ပန်းတနော် တွင် တန်ချိန် ၁၀၀၀ ထွက် ငါးအစာစက်ရုံ စတင်တည်ဆောက်

ပန်းတနော် တွင် တန်ချိန် ၁၀၀၀ ထွက် ငါးအစာစက်ရုံ စတင်တည်ဆောက် Pyi Myanmar

မြန်မာပြည်တွင်သာမက အာရှ၏ အကြီးမားဆုံး ဧက ၉၀၀ ရှိ ငါးမွေးမြူရေး ထုတ်လုပ်ရေးဇုန်တွင် တန်ချိန် ၁၀၀၀ ထွက် ငါးအစာစက်ရုံ တည်ဆောက်ရန် ပိုင်တိုင်ရိုက်သွင်းခြင်း အခမ်းအနားကို နိုဝင်ဘာ ၁ ရက်က ဝါးခယ်မ-ရွှေ လောင်းကားလမ်းမကြီး (၁၇ မိုင်၊ ၆ ဖာ လုံ)နှင့်ကပ်လျက်တွင်တည်ဆောက်ထား သည့် ငါးမွေးမြူထုတ်လုပ်ရေးဇုန်ကြီး တွင် ပြုလုပ်ခဲ့သည်။


အဆိုပါအခမ်းအနားသို့ တောင်သူ လယ်သမားအခွင့်အရေးကာကွယ်ရေး နှင့် အကျိုးစီးပွားမြှင့်တင်ရေးအဖွဲ့ခေါင်း ဆောင် နိုင်ငံတော်ဒုတိယသမ္မတ (၂) ဦး ဟင်နရီဗန်ထီးယူတက်ရောက်ခဲ့ပြီး လမ်း ညွှန်မှုများပြုလုပ်ခဲ့ကာ ငါးမွေးမြူရေး ထုတ်လုပ်သောဇုန်ကြီးကို လှည့်ပတ် ကြည့်ရှုခဲ့သည်။

 

 

“ငါးလုပ်ငန်းဟာ ကိုယ့်ရဲ့အိမ်နီး ချင်းနိုင်ငံတွေထက် ဘာလို့များ နိမ့်ကျနေ လဲဆိုပြီး ၂၀၁၈ ခုနှစ်မှာ အာဆီယံနိုင်ငံ တွေရယ် ဂျပန်တို့ တရုတ်တို့ စတဲ့ ငါးလုပ် ငန်းနဲ့ပတ်သက်ပြီး ဖွံ့ဖြိုးတိုးတက်တဲ့နိုင်ငံ တွေကို လေ့လာခဲ့တယ်။ ငါးမွေးမြူရေး ထုတ်လုပ်ရေးဇုန်ဟာ အာရှမှာ အကြီးဆုံး လည်းဖြစ်တယ်။ ဘယ်နိုင်ငံပဲဖြစ်ဖြစ် စက်ရုံဆိုတစ်နေရာ၊ မွေးတဲ့နေရာဆိုတစ် နေရာ၊ အစာစက်ရုံကလည်း တစ်နေရာ ဆိုပြီး လည်ပတ်နေတာတွေ့တယ်။ ဒီမှာ ကျတော့ မွေးတဲ့နေရာလည်းဒီမှာပဲ။ သားဖောက်မယ်၊ မျိုးငါးတွေစုဆောင်း မယ် စတာတွေကို တစ်နေရာတည်းမှာပြု လုပ်တယ်။

 

 

ပြီးတော့ အစာစက်ရုံ၊ Processing စက်ရုံ၊ ဒီကနေထွက်လာတဲ့ စွန့်ပစ်ပစ္စည်းတွေကို ပြန်လည်ပြုပြင် ထုတ်လုပ်တဲ့စက်ရုံတွေလည်း ဒီမှာတစ်ခါ တည်းပါမှာဖြစ်တဲ့အတွက် သူသည် Integrated Food Complex ဖြစ်သွား မယ်။ အာရှမှာပဲကြည့်ကြည့် တရုတ်မှာပဲ ကြည့်ကြည့် ငါးလုပ်ငန်းနဲ့ပတ်သက်ပြီး အများကြီးလုပ်နေတယ်။ သို့သော်လည်း ဒီလို တစ်နေရာတည်းစုပေါင်းပြီး ဘယ်သူ မှမလုပ်သေးဘူး။ အဲဒါကြောင့် Asia ရဲ့Model ပဲဆိုဆို ကိုယ့်နိုင်ငံရဲ့ Model ပဲဆိုဆို ဒါကြီးကို စလုပ်တာဖြစ်ပါတယ်” ဟု ငါးလုပ်ငန်းအဖွဲ့ချုပ်မှ အကြီးတန်းဒုတိ ယဥက္ကဋ္ဌဖြစ်သည့် ဒေါက်တာတိုးနန္ဒာတင် က ဆိုသည်။

 


ငါးလုပ်ငန်းအဖွဲ့ချုပ်အနေဖြင့် ပန်း တနော်ရှိ စံပြ Food Complex ကြီး အောင်မြင်သွားပါက ယင်းကဲ့သို့ Complex မျိုးကို မြန်မာပြည်အနှံ့ငါးမွေးမြူနိုင် သည့်နေရာအားလုံးတွင် ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရှိရသည်။

 


ငါးမွေးမြူထုတ်လုပ်ရေးဇုန်ကြီးကို မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်၏ဦး ဆောင်မှုဖြင့် Global Earth Agro & Aqua Industry အများပိုင်ကုမ္ပဏီကို ၂၀၁၈ ခုနှစ် နှစ်ဆန်းပိုင်းတွင် စတင်တည် ထောင်ခဲ့ပြီး ခေတ်မီငါးသားဖောက်လုပ် ငန်း၊ ခေတ်မီစနစ်ဖြင့် အသားတိုး ငါးမွေး မြူရေးလုပ်ငန်း၊ ခေတ်မီအစာစက်ရုံ၊ ခေတ်မီအအေးခန်းစက်ရုံ၊ ဘေးထွက် ပစ္စည်းပြုပြင်ထုတ်လုပ်သောစက်ရုံ၊ ဝန် ထမ်းအိမ်ရာများနှင့် စာသင်ကျောင်း၊ ဆေးခန်းတို့ပါဝင်သည့် Food Industry Complex စီမံကိန်းကို အကောင်အထည် ဖော်သွားမည်ဟုသိရသည်။

 

 

Source: Pyi Myanmar

 

 

Myanmar Builders Guide

 

 

---Zawgyi---

 

 

ပန္းတေနာ္ တြင္ တန္ခ်ိန္ ၁၀၀၀ ထြက္ ငါးအစာစက္႐ုံ စတင္တည္ေဆာက္

 

 

ျမန္မာျပည္တြင္သာမက အာရွ၏ အႀကီးမားဆုံး ဧက ၉၀၀ ရွိ ငါးေမြးျမဴေရး ထုတ္လုပ္ေရးဇုန္တြင္ တန္ခ်ိန္ ၁၀၀၀ ထြက္ ငါးအစာစက္႐ုံ တည္ေဆာက္ရန္ ပိုင္တိုင္႐ိုက္သြင္းျခင္း အခမ္းအနားကို ႏိုဝင္ဘာ ၁ ရက္က ဝါးခယ္မ-ေ႐ႊ ေလာင္းကားလမ္းမႀကီး (၁၇ မိုင္၊ ၆ ဖာ လုံ)ႏွင့္ကပ္လ်က္တြင္တည္ေဆာက္ထား သည့္ ငါးေမြးျမဴထုတ္လုပ္ေရးဇုန္ႀကီး တြင္ ျပဳလုပ္ခဲ့သည္။

 


အဆိုပါအခမ္းအနားသို႔ ေတာင္သူ လယ္သမားအခြင့္အေရးကာကြယ္ေရး ႏွင့္ အက်ိဳးစီးပြားျမႇင့္တင္ေရးအဖြဲ႕ေခါင္း ေဆာင္ ႏိုင္ငံေတာ္ဒုတိယသမၼတ (၂) ဦး ဟင္နရီဗန္ထီးယူတက္ေရာက္ခဲ့ၿပီး လမ္း ၫႊန္မႈမ်ားျပဳလုပ္ခဲ့ကာ ငါးေမြးျမဴေရး ထုတ္လုပ္ေသာဇုန္ႀကီးကို လွည့္ပတ္ ၾကည့္ရႈခဲ့သည္။

 

 

“ငါးလုပ္ငန္းဟာ ကိုယ့္ရဲ႕အိမ္နီး ခ်င္းႏိုင္ငံေတြထက္ ဘာလို႔မ်ား နိမ့္က်ေန လဲဆိုၿပီး ၂၀၁၈ ခုႏွစ္မွာ အာဆီယံႏိုင္ငံ ေတြရယ္ ဂ်ပန္တို႔ တ႐ုတ္တို႔ စတဲ့ ငါးလုပ္ ငန္းနဲ႔ပတ္သက္ၿပီး ဖြံ႕ၿဖိဳးတိုးတက္တဲ့ႏိုင္ငံ ေတြကို ေလ့လာခဲ့တယ္။ ငါးေမြးျမဴေရး ထုတ္လုပ္ေရးဇုန္ဟာ အာရွမွာ အႀကီးဆုံး လည္းျဖစ္တယ္။ ဘယ္ႏိုင္ငံပဲျဖစ္ျဖစ္ စက္႐ုံဆိုတစ္ေနရာ၊ ေမြးတဲ့ေနရာဆိုတစ္ ေနရာ၊ အစာစက္႐ုံကလည္း တစ္ေနရာ ဆိုၿပီး လည္ပတ္ေနတာေတြ႕တယ္။ ဒီမွာ က်ေတာ့ ေမြးတဲ့ေနရာလည္းဒီမွာပဲ။ သားေဖာက္မယ္၊ မ်ိဳးငါးေတြစုေဆာင္း မယ္ စတာေတြကို တစ္ေနရာတည္းမွာျပဳ လုပ္တယ္။

 

 

ၿပီးေတာ့ အစာစက္႐ုံ၊ Processing စက္႐ုံ၊ ဒီကေနထြက္လာတဲ့ စြန႔္ပစ္ပစၥည္းေတြကို ျပန္လည္ျပဳျပင္ ထုတ္လုပ္တဲ့စက္႐ုံေတြလည္း ဒီမွာတစ္ခါ တည္းပါမွာျဖစ္တဲ့အတြက္ သူသည္ Integrated Food Complex ျဖစ္သြား မယ္။ အာရွမွာပဲၾကည့္ၾကည့္ တ႐ုတ္မွာပဲ ၾကည့္ၾကည့္ ငါးလုပ္ငန္းနဲ႔ပတ္သက္ၿပီး အမ်ားႀကီးလုပ္ေနတယ္။ သို႔ေသာ္လည္း ဒီလို တစ္ေနရာတည္းစုေပါင္းၿပီး ဘယ္သူ မွမလုပ္ေသးဘူး။ အဲဒါေၾကာင့္ Asia ရဲ႕Model ပဲဆိုဆို ကိုယ့္ႏိုင္ငံရဲ႕ Model ပဲဆိုဆို ဒါႀကီးကို စလုပ္တာျဖစ္ပါတယ္” ဟု ငါးလုပ္ငန္းအဖြဲ႕ခ်ဳပ္မွ အႀကီးတန္းဒုတိ ယဥကၠ႒ျဖစ္သည့္ ေဒါက္တာတိုးနႏၵာတင္ က ဆိုသည္။

 


ငါးလုပ္ငန္းအဖြဲ႕ခ်ဳပ္အေနျဖင့္ ပန္း တေနာ္ရွိ စံျပ Food Complex ႀကီး ေအာင္ျမင္သြားပါက ယင္းကဲ့သို႔ Complex မ်ိဳးကို ျမန္မာျပည္အႏွံ႔ငါးေမြးျမဴႏိုင္ သည့္ေနရာအားလုံးတြင္ ျပဳလုပ္သြားမည္ ျဖစ္ေၾကာင္း သိရွိရသည္။

 


ငါးေမြးျမဴထုတ္လုပ္ေရးဇုန္ႀကီးကို ျမန္မာႏိုင္ငံ ငါးလုပ္ငန္းအဖြဲ႕ခ်ဳပ္၏ဦး ေဆာင္မႈျဖင့္ Global Earth Agro & Aqua Industry အမ်ားပိုင္ကုမၸဏီကို ၂၀၁၈ ခုႏွစ္ ႏွစ္ဆန္းပိုင္းတြင္ စတင္တည္ ေထာင္ခဲ့ၿပီး ေခတ္မီငါးသားေဖာက္လုပ္ ငန္း၊ ေခတ္မီစနစ္ျဖင့္ အသားတိုး ငါးေမြး ျမဴေရးလုပ္ငန္း၊ ေခတ္မီအစာစက္႐ုံ၊ ေခတ္မီအေအးခန္းစက္႐ုံ၊ ေဘးထြက္ ပစၥည္းျပဳျပင္ထုတ္လုပ္ေသာစက္႐ုံ၊ ဝန္ ထမ္းအိမ္ရာမ်ားႏွင့္ စာသင္ေက်ာင္း၊ ေဆးခန္းတို႔ပါဝင္သည့္ Food Industry Complex စီမံကိန္းကို အေကာင္အထည္ ေဖာ္သြားမည္ဟုသိရသည္။

 

 

Source: Pyi Myanmar

Read 3377 times Last modified on Thursday, 20 February 2020 17:08
Rate this item
(0 votes)