေရးလုပ္ငန္းမ်ား စတင္ေနျပီျဖစ္


ပဲခူးတိုင္းေဒသႀကီးတြင္ ပဲခူးၿမိဳ႕၊ သာယာဝတီၿမိဳ႕၊ ျပည္ၿမိဳ႕တို႔တြင္ စက္မႈဇုန္မ်ားရွိေသာ္လည္း ပဲခူးၿမိဳ႕တြင္ စက္႐ုံအမ်ားဆုံးတည္ရွိကာ ပဲခူးတိုင္းေဒသႀကီးတစ္ခုလုံး၌ စက္႐ုံေပါင္း ၆၀ ေက်ာ္တည္ရွိကာ အလုပ္သမားကိုးေသာင္းေက်ာ္မွာ စက္႐ုံမ်ားတြင္ လုပ္ကိုင္ေနၾကၿပီး အမ်ားဆုံးမွာ လခစားမ်ားျဖစ္ေၾကာင္း သိရသည္။


ပဲခူးစက္မႈဇုန္တြင္ အထည္ခ်ဳပ္စက္႐ုံမ်ားမွာ အမ်ားဆုံးျဖစ္ၿပီး ဖိနပ္စက္႐ုံ၊ ဘီယာစက္႐ုံ၊ တိရစာၦန္အစာစက္႐ုံမ်ားလည္း လည္ပတ္လ်က္ရွိၿပီး တ႐ုတ္၊ ဂ်ပန္၊ ကိုရီးယားႏိုင္ငံမ်ားမွ အမ်ားဆုံးလာေရာက္ရင္းႏွီးျမႇဳပ္ႏွံၾကေၾကာင္း သိရသည္။


ထို႔ျပင္ ပဲခူးစက္မႈဇုန္အတြင္း Nissan ကားကုမၸဏီမွ ကားအပိုပစၥည္းမ်ား ထုတ္လုပ္ရန္ စက္႐ုံတည္ေဆာက္ေနၿပီး ပညာသင္မ်ားကို ႏိုင္ငံျခားသို႔ ေစလႊတ္ထားကာ မၾကာမီ စက္႐ုံလည္ပတ္ႏိုင္ေတာ့မည္ျဖစ္ေၾကာင္း သိရသည္။

 

<<<UNICODE>>>

ပဲခူးမြို့ ရပ်ကွက်ကြီး (၈) နှင့်ရပ်ကွက်ကြီး (၉) တို့တွင် ပဲခူးပြည်တွင်းပြည်ပစက်မှုဇုန်ကို ယခင်အစိုးရလက်ထက်၂၀၁၃ ခုနှစ်က စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပြီး ယခုအခါ စက်ရုံပေါင်း ၄၂ ရုံ လည်ပတ်နေကာ အလုပ်သမားရှစ်သောင်းခန့်ကို အလုပ်အကိုင်ပေးထားနိုင်ပြီး ရန်ကုန်တိုင်းဒေသကြီးမှ ပိတ်သိမ်းသွားသောစက်ရုံများပါ ပဲခူးစက်မှုဇုန်တွင် ပြန်လည်လုပ်ကိုင်ရန် လာရောက်ကမ်းလှမ်းထားကြောင်း သိရသည်။


ပဲခူးစက်မှုဇုန်တွင် လာရောက်ရင်းနှီးမြှုပ်နှံသူများအား ငါးနှစ်အခွန်ကင်းလွတ်ခွင့်ပြုခြင်း၊ စက်ရုံဆောက်လုပ်ရေးကာလကို နှစ်နှစ်အခွန်ကင်းလွတ်ခွင့်ပြုခြင်း၊ အလုပ်ရှင် အလုပ်သမား ပြဿနာများကို တာဝန်ရှိအဖွဲ့အစည်းများက စုပေါင်းအဖြေရှာရှင်းလင်းပေး၍ အလုပ်ရှင်အလုပ်သမား ပြဿနာ နည်းပါးခြင်းတို့ကြောင့် ရန်ကုန်တိုင်းဒေသကြီးတွင် ပိတ်သိမ်းသွားသောစက်ရုံများမှာ ပြန်လည်ထွက်ခွာသွားခြင်းမဟုတ်ဘဲ ပဲခူးစက်မှုဇုန်တွင် စက်ရုံတည်ဆောက်ပြီး ပြန်လည်ရင်းနှီးမြှုပ်နှံရန် စက်ရုံပေါင်း ၁၈ ရုံမှ လာရောက်ကမ်းလှမ်း လုပ်ဆောင်နေပြီဖြစ်ကြောင်း သိရသည်။

 


“ကျွန်တော်တို့ ပဲခူးစက်မှုဇုန်မှာတော့ ပြည်ပစက်မှုဇုန်အကွက်တွေတော့ အားလုံးပြည့်နေပြီ။ ပြည်တွင်းစက်မှုဇုန်အကွက် ၈၄ ကွက်မှာ ၅၅ ရာခိုင်နှုန်းတော့ပြည့်နေပြီ။ ၄၅ ရာခိုင်နှုန်းတော့ ကျန်သေးတယ်။ လုပ်ငန်းဖော်ဆောင်ဖို့ အခက်အခဲတွေ ရှိနေတယ်။ အဓိကတော့ ကျူးပြဿနာတွေ မရှင်းနိုင်သေးဘဲ တရားရုံးမှာ အမှုရင်ဆိုင်နေရတော့ တရားရုံးတွေက မြန်မြန်လေးဖြတ်ပေးရင်တော့ ပိုအဆင်ပြေပါတယ်။ ဒီမှာအလုပ်ရှင်အလုပ်သမား ပြဿနာကို အလေးထားပြီး အစိုးရရောမီဒီယာရော တာဝန်ရှိတဲ့အဖွဲ့တွေ ပူးပေါင်းပြီး ဖြေရှင်းပေးတော့ ဆန္ဒထုတ်ဖော်တာတို့ မပြေလည်တာတို့ နည်းတယ်။ လာရောက်ရင်းနှီးမြှုပ်နှံတဲ့ သူတွေကိုလည်း ထိုက်သင့်တဲ့ အခွန်ကင်းလွတ်ခွင့်တွေ ပေးထားပါတယ်။ ဒါကြောင့် အခုလည်နေတာက ၄၂ ရုံ၊ ဆောက်လုပ်ဆဲက ၁၀ ရုံ၊ နောက်ထပ်ကမ်းလှမ်းမှုတွေလည်း အများကြီးရှိနေပါပြီ။ နောက်ထပ် လုပ်သားငါးသောင်းလောက် အလုပ်ထပ်ရဖို့ရှိပါတယ်။နောက်တစ်ချက်က ရင်းနှီးမြှုပ်နှံမှုတွေ မတည်မငြိမ်ဖြစ်အောင် နောက်ကနေ မြှောက်ပေးနေတဲ့ အဖွဲ့အစည်းတွေလည်း ရှိနေတယ်။ ဒါတွေကို ကလေးတွေဘက်ကလည်း သတိပြုဖို့လိုပါတယ်” ဟု ပဲခူးစက်မှုဇုန် ရင်းနှီးမြှုပ်နှံမှု ကော်မတီအတွင်းရေးမှူး ဦးဟိန်းထက်က ပြောကြားခဲ့သည်။

အမေရိကန်ဒေါ်လာ သန်း၃၀၀ကျော် အကုန်အကျခံတည်ဆောက်မည့်လေးလမ်းသွား သန်လျင်တံတားသစ်


ပဲခူးတိုင်းဒေသကြီးတွင် ပဲခူးမြို့၊ သာယာဝတီမြို့၊ ပြည်မြို့တို့တွင် စက်မှုဇုန်များရှိသော်လည်း ပဲခူးမြို့တွင် စက်ရုံအများဆုံးတည်ရှိကာ ပဲခူးတိုင်းဒေသကြီးတစ်ခုလုံး၌ စက်ရုံပေါင်း ၆၀ ကျော်တည်ရှိကာ အလုပ်သမားကိုးသောင်းကျော်မှာ စက်ရုံများတွင် လုပ်ကိုင်နေကြပြီး အများဆုံးမှာ လခစားများဖြစ်ကြောင်း သိရသည်။


ပဲခူးစက်မှုဇုန်တွင် အထည်ချုပ်စက်ရုံများမှာ အများဆုံးဖြစ်ပြီး ဖိနပ်စက်ရုံ၊ ဘီယာစက်ရုံ၊ တိရစ္ဆာန်အစာစက်ရုံများလည်း လည်ပတ်လျက်ရှိပြီး တရုတ်၊ ဂျပန်၊ ကိုရီးယားနိုင်ငံများမှ အများဆုံးလာရောက်ရင်းနှီးမြှုပ်နှံကြကြောင်း သိရသည်။


ထို့ပြင် ပဲခူးစက်မှုဇုန်အတွင်း Nissan ကားကုမ္ပဏီမှ ကားအပိုပစ္စည်းများ ထုတ်လုပ်ရန် စက်ရုံတည်ဆောက်နေပြီး ပညာသင်များကို နိုင်ငံခြားသို့ စေလွှတ်ထားကာ မကြာမီ စက်ရုံလည်ပတ်နိုင်တော့မည်ဖြစ်ကြောင်း သိရသည်။

 

Source:Daily Eleven

Myanmar Builders Guide

Read 569 times
Rate this item
(0 votes)