Factory and Industrial Plant

Tuesday, 21 August 2018 13:35

Precast Plant စက်ရုံတည်ဆောက်သွားမည်

          မန္တလေးမြို့တွင် မြောင်းနှင့် မြောင်းဖုံးများ၊လမ်းကူး၊မြောင်းနှင့် မြောင်းဖြတ်တံတားများ၊ပလက်ဖောင်းနှင့် Kerb တုံးများကို ပုံလောင်းကွန်ကရစ်(Precast)ဖြင့်လုပ်ဆောင်ရန် စက်ရုံတည်ဆောက်သွားမည်ဖြစ်ကြောင်း မန္တလေးမြို့တော်ဝန်၏ ပြောကြားချက်အရ သိရသည်။
Monday, 20 August 2018 11:27

ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံများ တည်ဆောက်ခြင်းဖြင့်ဓာတ်အားထုတ်လုပ်မှု ကုန်ကျစရိတ်လျှော့ချနိုင်ပြီ

          အိမ်ထောင်စု ခြောက် သောင်းကို တစ်နှစ်လျှင် လျှပ်စစ် ဓာတ်အား ယူနစ် သန်း ၃ဝဝ ဖြည့်တင်းပေးမည့် ဒီးဒုတ်ရေအားလျှပ်စစ်စီမံကိန်း တည်ဆောက်ခွင့်ပြု ကြောင်း လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာနက  ထုတ်ပြန်သည်။
Thursday, 16 August 2018 10:17

စက်မှုဇုန်များထပ်မံတိုးချဲ့တည်ဆောက်နိုင်ရန် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကိုအဓိက ဖိတ်ခေါ်ခွင့်ပြုသွားမည်

          မြန်မာ့ရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ မူဝါဒသစ်အရ စက်မှုဇုန်များ ထပ်မံတိုးချဲ့ တည်ဆောက်နိုင်ရန် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကိုအဓိက ဖိတ်ခေါ်ခွင့်ပြုသွားမည်ဟု ကော်မရှင် အတွင်းရေးမှူး ဦးအောင်နိုင်ဦးက ပြောသည်။
Wednesday, 15 August 2018 13:16

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဖော်ဆောင်ရန်ရည်ရွယ်သော စက်မှုဖွံ့ဖြိုးမှုစီမံကိန်းများ

          သြဂုတ်လဆန်းပိုင်းအတွင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရသည် ကိုရီးယားနှင့်ထိုင်းနိုင်ငံတို့မှ ရင်းနှီးမြှုပ်နှံသူနှင့် စက်မှုနယ်မြေဖော်ဆောင်သူ ကုမ္ပဏီကြီးနှစ်ခုတို့ဖြင့် တွေ့ဆုံပြီး စက်မှုနယ်မြေအသစ်များဖော်ထုတ်ရန်အတွက် ကြိုးပမ်းအားထုတ်နေသည်ကို တွေ့ရသည်။
Thursday, 09 August 2018 13:30

အထည်ချုပ်စက်ရုံပေါင်း ၃၇၇ ရုံ တိုးချဲ့ဆောင်ရွက်နိုင်ရန် မြေနေရာပြင်ဆင်မှုများ ရှိနေ

          ရန်ကုန်တိုင်းဒေသကြီးအတွင်း အထည်ချုပ်စက်ရုံပေါင်း ၃၇၇ ရုံ တိုးချဲ့ဆောင်ရွက်နိုင်ရန် မြေနေရာပြင်ဆင်မှုများ ရှိနေကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ သိရသည်။
Tuesday, 07 August 2018 11:38

သီလဝါအထူးစီးပွားရေးဇုန်တွင်ရင်းနှီးမြုပ်နှံလုပ်ကိုင်နေတဲ့ ကုမ္ပဏီ ၉၇ ခုအထိရှိနေ

          သီလဝါအထူးစီးပွားရေးဇုန်မှာ ရင်းနှီးမြုပ်နှံလုပ်ကိုင်နေတဲ့ ကုမ္ပဏီ ၉၇ ခုအထိ ရှိနေတယ်လို့ မြန်မာအထူးစီးပွား ရေးဇုန်ဆိုင်ရာဗဟိုအဖွဲ့ဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ ပြောဆိုပါတယ်။
Monday, 23 July 2018 15:56

စက်ရုံအလုပ်ရုံများ တည်ထောင်ဆောင်ရွက်လိုသည့်အတွက် လုပ်ငန်းရှင်များအားဖိတ်ခေါ်

ဧရာဝတီတိုင်းဒေသကြီး မြောင်းမြမြို့နယ် ဂုန်နီစက်ရုံ၏မြေလွတ်ဧရိယာအတွင်းစက်ရုံအလုပ်ရုံများ တည်ထောင်ဆောင်ရွက်လိုသည့်အတွက် လုပ်ငန်းရှင်များအား မြန်မာနိုင်ငံလယ်ယာစီးပွားရေးအများပိုင်ကော်ပိုရေးရှင်းလီမိတက်(MAPCO)မှ ဖိတ်ခေါ်ထားကြောင်းသိရသည်။
Monday, 23 July 2018 13:23

ထိုင်းလျှပ်စစ်ဓာတ်အားပေးကုမ္ပဏီက မြန်မာနိုင်ငံ၌ဓာတ်အားပေးစက်ရုံများ တည်ဆောက်ဖို့စီစဉ်

ထိုင်းနိုင်ငံလျှပ်စစ်ဓာတ်အားပေးအာဏာပိုင်အဖွဲ့ (Egat) ၏ အဖွဲ့ခွဲဖြစ်သော Egat အပြည်ပြည်ဆိုင်ရာ ကုမ္ပဏီ (EGATi) သည် မြန်မာနိုင်ငံအတွင်း၌ သဘာဝဓာတ်ငွေ့သုံး အသေးစားဓာတ်အားပေးစက်ရုံများ တည်ဆောက် သွားဖို့ စီစဉ်လျက်ရှိသည်။
Thursday, 21 June 2018 14:53

အထည်ချုပ်စက်ရုံ အသစ် ၃၅ ရုံ တည်ဆောက်ရန် လျာထားကာ ၂၁ ရုံပြီးစီးပြီ

မြန်မာနိုင်ငံ၏ အမျိုးသားပို့ကုန် မဟာ ဗျူဟာကြီး ၁၁ ရပ်တွင် တစ်ခုအပါအဝင်ဖြစ်သော အထည်အလိပ်ကဏ္ဍ ပို့ကုန်တန်ဖိုး အမြင့်ဆုံးရောက်ရှိနေသဖြင့် ပိုမိုဖွံ့ဖြိုးရေး အတွက် အထည်ချုပ်စက်မှုဇုန်များ တည်ထောင် သွားမည်ဖြစ်ကြောင်း စက်မှုဝန်ကြီးဌာနပြည်ထောင်စု ဝန်ကြီးမှ ပြောကြားသည်။

Search Articles