ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်းတွင် ဂျပန်က လျှပ်စစ်ထုတ်လုပ်သည့်စက်ရုံ Chemical plant နှင့် Steel plant တို့လုပ်ကိုင်ရန်စိတ်ဝင်စား

ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်းတွင် ဂျပန်က လျှပ်စစ်ထုတ်လုပ်သည့်စက်ရုံ Chemical plant နှင့် Steel plant တို့လုပ်ကိုင်ရန်စိတ်ဝင်စား GOOGLE

ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်း တွင် ဂျပန်နိုင်ငံအနေဖြင့် လျှပ်စစ်ထုတ် လုပ်သည့်စက်ရုံ၊ Chemical plant၊ Steel plant တို့ကို လုပ်ကိုင်ရန် စိတ် ဝင်စားမှုရှိကြောင်း စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယ ဝန် ကြီး ဦးအောင်ထူးက ပြောကြားခဲ့သည်။


“ထားဝယ်ရေနက်ဆိပ်ကမ်းစီမံ ကိန်းက နှစ်ပိုင်းရှိပါတယ်။ တစ်ပိုင်းက initial phase 27 sq kilometer ရှိပါ တယ်။ အဲဒါကတော့ အီတာလျံထိုင်းနဲ့ စာ ချုပ်ချုပ်ထားပြီးသားဖြစ်တယ်။ ဒီ့ထက် ကြီးတဲ့ဧရိယာကိုတော့ ဂျပန်နိုင်ငံက စိတ် ဝင်စားပါတယ်။ သူတို့ကတော့ လျှပ်စစ် ထုတ်တာတို့၊ Chemical plant၊ Steel plant တို့လုပ်ဖို့စိတ်ဝင်စားပါတယ်။ တကယ်တမ်း ထားဝယ်ကိုသွားကြည့်တဲ့အခါ အလားအလာတော်တော်ရှိပါတယ်။ ဒါ လေးကို သေချာလုပ်မယ်ဆိုရင် မဟာဗျူ ဟာအရလည်း တကယ့်ကို အရေးပါတဲ့ တစ်ခုပါပဲ”ဟု ဒုတိယ ဝန်ကြီးကပြောကြားခဲ့ သည်။

 


ထို့ပြင် initial phase 27 sq kilometer စီမံကိန်းအတွက် ကြိုတင် ဆောင်ရွက်ရမည့် လုပ်ငန်းများ ပြီးစီးသွား ပြီဖြစ်သည့်အတွက် အီတာလျံထိုင်း ကုမ္ပဏီအနေဖြင့် ဆက်လက်လုပ်ကိုင်လို မှုရှိမရှိကို မြန်မာနိုင်ငံဘက်မှ မေးမြန်း ထားပြီးအီတာလျံ ထိုင်းကုမ္ပဏီမှ ဆက်လက်လုပ်ကိုင်မည် ဆိုပါက မြေငှားစာချုပ်ကို ချုပ်ဆိုကာ ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်းသိရှိရသည်။

 


ထားဝယ်ရေနက်ဆိပ်ကမ်းကို လုပ် ဆောင်လာသည်မှာ ၁၀ နှစ်ကျော်ရှိ ပြီ ဖြစ်သော်လည်း တိုးတက်မှုမရှိပေ။ သို့သော် လမ်းပန်းဆက် သွယ် ရေးနှင့်ပတ်သက်ပြီး ထိုင်းနိုင်ငံနှင့် အရှေ့ အနောက်စီးပွားရေးစြင်္ကံံတွင် လမ်း ဖောက်ရန် ထိုင်းနိုင်ငံနှင့်လည်း သဘောတူပြီးဖြစ်သဖြင့် မကြာခင်တွင် ကီလိုမီတာ ၁၃၀ ကျော်ရှိသည့် လမ်းကို ဖောက်မည်ဖြစ်ကြောင်းသိရသည်။

 

 

ထို့ပြင် ဂျပန်နိုင်ငံအနေဖြင့် ထားဝယ်ရေနက်ဆိပ် ကမ်းလုပ်ငန်းအပြင် တနင်္သာရီတိုင်းဒေသ ကြီးတစ်ခုလုံး ဖွံ့ဖြိုးရေးအတွက်ပါ လုပ် ဆောင်လိုကြောင်း သိရသည်။

 

 

Source; Pyi Myanmar

 

 

Myanmar Builders Guide

 

 

ထားဝယ္ေရနက္ဆိပ္ကမ္းစီမံကိန္း တြင္ ဂ်ပန္ႏိုင္ငံအေနျဖင့္ လၽွပ္စစ္ထုတ္ လုပ္သည့္စက္႐ုံ၊ Chemical plant၊ Steel plant တို႔ကို လုပ္ကိုင္ရန္ စိတ္ ဝင္စားမႈရွိေၾကာင္း စီးပြားေရးႏွင့္ကူးသန္း ေရာင္းဝယ္ေရးဝန္ႀကီးဌာန ဒုတိယ ဝန္ ႀကီး ဦးေအာင္ထူးက ေျပာၾကားခဲ့သည္။



“ထားဝယ္ေရနက္ဆိပ္ကမ္းစီမံ ကိန္းက ႏွစ္ပိုင္းရွိပါတယ္။ တစ္ပိုင္းက initial phase 27 sq kilometer ရွိပါ တယ္။ အဲဒါကေတာ့ အီတာလ်ံထိုင္းနဲ႔ စာ ခ်ဳပ္ခ်ဳပ္ထားၿပီးသားျဖစ္တယ္။ ဒီ့ထက္ ႀကီးတဲ့ဧရိယာကိုေတာ့ ဂ်ပန္ႏိုင္ငံက စိတ္ ဝင္စားပါတယ္။ သူတို႔ကေတာ့ လၽွပ္စစ္ ထုတ္တာတို႔၊ Chemical plant၊ Steel plant တို႔လုပ္ဖို႔စိတ္ဝင္စားပါတယ္။ တကယ္တမ္း ထားဝယ္ကိုသြားၾကည့္တဲ့အခါ အလားအလာေတာ္ေတာ္ရွိပါတယ္။ ဒါ ေလးကို ေသခ်ာလုပ္မယ္ဆိုရင္ မဟာဗ်ဴ ဟာအရလည္း တကယ့္ကို အေရးပါတဲ့ တစ္ခုပါပဲ”ဟု ဒုတိယ ဝန္ႀကီးကေျပာၾကားခဲ့ သည္။

 

ထို႔ျပင္ initial phase 27 sq kilometer စီမံကိန္းအတြက္ ႀကိဳတင္ ေဆာင္႐ြက္ရမည့္ လုပ္ငန္းမ်ား ၿပီးစီးသြား ၿပီျဖစ္သည့္အတြက္ အီတာလ်ံထိုင္း ကုမၸဏီအေနျဖင့္ ဆက္လက္လုပ္ကိုင္လို မႈရွိမရွိကို ျမန္မာႏိုင္ငံဘက္မွ ေမးျမန္း ထားျပီးအီတာလ်ံ ထိုင္းကုမၸဏီမွ ဆက္လက္လုပ္ကိုင္မည္ ဆိုပါက ေျမငွားစာခ်ဳပ္ကို ခ်ဳပ္ဆိုကာ ဆက္လက္လုပ္ေဆာင္သြားမည္ျဖစ္ေၾကာင္းသိရွိရသည္။

 

က်ဴးေက်ာ္ေနထိုင္သူမ်ားအတြက္ တိုင္းအစိုးရကေပးမည့္ အိမ္ရာစီမံကိန္းမ်ားကို လွ်ပ္စစ္မီးကူညီေထာက္ပံ့ေပးမည့္ YESC

 


ထားဝယ္ေရနက္ဆိပ္ကမ္းကို လုပ္ ေဆာင္လာသည္မွာ ၁၀ ႏွစ္ေက်ာ္ရွိ ၿပီ ျဖစ္ေသာ္လည္း တိုးတက္မႈမရွိေပ။ သို႔ေသာ္ လမ္းပန္းဆက္ သြယ္ ေရးႏွင့္ပတ္သက္ၿပီး ထိုင္းႏိုင္ငံႏွင့္ အေရွ႕ အေနာက္စီးပြားေရးစႀကႍံတြင္ လမ္း ေဖာက္ရန္ ထိုင္းႏိုင္ငံႏွင့္လည္း သေဘာတူၿပီးျဖစ္သျဖင့္ မၾကာခင္တြင္ ကီလိုမီတာ ၁၃၀ ေက်ာ္ရွိသည့္ လမ္းကို ေဖာက္မည္ျဖစ္ေၾကာင္းသိရသည္။

 

ထို႔ျပင္ ဂ်ပန္ႏိုင္ငံအေနျဖင့္ ထားဝယ္ေရနက္ဆိပ္ ကမ္းလုပ္ငန္းအျပင္ တနသၤာရီတိုင္းေဒသ ႀကီးတစ္ခုလုံး ဖြံ႕ၿဖိဳးေရးအတြက္ပါ လုပ္ ေဆာင္လိုေၾကာင္း သိရသည္။

Read 3364 times Last modified on Thursday, 20 February 2020 17:20
Rate this item
(0 votes)