Factory and Industrial Plant

Friday, 08 November 2019 14:16

မြန်မာ-ကိုရီးယား စီးပွားရေးပူးပေါင်းမှု စက်မှုဇုန်စီမံကိန်းနှစ်ခု လက်ရှိတွင် တည်ဆောက်ရေးလုပ်ငန်းများ စတင်နေပြီဖြစ်

မြန်မာ-ကိုရီးယား စီးပွားရေးပူးပေါင်း မှုစက်မှုဇုန်စီမံကိန်းနှစ်ခုကို ရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ သန်း ၁၅၀ နီးပါးဖြင့် ရန်ကုန်တိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးအတွင်းထူထောင်ရန် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် MIC က ခွင့်ပြုပေးထားပြီး လက်ရှိအချိန်တွင် တည်ဆောက်ရေးလုပ်ငန်းများ စတင်ဆောင်ရွက်နေပြီဖြစ်ကြောင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ သိရသည်။
Thursday, 07 November 2019 15:03

ပန်းတနော် တွင် တန်ချိန် ၁၀၀၀ ထွက် ငါးအစာစက်ရုံ စတင်တည်ဆောက်

မြန်မာပြည်တွင်သာမက အာရှ၏ အကြီးမားဆုံး ဧက ၉၀၀ ရှိ ငါးမွေးမြူရေး ထုတ်လုပ်ရေးဇုန်တွင် တန်ချိန် ၁၀၀၀ ထွက် ငါးအစာစက်ရုံ တည်ဆောက်ရန် ပိုင်တိုင်ရိုက်သွင်းခြင်း အခမ်းအနားကို နိုဝင်ဘာ ၁ ရက်က ဝါးခယ်မ-ရွှေ လောင်းကားလမ်းမကြီး (၁၇ မိုင်၊ ၆ ဖာ လုံ)နှင့်ကပ်လျက်တွင်တည်ဆောက်ထား သည့် ငါးမွေးမြူထုတ်လုပ်ရေးဇုန်ကြီး တွင် ပြုလုပ်ခဲ့သည်။
Thursday, 07 November 2019 14:02

ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်းတွင် ဂျပန်က လျှပ်စစ်ထုတ်လုပ်သည့်စက်ရုံ Chemical plant နှင့် Steel plant တို့လုပ်ကိုင်ရန်စိတ်ဝင်စား

ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်း တွင် ဂျပန်နိုင်ငံအနေဖြင့် လျှပ်စစ်ထုတ် လုပ်သည့်စက်ရုံ၊ Chemical plant၊ Steel plant တို့ကို လုပ်ကိုင်ရန် စိတ် ဝင်စားမှုရှိကြောင်း စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယ ဝန် ကြီး ဦးအောင်ထူးက ပြောကြားခဲ့သည်။
Wednesday, 06 November 2019 15:32

ဂျပန်နိုင်ငံက ထားဝယ် အထူးစီးပွားရေးဇုန် အပါအဝင် တနင်္သာရီတိုင်းဒေသကြီး တစ်ခုလုံး ဖွံ့ဖြိုးတိုးတက်ရေး လုပ်ကိုင်ရန် စိတ်ဝင်စားနေပြီး စီမံကိန်းဆိုင်ရာစာတမ်း တစ်ခု ပြုလုပ်ထားပြီ ဖြစ်ကြောင်း ဒုတိယဝန်ကြီးပြောကြား

ဂျပန်နိုင်ငံက ထားဝယ်အထူးစီးပွားရေးဇုန်အပါအဝင် တနင်္သာရီတိုင်းဒေသကြီး တစ်ခုလုံး ဖွံ့ဖြိုးတိုးတက်ရေးလုပ်ကိုင်ရန်အတွက် စိတ်ဝင်စားနေပြီး စီမံကိန်းဆိုင်ရာစာ တမ်းတစ်ခု ပြုလုပ်ထားပြီဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူးက ပြောကြားသည်။
Tuesday, 05 November 2019 11:09

ထားဝယ် SEZ အပါအဝင် တနင်္သာရီတိုင်းတွင်ရင်းနှီးမြှုပ်နှံရန် ဂျပန်နိုင်ငံက စစ်တမ်းတစ်ခု ပြုလုပ်နေ

ထားဝယ်အထူးစီးပွား ရေးဇုန် စီမံကိန်း အပါအဝင် တနင်္သာရီတိုင်းတွင် ရင်းနှီးမြှုပ်နှံ ပြီး စီးပွားရေးလုပ်ကိုင်ရန် ဂျပန် နိုင်ငံက စစ်တမ်းတစ်ခုပြုလုပ်နေ ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိ ယဝန်ကြီးဦးအောင်ထူးက ပြော ကြားသည်။
Saturday, 02 November 2019 13:27

သီလဝါအထူးစီးပွားရေးဇုန်တွင် စတင်ဆောက်လုပ်နေပြီဖြစ်သည့်တိုယိုတာကားစက်ရုံ

မော်တော်ကားဈေးကွက် သာမက နိုင်ငံစီးပွားရေးတိုးတက် စေမည့် အရေးပါသည့် ရင်းနှီးမြှုပ် နှံမှုအဖြစ် တိုယိုတာကုမ္ပဏီက မြန်မာနိုင်ငံ သီလဝါအထူးစီးပွား ရေးဇုန်တွင် နိုဝင်ဘာ ၁ ရက်၌ စက်ရုံစတင်ဆောက်လုပ်ပြီ ဖြစ် ကြောင်း မြန်မာနိုင်ငံဆိုုင်ရာဂျပန် သံအမတ်က ပြောသည်။
Thursday, 31 October 2019 10:24

ဂျပန်နိုင်ငံကူညီမှုဖြင့် ဆောင်ရွက်နေသည့် ရန်ကုန်မြို့ပတ်ရထားလမ်းနှင့် ရန်ကုန် -မန္တလေး ရထားလမ်း အဆင့်မြှင့်တင်ရေးစီမံကိန်းများ ဆွေးနွေး

ရန်ကုန်မြို့ပတ်ရထားလမ်း အဆင့်မြှင့်တင်ရေးစီမံကန်းနှင့် ရန်ကုန်-မန္တလေး ရထားလမ်း အဆင့်မြှင့်တင်ရေးလုပ်ငန်းများ တိုးတက်မှုအခြေအနေများအား မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီးနှင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်တို့ တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနမှ သတင်းရရှိသည်။
Tuesday, 29 October 2019 10:09

Amata ကော်ပိုရေးရှင်းက လေးထောင့်ကန်ကျေးရွာရှိ မြေဧက ၂,၀၀၀ တွင် ဒေါ်လာ သန်း ၃၀၀ တန် စီမံကိန်းတည်ဆောက်ခွင့်ရ

ထိုင်းနိုင်ငံအခြေစိုက် Amata ကော်ပိုရေးရှင်းကို ဒေါ်လာသန်း ၃၀၀ တန် Smart and Eco City တည်ဆောက်ရန် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်က အောက်တိုဘာ ၂၁ ရက်စွဲဖြင့် ခွင့်ပြုခဲ့သည်။
Tuesday, 29 October 2019 09:54

ရန်ကုန်မြို့သစ်စီမံကိန်း မြေနေရာပြန်လည်ချထားမှု မကြာမီ ပြီးစီးမည်ဟုဆို

ရန်ကုန်မြို့သစ် တည်ဆောက်ရေး ပထမအ ဆင့်ဖြစ်သည့် မြေနေရာပြန်လည် ချထားရေးသည် မကြာမီလပိုင်း အတွင်း ပြီးစီးမည်ဟု ရန်ကုန်မြို့ သစ်ဖွံ့ဖြိုးတိုးတက်ရေးကုမ္ပဏီ (NYDC)အမှုဆောင်အရာရှိချုပ် ဦးသိမ်းဝေက ပြောသည်။

Search Articles