ဂျပန်နိုင်ငံက ထားဝယ် အထူးစီးပွားရေးဇုန် အပါအဝင် တနင်္သာရီတိုင်းဒေသကြီး တစ်ခုလုံး ဖွံ့ဖြိုးတိုးတက်ရေး လုပ်ကိုင်ရန် စိတ်ဝင်စားနေပြီး စီမံကိန်းဆိုင်ရာစာတမ်း တစ်ခု ပြုလုပ်ထားပြီ ဖြစ်ကြောင်း ဒုတိယဝန်ကြီးပြောကြား

ဂျပန်နိုင်ငံက ထားဝယ် အထူးစီးပွားရေးဇုန် အပါအဝင် တနင်္သာရီတိုင်းဒေသကြီး တစ်ခုလုံး ဖွံ့ဖြိုးတိုးတက်ရေး လုပ်ကိုင်ရန် စိတ်ဝင်စားနေပြီး စီမံကိန်းဆိုင်ရာစာတမ်း တစ်ခု ပြုလုပ်ထားပြီ ဖြစ်ကြောင်း ဒုတိယဝန်ကြီးပြောကြား Daily Eleven

ဂျပန်နိုင်ငံက ထားဝယ်အထူးစီးပွားရေးဇုန်အပါအဝင် တနင်္သာရီတိုင်းဒေသကြီး တစ်ခုလုံး ဖွံ့ဖြိုးတိုးတက်ရေးလုပ်ကိုင်ရန်အတွက် စိတ်ဝင်စားနေပြီး စီမံကိန်းဆိုင်ရာစာ တမ်းတစ်ခု ပြုလုပ်ထားပြီဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူးက ပြောကြားသည်။


ထားဝယ်အထူးစီးပွားရေးဇုန်စီမံကိန်း အကောင်အထည်ဖော်ရန် လွန်ခဲ့သည့် ၁၀ နှစ်ကျော်ကတည်းက စီစဉ်ခဲ့သော်လည်း တိုးတက်မှုနှေးကွေးခဲ့ကြောင်း၊ မြန်မာနိုင်ငံရှိ အထူးစီးပွားရေးဇုန်များအနက် သီလဝါ အထူးစီးပွားရေးဇုန်သည် တိုးတက်မှုအမြန်ဆုံးဖြစ်ကာ ဂျပန်အစိုးရနှင့် မြန်မာအစိုးရ အကြား ပူးပေါင်းအကောင်အထည်ဖော်နေ ခြင်းဖြစ်ကြောင်း သိရသည်။

 

 

“ထားဝယ်က လုပ်တာ ၁၀ နှစ်ကျော် လောက်ရှိပြီ။ သိပ်တော့တိုးတက်မှုမရှိဘူး။ ပထမ လုပ်ခဲ့တာက အီတာလျံ-ထိုင်းကုမ္ပဏီ နဲ့လုပ်ခဲ့တယ်။ သူ့ရဲ့ ဘဏ္ဍာရေးအခြေအနေက သိပ်ပြီးခိုင်မာမှုမရှိဘူး။ တစ်ဖက်မှာ လည်း ဒီဟာကို အောင်မြင်ဖို့အတွက် အခြေခံ လိုအပ်ချက်တွေ ဖြည့်ဆည်းပေးဖို့ လိုအပ် တယ်။

 

 

အဲဒါက ဘာတွေလဲဆိုတော့ အချက် တွေ အများကြီးရှိတယ်။မြေငှားမယ်၊ လမ်း ပန်းဆက်သွယ်ရေးတွေ လုပ်ပေးရမယ် စသ ဖြင့်ပေါ့လေ။ ဖြည့်ဆည်းတာက ပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ EIA, SIA လုပ်မယ်ပေါ့။ ဒါတွေက မကြာသေးခင်ကာလကမှ ပြီးသွားတာဖြစ်ပါတယ်”ဟု စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူးက ပြောကြားသည်။

 

 

“ထားဝယ်မှာ အီတာလျံ-ထိုင်းက လုပ်နေရာက နောက်ပိုင်းမှာ ဂျပန်အစိုးရကပါ ဝင်လာတယ်။ နောက်ပိုင်းမှာ ဂျပန်က စိတ်ဝင်စားမှု ပိုပြီးမြင့်တက်လာတဲ့သဘောရှိပါ တယ်။ နောက်တစ်ခုက ထားဝယ်တင်မကဘဲ တနင်္သာတိုင်းဒေသကြီးတစ်ခုလုံး ဖွံ့ဖြိုးတိုးတက်ဖို့အတွက် လုပ်ချင်တဲ့ Survey မကြာ ခင်က လုပ်ထားတာရှိပါတယ်။ လုပ်ထားတော့ သူတို့ ဝင်လာတဲ့အခါကျရင် ဒီဟာက တက်လာမယ့်သဘောရှိပါတယ်”ဟု ဒုတိယ ဝန်ကြီးဦးအောင်ထူးက ဆိုသည်။

 

 

ထားဝယ် အထူးစီးပွားရေးဇုန်စီမံကိန်း တွင် ကနဦးစီမံကိန်းနှင့် ပင်မစီမံကိန်းကို တ ပြိုင်နက်အကောင်အထည်ဖော်ရန်အတွက် (၉)ကြိမ်မြောက် မြန်မာ-ထိုင်းပူးတွဲကော်မတီ အစည်းအဝေး၌ မြန်မာဘက်က ထပ်မံအဆိုပြုထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

 

 

“ထားဝယ်အထူးစီးပွားရေးဇုန်က အကြမ်းဖျင်းအားဖြင့် ကနဦးစီမံကိန်းမှာ စိန်ခေါ် မှုတွေရှိနေတယ်ဆိုတာကို နှစ်ဖက်အစိုးရက အသိအမှတ်ပြုတဲ့သဘောပေါ့နော်။ အဲဒီ ကနဦးစီမံကိန်းနဲ့ ပင်မစီမံကိန်းကို တပြိုင်နက်ဆောင်ရွက်ရန် မြန်မာဘက်က ထပ်ပြီး အဆိုပြုလိုက်တယ်။ အဲဒီအတွက် ဆက်ပြီး ဆွေးနွေးမယ်။

 

 

ထားဝယ်အထူးစီးပွားရေးဇုန်အတွက် လျှပ်စစ်ဖြန့်ဖြူးရေးဆိုင်ရာလုပ် ငန်းတွေနဲ့ပတ်သက်ပြီး လျှပ်စစ်ဝန်ကြီးဌာန က ဆောင်ရွက်ထားတာတွေကို အသိအမှတ် ပြုခဲ့တယ်။နောက်တစ်ခုက SPV နဲ့ပတ် သက်ပြီး သူ့ရဲ့ဖွဲ့စည်းပုံတွေကို နှစ်ဖက်ပြန် လေ့လာမယ်၊ သုံးသပ်မယ်ဆိုတာတွေကို သ ဘောတူခဲ့တယ်”ဟု စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန လက်ထောက် အတွင်းဝန်ဦးခင်မောင်လွင်က ပြောကြား သည်။

 


ထားဝယ်အထူးစီးပွားရေးဇုန်ဘက်စုံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မြန်မာ-ထိုင်း ပူး တွဲကော်မတီ (JCC) ဝန်ကြီးအဆင့် အစည်းအဝေးကို အောက်တိုဘာ ၃ ရက်က နေပြည် တော်၌ ကျင်းပခဲ့သည်။

 

 

(၉) ကြိမ်မြောက် မြန်မာ-ထိုင်းပူးတွဲ ကော်မတီ (JCC) အစည်းအဝေးတွင် ထား ဝယ်အထူးစီးပွားရေးဇုန်ဘက်စုံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မြန်မာ-ထိုင်းနှစ်နိုင်ငံ ဆက်လက်ဆောင်ရွက်သွားမည့်အစီအစဉ်များ၊ ထားဝယ်အထူးစီးပွားရေးဇုန် တည်ဆောက်ရေးအတွက် ကနဦးစီမံကိန်းနှင့်အ တူ တစ်ပြိုင်နက်တည်း ဆောင်ရွက်သွားမည့် ပင်မစီမံကိန်းအကောင်အထည်ဖော်ရန် ကိစ္စ ရပ်များ၊ ထားဝယ်အထူးစီးပွားရေးဇုန် ဖွံ့ဖြိုး တိုးတက်ရေးကုမ္ပဏီလီမိတက် SPV ၏ အခန်းကဏ္ဍနှင့် ဖွဲ့စည်းပုံ၊ နှစ်လမ်းသွားကား လမ်းဖောက်လုပ်ရေးအတွက် ဆက်လက် ဆောင်ရွက်သွားမည့် အစီအစဉ်များနှင့် မြန်မာ-ထိုင်းနှစ် နိုင်ငံ ပူးတွဲအဆင့်မြင့်ကော် မတီ(JHC)ကျင်းပရန် ကိစ္စရပ်တို့ကို ဆွေး နွေးခဲ့ကြကြောင်း သိရသည်။

 


Source-Daily Eleven

 

 

Myanmar Builders Guide

 

 

---Zawgyi---

 

 

ဂ်ပန္ႏိုင္ငံက ထားဝယ္ အထူးစီးပြားေရးဇုန္ အပါအဝင္ တနသၤာရီတိုင္းေဒသႀကီး တစ္ခုလုံး ဖြံ႕ၿဖိဳးတိုးတက္ေရး လုပ္ကိုင္ရန္ စိတ္ဝင္စားေနၿပီး စီမံကိန္းဆိုင္ရာစာတမ္း တစ္ခု ျပဳလုပ္ထားၿပီ ျဖစ္ေၾကာင္း ဒုတိယဝန္ႀကီးေျပာၾကား

 

 

ဂ်ပန္ႏိုင္ငံက ထားဝယ္အထူးစီးပြားေရးဇုန္အပါအဝင္ တနသၤာရီတိုင္းေဒသႀကီး တစ္ခုလုံး ဖြံ႕ၿဖိဳးတိုးတက္ေရးလုပ္ကိုင္ရန္အတြက္ စိတ္ဝင္စားေနၿပီး စီမံကိန္းဆိုင္ရာစာ တမ္းတစ္ခု ျပဳလုပ္ထားၿပီျဖစ္ေၾကာင္း စီးပြားေရးႏွင့္ ကူးသန္းေရာင္းဝယ္ေရးဝန္ႀကီးဌာန ဒုတိယဝန္ႀကီး ဦးေအာင္ထူးက ေျပာၾကားသည္။

 


ထားဝယ္အထူးစီးပြားေရးဇုန္စီမံကိန္း အေကာင္အထည္ေဖာ္ရန္ လြန္ခဲ့သည့္ ၁၀ ႏွစ္ေက်ာ္ကတည္းက စီစဥ္ခဲ့ေသာ္လည္း တိုးတက္မႈေႏွးေကြးခဲ့ေၾကာင္း၊ ျမန္မာႏိုင္ငံရွိ အထူးစီးပြားေရးဇုန္မ်ားအနက္ သီလဝါ အထူးစီးပြားေရးဇုန္သည္ တိုးတက္မႈအျမန္ဆုံးျဖစ္ကာ ဂ်ပန္အစိုးရႏွင့္ ျမန္မာအစိုးရ အၾကား ပူးေပါင္းအေကာင္အထည္ေဖာ္ေန ျခင္းျဖစ္ေၾကာင္း သိရသည္။

 

 

“ထားဝယ္က လုပ္တာ ၁၀ ႏွစ္ေက်ာ္ ေလာက္ရွိၿပီ။ သိပ္ေတာ့တိုးတက္မႈမရွိဘူး။ ပထမ လုပ္ခဲ့တာက အီတာလ်ံ-ထိုင္းကုမၸဏီ နဲ႔လုပ္ခဲ့တယ္။ သူ႔ရဲ႕ ဘ႑ာေရးအေျခအေနက သိပ္ၿပီးခိုင္မာမႈမရွိဘူး။ တစ္ဖက္မွာ လည္း ဒီဟာကို ေအာင္ျမင္ဖို႔အတြက္ အေျခခံ လိုအပ္ခ်က္ေတြ ျဖည့္ဆည္းေပးဖို႔ လိုအပ္ တယ္။

 

 

အဲဒါက ဘာေတြလဲဆိုေတာ့ အခ်က္ ေတြ အမ်ားႀကီးရွိတယ္။ေျမငွားမယ္၊ လမ္း ပန္းဆက္သြယ္ေရးေတြ လုပ္ေပးရမယ္ စသ ျဖင့္ေပါ့ေလ။ ျဖည့္ဆည္းတာက ပတ္ဝန္းက်င္ ထိန္းသိမ္းေရး၊ EIA, SIA လုပ္မယ္ေပါ့။ ဒါေတြက မၾကာေသးခင္ကာလကမွ ၿပီးသြားတာျဖစ္ပါတယ္”ဟု စီးပြားေရးႏွင့္ ကူးသန္း ေရာင္းဝယ္ေရးဝန္ႀကီးဌာန ဒုတိယဝန္ႀကီး ဦးေအာင္ထူးက ေျပာၾကားသည္။

 

 

“ထားဝယ္မွာ အီတာလ်ံ-ထိုင္းက လုပ္ေနရာက ေနာက္ပိုင္းမွာ ဂ်ပန္အစိုးရကပါ ဝင္လာတယ္။ ေနာက္ပိုင္းမွာ ဂ်ပန္က စိတ္ဝင္စားမႈ ပိုၿပီးျမင့္တက္လာတဲ့သေဘာရွိပါ တယ္။ ေနာက္တစ္ခုက ထားဝယ္တင္မကဘဲ တနသၤာတိုင္းေဒသႀကီးတစ္ခုလုံး ဖြံ႕ၿဖိဳးတိုးတက္ဖို႔အတြက္ လုပ္ခ်င္တဲ့ Survey မၾကာ ခင္က လုပ္ထားတာရွိပါတယ္။ လုပ္ထားေတာ့ သူတို႔ ဝင္လာတဲ့အခါက်ရင္ ဒီဟာက တက္လာမယ့္သေဘာရွိပါတယ္”ဟု ဒုတိယ ဝန္ႀကီးဦးေအာင္ထူးက ဆိုသည္။

 

 

ထားဝယ္ အထူးစီးပြားေရးဇုန္စီမံကိန္း တြင္ ကနဦးစီမံကိန္းႏွင့္ ပင္မစီမံကိန္းကို တ ၿပိဳင္နက္အေကာင္အထည္ေဖာ္ရန္အတြက္ (၉)ႀကိမ္ေျမာက္ ျမန္မာ-ထိုင္းပူးတြဲေကာ္မတီ အစည္းအေဝး၌ ျမန္မာဘက္က ထပ္မံအဆိုျပဳထားေၾကာင္း စီးပြားေရးႏွင့္ ကူးသန္းေရာင္းဝယ္ေရးဝန္ႀကီးဌာနမွ သိရသည္။

 

 

“ထားဝယ္အထူးစီးပြားေရးဇုန္က အၾကမ္းဖ်င္းအားျဖင့္ ကနဦးစီမံကိန္းမွာ စိန္ေခၚ မႈေတြရွိေနတယ္ဆိုတာကို ႏွစ္ဖက္အစိုးရက အသိအမွတ္ျပဳတဲ့သေဘာေပါ့ေနာ္။ အဲဒီ ကနဦးစီမံကိန္းနဲ႔ ပင္မစီမံကိန္းကို တၿပိဳင္နက္ေဆာင္႐ြက္ရန္ ျမန္မာဘက္က ထပ္ၿပီး အဆိုျပဳလိုက္တယ္။ အဲဒီအတြက္ ဆက္ၿပီး ေဆြးေႏြးမယ္။

 

 

ထားဝယ္အထူးစီးပြားေရးဇုန္အတြက္ လွ်ပ္စစ္ျဖန႔္ျဖဴးေရးဆိုင္ရာလုပ္ ငန္းေတြနဲ႔ပတ္သက္ၿပီး လွ်ပ္စစ္ဝန္ႀကီးဌာန က ေဆာင္႐ြက္ထားတာေတြကို အသိအမွတ္ ျပဳခဲ့တယ္။ေနာက္တစ္ခုက SPV နဲ႔ပတ္ သက္ၿပီး သူ႔ရဲ႕ဖြဲ႕စည္းပုံေတြကို ႏွစ္ဖက္ျပန္ ေလ့လာမယ္၊ သုံးသပ္မယ္ဆိုတာေတြကို သ ေဘာတူခဲ့တယ္”ဟု စီးပြားေရးႏွင့္ကူးသန္း ေရာင္းဝယ္ေရးဝန္ႀကီးဌာန လက္ေထာက္ အတြင္းဝန္ဦးခင္ေမာင္လြင္က ေျပာၾကား သည္။

 


ထားဝယ္အထူးစီးပြားေရးဇုန္ဘက္စုံ ဖြံ႕ၿဖိဳးတိုးတက္ေရးအတြက္ ျမန္မာ-ထိုင္း ပူး တြဲေကာ္မတီ (JCC) ဝန္ႀကီးအဆင့္ အစည္းအေဝးကို ေအာက္တိုဘာ ၃ ရက္က ေနျပည္ ေတာ္၌ က်င္းပခဲ့သည္။

 

 

(၉) ႀကိမ္ေျမာက္ ျမန္မာ-ထိုင္းပူးတြဲ ေကာ္မတီ (JCC) အစည္းအေဝးတြင္ ထား ဝယ္အထူးစီးပြားေရးဇုန္ဘက္စုံ ဖြံ႕ၿဖိဳးတိုးတက္ေရးအတြက္ ျမန္မာ-ထိုင္းႏွစ္ႏိုင္ငံ ဆက္လက္ေဆာင္႐ြက္သြားမည့္အစီအစဥ္မ်ား၊ ထားဝယ္အထူးစီးပြားေရးဇုန္ တည္ေဆာက္ေရးအတြက္ ကနဦးစီမံကိန္းႏွင့္အ တူ တစ္ၿပိဳင္နက္တည္း ေဆာင္႐ြက္သြားမည့္ ပင္မစီမံကိန္းအေကာင္အထည္ေဖာ္ရန္ ကိစၥ ရပ္မ်ား၊ ထားဝယ္အထူးစီးပြားေရးဇုန္ ဖြံ႕ၿဖိဳး တိုးတက္ေရးကုမၸဏီလီမိတက္ SPV ၏ အခန္းက႑ႏွင့္ ဖြဲ႕စည္းပုံ၊ ႏွစ္လမ္းသြားကား လမ္းေဖာက္လုပ္ေရးအတြက္ ဆက္လက္ ေဆာင္႐ြက္သြားမည့္ အစီအစဥ္မ်ားႏွင့္ ျမန္မာ-ထိုင္းႏွစ္ ႏိုင္ငံ ပူးတြဲအဆင့္ျမင့္ေကာ္ မတီ(JHC)က်င္းပရန္ ကိစၥရပ္တို႔ကို ေဆြး ေႏြးခဲ့ၾကေၾကာင္း သိရသည္။

 


Source-Daily Eleven

Read 3253 times Last modified on Thursday, 20 February 2020 17:40
Rate this item
(0 votes)