ကိုယ်ပိုင်ခြံဝင်းရှင်းလင်းခြင်း၊ တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းနှင့် စက်မှုဇုန်များမှ ထွက်ရှိသည့် အမှိုက်များ စွန့်ပစ်မှုအတွက် တစ်တန်လျှင် ကျပ်နှစ်သောင်း တိုးမြှင့်ကောက်ခံ

ကိုယ်ပိုင်ခြံဝင်းရှင်းလင်းခြင်း၊ တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းနှင့် စက်မှုဇုန်များမှ ထွက်ရှိသည့် အမှိုက်များ စွန့်ပစ်မှုအတွက် တစ်တန်လျှင် ကျပ်နှစ်သောင်း တိုးမြှင့်ကောက်ခံ google

ကိုယ်ပိုင်ခြံဝင်းရှင်းလင်းခြင်း၊ တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း နှင့် စက်မှုဇုန်များမှ ထွက်ရှိသည့် အမှိုက်များ စွန့်ပစ်အမှိုက်ပုံသို့ စွန့်ပစ်မှုတို့အတွက် တစ်တန်လျှင် ကျပ်နှစ်သောင်း တိုးမြှင့် ကောက်ခံမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးမြင့်သောင်းက အောက်တိုဘာ ၉ ရက်တွင် ပြုလုပ်သည့် ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ဒသမ ပုံမှန်အစည်းအဝေး ၁၅ ရက်မြောက်နေ့တွင် ပြောကြားသည်။

 

၂၀၁၉ ခုနှစ် ရန်ကုန်တိုင်းဒေသကြီး၏ အခွန်အခ ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ဥပဒေကြမ်းကော်မတီ၏ အစီရင်ခံစာနှင့် လွှတ်တော်ကိုယ်စားလှယ်များ၏ ဆွေးနွေးခဲ့မှုအပေါ် ပြန်လည်ရှင်းလင်းခြင်းရာတွင် ဝန်ကြီးက ယင်းကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

 

 

“ ယခင်က တစ်တန်ကို ကျပ်ငါးထောင် ကောက်ခံပါတယ်။ နောက်ထပ် တစ်တန်တိုးတိုင်း တိုးတိုင်း တစ်တန်ကို နှစ်ထောင်ကျပ် သတ်မှတ်ထားပါတယ်။၂၀၁၉ စက်တင်ဘာ ၁ ရက်နေ့စပြီးတော့ နှစ်သောင်းကျပ် တိုးမြှင့် ကောက်ခံခဲ့ပါတယ်” ဟု ဝန်ကြီးက ဆိုသည်။

 

 

ကုန်ကျသည့် လစာစရိတ်များ၊ စက်သုံးဆီများနှင့် အခြားကုန်ကျငွေများကို ဌာနမှ ကျခံလျက်ရှိလျက် ရှိကြောင်း၊ နောက်ဆုံးစွန့်ပစ် အမှိုက်ပုံများတွင် အမှိုက်စွန့်ပစ်ခ ကောက်ခံနေမှုမှာ ကိုယ်ပိုင်ခြံဝင်းများ ရှင်းလင်းခြင်း၊ တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းနှင့် စက်မှုဇုန်များမှ ထွက်ရှိသည့် အမှိုက်များအား ၎င်းတို့အစီအစဉ်ဖြင့် နောက်ဆုံးစွန့်ပစ်အမှိုက်ပုံသို့ လာရောက်စွန့်ပစ်မှုများအား သီးခြားကောက်ခံခြင်း ဖြစ်သည်ဟု ဆိုသည်။

 

 

ထိုကဲ့သို့ တိုးမြှင့်သတ်မှတ်ခြင်းမှာ အမှိုက်များအား စက်ယန္တရားများဖြင့် ထိုးဖြန့်ရခြင်း၊ နေရာခွဲ၍ စုပုံရခြင်း၊ ဝန်ထမ်းအင်အားများဖြင့် နေ့ညတာဝန်ယူဆောင်ရွက်ရခြင်း၊ မီးအန္တရာယ်ဆောင်ရွက်ရခြင်း စသည့် ကုန်ကျစရိတ်များရှိသည့်အတွက် တိုးမြှင့်ကောက်ခံခြင်းဖြစ်ကြောင်း ဝန်ကြီးက ပြောကြားသည်။

 

 

“ တခြားတိုင်းပြည်များတွေလို အမှိုက်မီးရှို့စက်များတည်ဆောက်ပြီးတော့ အမှိုက်ကနေ စွမ်းအင်ထုတ်လုပ်ပြီး အမှိုက်တွေကို ဖျက်ဆီးခြင်း၊ မြေကျင်းအတွင်း စနစ်တကျ စွန့်ပစ်ပြီး အမှိုက်မှ စွမ်းအင်ထုတ်လုပ်ခြင်း လုပ်ငန်းများကို နှစ်အလိုက် ဘတ်ဂျက်များ လျာထားပြီးဆောင်ရွက်ရန် စီစဉ်လျက်ရှိပါတယ်” ဟု ဝန်ကြီးဦးမြင့်သောင်းက ပြောကြားသည်။

 

 

ရန်ကုန်မြို့တော်စည်ပင်သာယာရေး နယ်နိမိတ်အတွင်းရှိ မြို့နယ် ၃၃ မြို့နယ်မှ မီးဖိုချောင်ထွက် အမှိုက်များ၊ စီးပွားရေးလုပ်ငန်းများမှ ထွက်ရှိသည့်အမှိုက်များ၊ အများပြည်သူနှင့် သက်ဆိုင်သောနေရာများမှ ထွက်ရှိသော အမှိုက်များ၊ လမ်းမကြီးများမှထွက်ရှိသောအမှိုက်များအား ဌာနဝန်ထမ်းများမှ အမှိုက်သိမ်းယာဉ်များဖြင့် သိမ်းဆည်းသယ်ဆောင်ပြီး နောက်ဆုံးစွန့်ပစ် အမှိုက်ပုံသို့ ပို့ဆောင်ခြင်း၊ ပို့ဆောင်ထားသည့်အမှိုက်များအား နောက်ဆုံးစွန့်ပစ်အမှိုက်ပုံတွင်ယန္တရားများ အသုံးပြု၍ ဖြန့်ခွဲနေရာချခြင်းများကို ဝန်ထမ်းအင်အားများဖြင့် နေ့ညဆောင်ရွက်နေကြောင်း ဝန်ကြီးက ပြောကြားသည်။

 

 

စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်မှုများနှင့် ပတ်သက်ပြီး ၂၀၁၈ ရန်ကုန်မြို့တော်စည်ပင် သာယာရေးဥပဒေအတိုင်း ဆောင်ရွက်နေကြောင်း၊ ယခင်သတ်မှတ်ထားသည့် အမှုတစ်မှုအတွက် ကျပ်တစ်သောင်းဟု ဖော်ပြမှုအား ၂၀၁၈ ရန်ကုန်မြို့တော် စည်ပင်သာယာရေးဥပဒေ အသက်ဝင်သည့်အချိန်မှစ၍ကျင့်သုံးမှု မရှိတော့ကြောင်း ဝန်ကြီးက ပြောကြားသည်။

 

 

Source-Daily Eleven

 

 

Myanmar Builders Guide

 

 

---Zawgyi---

 

 

ကိုယ္ပိုင္ၿခံဝင္းရွင္းလင္းျခင္း၊ တည္ေဆာက္ေရးလုပ္ငန္းမ်ား ေဆာင္႐ြက္ျခင္းႏွင့္ စက္မႈဇုန္မ်ားမွ ထြက္ရွိသည့္ အမႈိက္မ်ား စြန႔္ပစ္မႈအတြက္ တစ္တန္လွ်င္ က်ပ္ႏွစ္ေသာင္း တိုးျမႇင့္ေကာက္ခံ

 

 

ကိုယ္ပိုင္ၿခံဝင္းရွင္းလင္းျခင္း၊ တည္ေဆာက္ေရးလုပ္ငန္းမ်ား ေဆာင္႐ြက္ျခင္း ႏွင့္ စက္မႈဇုန္မ်ားမွ ထြက္ရွိသည့္ အမႈိက္မ်ား စြန႔္ပစ္အမႈိက္ပုံသို႔ စြန႔္ပစ္မႈတို႔အတြက္ တစ္တန္လွ်င္ က်ပ္ႏွစ္ေသာင္း တိုးျမႇင့္ ေကာက္ခံမည္ျဖစ္ေၾကာင္း ရန္ကုန္တိုင္းေဒသႀကီး အစိုးရအဖြဲ႕၊ စီမံကိန္းႏွင့္ ဘ႑ာေရးဝန္ႀကီး ဦးျမင့္ေသာင္းက ေအာက္တိုဘာ ၉ ရက္တြင္ ျပဳလုပ္သည့္ ဒုတိယအႀကိမ္ ရန္ကုန္တိုင္းေဒသႀကီး လႊတ္ေတာ္ ဒသမ ပုံမွန္အစည္းအေဝး ၁၅ ရက္ေျမာက္ေန႔တြင္ ေျပာၾကားသည္။

 

 

၂၀၁၉ ခုႏွစ္ ရန္ကုန္တိုင္းေဒသႀကီး၏ အခြန္အခ ဥပေဒၾကမ္းႏွင့္စပ္လ်ဥ္း၍ ဥပေဒၾကမ္းေကာ္မတီ၏ အစီရင္ခံစာႏွင့္ လႊတ္ေတာ္ကိုယ္စားလွယ္မ်ား၏ ေဆြးေႏြးခဲ့မႈအေပၚ ျပန္လည္ရွင္းလင္းျခင္းရာတြင္ ဝန္ႀကီးက ယင္းကဲ့သို႔ ထည့္သြင္းေျပာၾကားခဲ့ျခင္းျဖစ္သည္။

 

 

“ ယခင္က တစ္တန္ကို က်ပ္ငါးေထာင္ ေကာက္ခံပါတယ္။ ေနာက္ထပ္ တစ္တန္တိုးတိုင္း တိုးတိုင္း တစ္တန္ကို ႏွစ္ေထာင္က်ပ္ သတ္မွတ္ထားပါတယ္။၂၀၁၉ စက္တင္ဘာ ၁ ရက္ေန႔စၿပီးေတာ့ ႏွစ္ေသာင္းက်ပ္ တိုးျမႇင့္ ေကာက္ခံခဲ့ပါတယ္” ဟု ဝန္ႀကီးက ဆိုသည္။

 

 

ကုန္က်သည့္ လစာစရိတ္မ်ား၊ စက္သုံးဆီမ်ားႏွင့္ အျခားကုန္က်ေငြမ်ားကို ဌာနမွ က်ခံလ်က္ရွိလ်က္ ရွိေၾကာင္း၊ ေနာက္ဆုံးစြန႔္ပစ္ အမႈိက္ပုံမ်ားတြင္ အမႈိက္စြန႔္ပစ္ခ ေကာက္ခံေနမႈမွာ ကိုယ္ပိုင္ၿခံဝင္းမ်ား ရွင္းလင္းျခင္း၊ တည္ေဆာက္ေရးလုပ္ငန္းမ်ား ေဆာင္႐ြက္ျခင္းႏွင့္ စက္မႈဇုန္မ်ားမွ ထြက္ရွိသည့္ အမႈိက္မ်ားအား ၎တို႔အစီအစဥ္ျဖင့္ ေနာက္ဆုံးစြန႔္ပစ္အမႈိက္ပုံသို႔ လာေရာက္စြန႔္ပစ္မႈမ်ားအား သီးျခားေကာက္ခံျခင္း ျဖစ္သည္ဟု ဆိုသည္။

 

 

ထိုကဲ့သို႔ တိုးျမႇင့္သတ္မွတ္ျခင္းမွာ အမႈိက္မ်ားအား စက္ယႏၲရားမ်ားျဖင့္ ထိုးျဖန႔္ရျခင္း၊ ေနရာခြဲ၍ စုပုံရျခင္း၊ ဝန္ထမ္းအင္အားမ်ားျဖင့္ ေန႔ညတာဝန္ယူေဆာင္႐ြက္ရျခင္း၊ မီးအႏၲရာယ္ေဆာင္႐ြက္ရျခင္း စသည့္ ကုန္က်စရိတ္မ်ားရွိသည့္အတြက္ တိုးျမႇင့္ေကာက္ခံျခင္းျဖစ္ေၾကာင္း ဝန္ႀကီးက ေျပာၾကားသည္။

 

 

“ တျခားတိုင္းျပည္မ်ားေတြလို အမႈိက္မီးရႈိ႕စက္မ်ားတည္ေဆာက္ၿပီးေတာ့ အမႈိက္ကေန စြမ္းအင္ထုတ္လုပ္ၿပီး အမႈိက္ေတြကို ဖ်က္ဆီးျခင္း၊ ေျမက်င္းအတြင္း စနစ္တက် စြန႔္ပစ္ၿပီး အမႈိက္မွ စြမ္းအင္ထုတ္လုပ္ျခင္း လုပ္ငန္းမ်ားကို ႏွစ္အလိုက္ ဘတ္ဂ်က္မ်ား လ်ာထားၿပီးေဆာင္႐ြက္ရန္ စီစဥ္လ်က္ရွိပါတယ္” ဟု ဝန္ႀကီးဦးျမင့္ေသာင္းက ေျပာၾကားသည္။

 

 

ရန္ကုန္ၿမိဳ႕ေတာ္စည္ပင္သာယာေရး နယ္နိမိတ္အတြင္းရွိ ၿမိဳ႕နယ္ ၃၃ ၿမိဳ႕နယ္မွ မီးဖိုေခ်ာင္ထြက္ အမႈိက္မ်ား၊ စီးပြားေရးလုပ္ငန္းမ်ားမွ ထြက္ရွိသည့္အမႈိက္မ်ား၊ အမ်ားျပည္သူႏွင့္ သက္ဆိုင္ေသာေနရာမ်ားမွ ထြက္ရွိေသာ အမႈိက္မ်ား၊ လမ္းမႀကီးမ်ားမွထြက္ရွိေသာအမႈိက္မ်ားအား ဌာနဝန္ထမ္းမ်ားမွ အမႈိက္သိမ္းယာဥ္မ်ားျဖင့္ သိမ္းဆည္းသယ္ေဆာင္ၿပီး ေနာက္ဆုံးစြန႔္ပစ္ အမႈိက္ပုံသို႔ ပို႔ေဆာင္ျခင္း၊ ပို႔ေဆာင္ထားသည့္အမႈိက္မ်ားအား ေနာက္ဆုံးစြန႔္ပစ္အမႈိက္ပုံတြင္ယႏၲရားမ်ား အသုံးျပဳ၍ ျဖန႔္ခြဲေနရာခ်ျခင္းမ်ားကို ဝန္ထမ္းအင္အားမ်ားျဖင့္ ေန႔ညေဆာင္႐ြက္ေနေၾကာင္း ဝန္ႀကီးက ေျပာၾကားသည္။

 

 

စည္းကမ္းမဲ့ အမႈိက္စြန႔္ပစ္မႈမ်ားႏွင့္ ပတ္သက္ၿပီး ၂၀၁၈ ရန္ကုန္ၿမိဳ႕ေတာ္စည္ပင္ သာယာေရးဥပေဒအတိုင္း ေဆာင္႐ြက္ေနေၾကာင္း၊ ယခင္သတ္မွတ္ထားသည့္ အမႈတစ္မႈအတြက္ က်ပ္တစ္ေသာင္းဟု ေဖာ္ျပမႈအား ၂၀၁၈ ရန္ကုန္ၿမိဳ႕ေတာ္ စည္ပင္သာယာေရးဥပေဒ အသက္ဝင္သည့္အခ်ိန္မွစ၍က်င့္သုံးမႈ မရွိေတာ့ေၾကာင္း ဝန္ႀကီးက ေျပာၾကားသည္။

 

 

Source-Daily Eleven

Read 563 times Last modified on Wednesday, 04 March 2020 17:31
Rate this item
(0 votes)
Tagged under