Factory and Industrial Plant

Saturday, 10 November 2018 11:10

ကျောက်ဖြူအထူးစီးပွားရေးဇုန် ရေနက်ဆိပ်ကမ်းစီမံကိန်းအဆင့် လေးဆင့်ခွဲခြား၍အကောင်အထည်ဖော် ဆောင်ရွက်မည်

        ရခိုင်ပြည်နယ်တွင် အကောင်အထည်ဖော်မည့် ကျောက်ဖြူ အထူးစီးပွားရေးဇုန် ရေနက်ဆိပ်ကမ်းစီမံကိန်းနှင့်ပတ်သက်ပြီး မူဘောင်သဘောတူညီချက်ကို မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံ CITIC ကုမ္ပဏီတို့အကြား နေပြည်တော်တွင် ယနေ့ သဘောတူလက်မှတ် ရေးထိုးလိုက်သည်။
Monday, 05 November 2018 15:17

ရန်ုကုန်မြို့အနောက်ဘက်ကီလိုမီတာ ၉ဝ အကွာကမအူပင်စက်မှုဇုန်

 ဧရာဝတီတိုင်းဒေသကြီးရှိ လယ်ယာမြေပေါ်မှာ ပုဂ္ဂလိကပိုင်ဆိုင်သည့် စက်မှုဇုန်များစီမံခန့်ခွဲနိုင်မည့် အခက်အခဲကိုပြည်ထောင်စုအဆင့်ကော်မတီ၏ ဆုံးဖြတ်ချက်ဖြင့် ဖယ်ရှားပေးနိုင်ခဲ့ပြီး ယင်းသို့အစပျိုးဆောင်ရွက်နိုင်ခြင်းကလည်း တရုတ်နိုင်ငံမှ ရင်းနှီးမြှပ်နှံသူတို့၏ စိတ်ဝင်စားမှုကို များစွာမြှင့်တက်လာအောင် စွမ်းဆောင်နိုင်ခဲ့သည်။
Friday, 02 November 2018 11:18

ပြည်ပသွင်းကုန်အစားထိုးအရည်အသွေးမြင့်မှန် စတင်ဖြန့်ချိတော့မည်

    ပြည်ပသွင်းကုန်အစားထိုးအဖြစ် စက်မှုဝန်ကြီးဌာနနှင့် ပြည်တွင်းကုမ္ပဏီ International Glass တို့ ပူးပေါင်းထုတ်လုပ်ထားသည့် အရည်အသွေးမြင့်မှန်များကို နိုဝင်ဘာလတွင် ပြည်တွင်းဈေးကွက်သို့ စတင်ဖြန့်ချိမည်ဖြစ်ကြောင်း စက်မှုဝန်ကြီးဌာနထံမှ သိရသည်။
Wednesday, 31 October 2018 13:24

ကျောက်ဖြူ အထူးစီးပွားရေး ဇုန်စီမံကိန်း Framework Agreement ကို နိုဝင်ဘာ ၈ ရက်တွင် လက်မှတ်ရေးထိုးမည်

    ကန်ဒေါ်လာ ၁ ဒသမ ၃ ဘီလီယံတန်ဖိုးရှိ ရခိုင်ပြည်နယ်ကျောက်ဖြူ အထူးစီးပွားရေး ဇုန်စီမံကိန်းပထမအဆင့် အကောင်အထည်ဖော်ရန် တရုတ် အစိုးရပိုင် CITIC နှင့် မြန်မာအ စိုးရတို့ကြား မူဘောင်သဘောတူညီချက် (Framework Agreement) ကို နိုဝင်ဘာ ၈ ရက်တွင် လက်မှတ်ရေးထိုးမည် ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယ၀န်ကြီး ဦးအောင်ထူးက ပြောသည်။
Monday, 29 October 2018 14:14

ညောင်နှစ်ပင်မြို့ပြစီမံကိန်း(MIC)ထံမှ နှစ်ပတ်အတွင်းခွင့်ပြုချက် ရယူမည်

    ကိုရီးယားနိုင်ငံနှင့် အစိုးရချင်း ပူးပေါင်းဆောင်ရွက် မည့် ကိုရီးယား-မြန်မာ မြို့ပြစက်မှုဇုန်စီမံကိန်း (KMIC) အတွက် ရင်းနှီးမြှုပ်နှံမှုကော်မရှင် (MIC) ထံမှ နှစ်ပတ်အတွင်း ခွင့်ပြုချက် ရယူမည်ဖြစ်ကြောင်း အဆိုပါ ကုမ္ပဏီ ရန်ကုန်ရုံးခွဲမှ တာဝန်ရှိ သူတစ်ဦးက ပြောသည်။
Monday, 22 October 2018 12:31

ရွှေတိဂုံစေတီတော်တောင်ဘက်မုခ်အနီး တည်ဆောက်နေသောစက်ရုံငယ်

    ရွှေစင်ရွှေပြားထုတ်လုပ်မည့် စက်ရုံငယ်တစ်ခု ရွှေတိဂုံစေတီတော်တောင်ဘက်မုခ်အနီးစက်မှုဝန်ကြီးဌာနကတည်ဆောက်နေကြောင်း သိရသည်။
Wednesday, 17 October 2018 09:06

နိုင်ငံတကာအဆင့်မီစက်သုံးဆီသိုလှောင်ကန် နှစ်နှစ်အတွင်းအပြီးတည်ဆောက်မည်

          ရွှေလင်ပန်းစက်မှုဇုန်အတွင်းမှာ Denko Trading Co.,Ltd မှ နိုင်ငံတကာအဆင့်မီစက်သုံးဆီသိုလှောင်ကန် ငါးလုံးကို နှစ်နှစ် အတွင်းအပြီးတည်ဆောက်မည်ဟု သိရသည်။
Tuesday, 16 October 2018 11:11

ငါးဆူတောင်ဆေးဝါးထုတ်လုပ်ရေးဇုန်

           လှည်းကူးမြို့တွင် တည်ဆောက်မည့် ငါးဆူတောင်ဆေးဝါးထုတ်လုပ်ရေးဇုန်အား လုပ်ငန်းစတင်ချိန်မှ နှစ်နှစ်အတွင်း လုပ်ငန်းများပြီးစီးရန်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း မြန်မာ့ဆေးဝါးလုပ်ငန်းမှ သိရသည်။
Monday, 15 October 2018 09:50

G to G စနစ်ဖြင့် စက်သုံးဆီဂါလန် ၁ဝ သန်းခန့်ထုတ်လုပ်နိုင်မည့် စက်ရုံတည်ဆောက်နိုင်ရေးဖြစ်နိုင်ခြေရှိ၊ မရှိဆန်းစစ်

           သန်လျင်တွင် G to G စနစ်ဖြင့် စက်သုံးဆီဂါလန် ၁ဝ သန်းခန့် ထုတ်လုပ်နိုင်မည့် စက်ရုံတည်ဆောက်နိုင်ရေး ဖြစ် နိုင်ခြေရှိ၊ မရှိ ဆန်းစစ်နေသည်ဟု လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန  ဒုတိယအမြဲတမ်းအတွင်းဝန် ဦးဌေးအောင်က ပြောသည်။

Search Articles