ထားဝယ် SEZ အပါအဝင် တနင်္သာရီတိုင်းတွင်ရင်းနှီးမြှုပ်နှံရန် ဂျပန်နိုင်ငံက စစ်တမ်းတစ်ခု ပြုလုပ်နေ

ထားဝယ် SEZ အပါအဝင် တနင်္သာရီတိုင်းတွင်ရင်းနှီးမြှုပ်နှံရန် ဂျပန်နိုင်ငံက စစ်တမ်းတစ်ခု ပြုလုပ်နေ google

ထားဝယ်အထူးစီးပွား ရေးဇုန် စီမံကိန်း အပါအဝင် တနင်္သာရီတိုင်းတွင် ရင်းနှီးမြှုပ်နှံ ပြီး စီးပွားရေးလုပ်ကိုင်ရန် ဂျပန် နိုင်ငံက စစ်တမ်းတစ်ခုပြုလုပ်နေ ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိ ယဝန်ကြီးဦးအောင်ထူးက ပြော ကြားသည်။

 

ထားဝယ် အထူးစီးပွားရေး ဇုန်နှင့်ပတ်သက်ပြီး ဂျပန်နိုင်ငံက လျှပ်စစ်ထုတ်လုပ်ရေးစက်ရုံများ အပါအဝင် အခြေခံအဆောက်အအုံကဏ္ဍတွင် ရင်းနှီးမြှုပ်နှံရန် လိုလားသည်ဟု ၎င်းက ဆိုသည်။

 

 

သို့သော် အထူးစီးပွားရေး ဇုန်ကို စတင်မည့် ၂၇ စတုရန်း ကီလိုမီတာတွင် ပါဝင်လိုခြင်းမရှိ ဘဲ နောက်ထပ်ပိုမိုကျယ်ပြန့်သည့် ဧရိယာ၌သာ ရင်းနှီးမြှုပ်နှံလို သည်ဟု ဦးအောင်ထူးက ဆိုသည်။

 

 

ကနဦးစတင်မည့် ၂၇ စတု ရန်းကီလိုမီတာတွင် အီတာလျံ ထိုင်းကုမ္ပဏီကို လုပ်ကိုင်ခွင့်ပြု ထားသည်ဟုလည်း ၎င်းကရှင်းပြ သည်။

 

 

ထားဝယ်ရေနက်ဆိပ်ကမ်း နှင့် အထူးစီးပွားရေးဇုန်စီမံကိန်း သည် မြန်မာနိုင်ငံ၏ စီးပွားရေး တွင် အလားအလာရှိသော စီမံ ကိန်းတစ်ခုဖြစ်ကြောင်း ဦးအောင် ထူးက ပြောသည်။

 

 

‘‘ရေနက်ဆိပ်ကမ်းနဲ့ ပတ် သက်ပြီး ဂျပန်က ဆာဗေးကောက် ဖို့ Master Plan ဆွဲဖို့က ဆောင် ရွက်ပြီးနေပါပြီ’’ ဟု တနင်္သာရီ တိုင်း ရင်းနှီးမြှုပ်နှံမှုကော်မတီ ဥက္ကဋ္ဌ ဒေါက်တာထွန်းထွန်းက ပြောသည်။

 

 

ဝန်ကြီးချုပ်အပြောင်းအလဲ ကြောင့် တနင်္သာရီတိုင်းတစ်ခု လုံး စစ်တမ်းကောက်ယူရေးတွင် အချိန်အနည်းငယ် ယူနေရ ကြောင်း ၎င်းကဆိုသည်။

 

 

တနင်္သာရီကမ်းမြောင်ဒေသ ဖွံ့ဖြိုးရေး Master Plan ရေးဆွဲ ရန် JICA က စစ်တမ်းကောက်ယူ ခြင်းဖြစ်သည်။ စီးပွားရေးအရ ရင်းနှီးမြှုပ်နှံနိုင်မည့် နေရာများ သတ်မှတ်နိုင်ရန် ဂျပန်နိုင်ငံက စီစဉ်နေခြင်းဖြစ်သည်ဟု ဒေါက် တာထွန်းထွန်းက ပြောသည်။

 


Source-7Day Daily

 

 

Myanmar Builders Guide

 

 

---Zawgyi---

 

 

ထားဝယ္ SEZ အပါအဝင္ တနသၤာရီတိုင္းတြင္ရင္းႏွီးျမႇဳပ္ႏွံရန္ ဂ်ပန္ႏိုင္ငံက စစ္တမ္းတစ္ခု ျပဳလုပ္ေန

 

 

ထားဝယ္အထူးစီးပြား ေရးဇုန္ စီမံကိန္း အပါအဝင္ တနသၤာရီတိုင္းတြင္ ရင္းႏွီးျမႇဳပ္ႏွံ ၿပီး စီးပြားေရးလုပ္ကိုင္ရန္ ဂ်ပန္ ႏိုင္ငံက စစ္တမ္းတစ္ခုျပဳလုပ္ေန ေၾကာင္း စီးပြားေရးႏွင့္ကူးသန္း ေရာင္းဝယ္ေရးဝန္ႀကီးဌာန ဒုတိ ယဝန္ႀကီးဦးေအာင္ထူးက ေျပာ ၾကားသည္။

 

 

ထားဝယ္ အထူးစီးပြားေရး ဇုန္ႏွင့္ပတ္သက္ၿပီး ဂ်ပန္ႏိုင္ငံက လွ်ပ္စစ္ထုတ္လုပ္ေရးစက္႐ုံမ်ား အပါအဝင္ အေျခခံအေဆာက္အအုံက႑တြင္ ရင္းႏွီးျမႇဳပ္ႏွံရန္ လိုလားသည္ဟု ၎ကဆိုသည္။

 

 

သို႔ေသာ္ အထူးစီးပြားေရး ဇုန္ကို စတင္မည့္ ၂၇ စတုရန္း ကီလိုမီတာတြင္ ပါဝင္လိုျခင္းမရွိ ဘဲ ေနာက္ထပ္ပိုမိုက်ယ္ျပန႔္သည့္ ဧရိယာ၌သာ ရင္းႏွီးျမႇဳပ္ႏွံလို သည္ဟု ဦးေအာင္ထူးကဆို သည္။

 

 

ကနဦးစတင္မည့္ ၂၇ စတု ရန္းကီလိုမီတာတြင္ အီတာလ်ံ ထိုင္းကုမၸဏီကို လုပ္ကိုင္ခြင့္ျပဳ ထားသည္ဟုလည္း ၎ကရွင္းျပ သည္။

 

 

ထားဝယ္ေရနက္ဆိပ္ကမ္း ႏွင့္ အထူးစီးပြားေရးဇုန္စီမံကိန္း သည္ ျမန္မာႏိုင္ငံ၏ စီးပြားေရး တြင္ အလားအလာရွိေသာ စီမံ ကိန္းတစ္ခုျဖစ္ေၾကာင္း ဦးေအာင္ ထူးက ေျပာသည္။

 

 

‘‘ေရနက္ဆိပ္ကမ္းနဲ႔ ပတ္ သက္ၿပီး ဂ်ပန္က ဆာေဗးေကာက္ ဖို႔ Master Plan ဆြဲဖို႔က ေဆာင္ ႐ြက္ၿပီးေနပါၿပီ’’ ဟု တနသၤာရီ တိုင္း ရင္းႏွီးျမႇဳပ္ႏွံမႈေကာ္မတီ ဥကၠ႒ ေဒါက္တာထြန္းထြန္းက ေျပာသည္။

 

 

ဝန္ႀကီးခ်ဳပ္အေျပာင္းအလဲ ေၾကာင့္ တနသၤာရီတိုင္းတစ္ခု လုံး စစ္တမ္းေကာက္ယူေရးတြင္ အခ်ိန္အနည္းငယ္ ယူေနရ ေၾကာင္း ၎ကဆိုသည္။

 

 

တနသၤာရီကမ္းေျမာင္ေဒသ ဖြံ႕ၿဖိဳးေရး Master Plan ေရးဆြဲ ရန္ JICA က စစ္တမ္းေကာက္ယူ ျခင္းျဖစ္သည္။ စီးပြားေရးအရ ရင္းႏွီးျမႇဳပ္ႏွံႏိုင္မည့္ ေနရာမ်ား သတ္မွတ္ႏိုင္ရန္ ဂ်ပန္ႏိုင္ငံက စီစဥ္ေနျခင္းျဖစ္သည္ဟု ေဒါက္ တာထြန္းထြန္းက ေျပာသည္။

 


Source-7Day Daily

Read 2421 times Last modified on Friday, 21 February 2020 16:35
Rate this item
(0 votes)
Tagged under