Tuesday, 04 February 2020 15:40

ချေးငွေအတိုးနှုန်း ၈.၅ ရာခိုင်နှုန်းဖြင့် ချေးငွေကာလ ၁၅ နှစ်ထိ ချေးယူနိုင်သော အိမ်ရာစီမံကိန်းများ

မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ ရောင်းချလျက်ရှိသည့် သီလဝါတန်ဖိုးနည်းအိမ်ရာ နှင့် ရိုးမတန်ဖိုးနည်းအိမ်ရာ များသည် ဆောက်လုပ်ရေး၊ အိမ်ရာ နှင့် အခြေခံအဆောက်အအုံဖွံ့ဖြိုးရေး ဘဏ်၏ အိမ်ရာစုဆောင်းငွေစာရင်းဖွင့်လှစ်စုဆောင်းပြီး ချေးငွေအတိုးနှုန်း ၈.၅% ဖြင့် ချေးငွေကာလ ၁၅-နှစ်ထိ ချေးယူနိုင်သည့် အိမ်ရာစီမံကိန်းများ ဖြစ်သည်။

Tuesday, 28 January 2020 13:19

ရန်ကုန်မြို့ရှိ အိမ်ခန်းလက်ကျန် ၂၁၁ ခန်းကို ၆၉၆ ဦးအား မဲစနစ်ဖြင့် ရောင်းချပေးမည်

ရန်ကုန်တိုင်းဒေသကြီး အိမ်ရာစီမံကိန်းများ ရောင်းချရေးကြီးကြပ်မှုကော်မတီက စတုတ္ထအသုတ်အဖြစ် အိမ်ခန်းလက်ကျန် ၂၁၁ခန်းကို စိစစ်ခွင့်ပြုထားသည့် ၆၉၆ဦးအား ရောင်းချပေးမည်ဖြစ်ကြောင်း ကြေငြာချက် ထုတ်ပြန်ခဲ့သည်။

Monday, 20 January 2020 17:04

အိမ်ခြံမြေဝယ်ယူ/ ရယူ/ လွဲပြောင်းပြီးနောက် အမည်ပေါက်ပိုင်ဆိုင်ရန် ဆောင်ရွက်ရမည့်အချက်များ

အိမ်ခြံမြေဝယ်ယူ/ ရောင်းချ/ လဲလှယ်ခြင်းအတွက် အခွန်ထမ်းအနေဖြင့် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို အောက်မှာဖော်ပြပေးလိုက်ပါတယ်။

Monday, 13 January 2020 17:13

မြန်မာနိုင်ငံ၌ ပထမဆုံး အိမ်ခြံမြေဝန်ဆောင်မှုပေးမည့် CALL CENTER

iMyanmarHouse.com မှ မြန်မာနိုင်ငံ၌ အိမ်ခြံမြေဝန်ဆောင်မှုပေးမည့် Call Center ကို ပထမဆုံး စတင်အကောင်အထည်ဖော်နိုင်ခဲ့ပြီဖြစ်ပါတယ်။

 

 

အိမ်ခြံမြေဆိုင်ရာ ကိစ္စရပ်များ ဆောင်ရွက်ရာတွင် လွယ်ကူမြန်ဆန်စေရေးအတွက် iMyanmarHouse.com ၏ Call Center ဖုန်းနံပါတ်ဖြစ်သော ၀၉-၇၇၀၇၀၅၀၀၀ သို့ ဆက်သွယ်ဆွေးနွေးနိုင်ကြောင်း သိရပါတယ်။

 

884431-0907385001578643704.jpg

 

အဆိုပါ iMyanmarHouse.com ၏ Call Center မှာအိမ်ခြံမြေနှင့်ပတ်သက်သော ဗဟုသုတများကို ပိုမိုနားလည်နိုင်ခြင်း၊ အိမ်ခြံမြေရောင်းဝယ်ငှားတို့ကို ဖုန်းဖြင့်ပြုလုပ်နိုင်ခြင်း စသည်တို့လုပ်ဆောင်နိုင်သည့်အတွက် အချိန်ကုန်၊ ငွေကုန် သက်သာစေမည်ဖြစ်ပါတယ်။

 

 

“နိုင်ငံတကာမှာ Call Center ကိုတွင်တွင်ကျယ်ကျယ် အသုံးပြုနေတာ ကြာပါပြီ။ မြန်မာနိုင်ငံမှာလည်း လွယ်ကူလျင်မြန်တဲ့ ဒီလိုဝန်ဆောင်မှုမျိုးပေးနိုင်အောင် စတင်လိုက်တာပါ” ဟု iMyanmarHouse.com ၏မန်နေးဂျင်း ဒါရိုက်တာ ဦးနေမင်းသူကပြောကြားထားပါတယ်။

 

mandalay diretory

 

အဆိုပါအိမ်ခြံမြေဝန်ဆောင်မှု Call Center ကို နေ့စဉ် နံနက် ၉ နာရီမှ ညနေ ၅ နာရီခွဲအထိ ပိတ်ရက်မရှိ ဆက်သွယ်မေးမြန်းနိုင်ကြောင်း သိရပါတယ်။

 

 

ထိုကဲ့သို့ Call Center ထားရှိပေးထားသောကြောင့် လူကိုယ်တိုင် လာရောက်စရာမလိုဘဲ အိမ်ခြံမြေနှင့် ပတ်သက်သော ကိစ္စအရပ်ရပ်ကို ဖုန်းဖြင့်ဆက်သွယ်ရုံဖြင့် ပြည့်ပြည့်စုံစုံသိရှိနိုင်မည်ဖြစ်ပြီး မိမိပိုင်အိမ်ခြံမြေကို ရောင်းလိုငှားလိုသူများ၊ ကိုယ်ပိုင်စိတ်ကြိုက် အိမ်ရှာဖွေနေသူများ၊ မိသားစုစီမံကိန်းအတွက် ရေရှည်ရင်းနှီးမြှုပ်နှံလိုသူများ၊ ဘဏ်နှင့်ချိတ်ဆက်ပြီး အိမ်ရာချေးငွေလျှောက်ထားရန် သို့မဟုတ် ကိုယ်ပိုင်အိမ်ဆောက်လုပ်လိုသူများ၊ အိမ်ခြံမြေဥပဒေနှင့် ဝန်ဆောင်မှု လိုအပ်သူများအတွက် အကျိုးရှိစေမည်ဖြစ်ကြောင်း သိရပါတယ်။

 

 

Source: Nilar Myot Win (Mandalay Directory)

 

 

Ref: Myawaddy

 

 

Myanmar Builders Guide

 

 

---Zawgyi---

 

 


 

 


 

 


 

 


 

 


 

 


 

 


 

 


 

 

Ref: Myawaddy

Friday, 03 January 2020 16:28

အိမ်ခြေမြေဝန်ဆောင်မှုအသင်းမှထုတ်ပြန်လိုက်သည့် ညွှန်ကြားချက်

၂ဝ၁၉ ခုနှစ် ဒီဇင်ဘာလ ၃ဝ ရက်နေ့တွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ကြီးကြပ်ရေးအာဏာပိုင် (မြန်မာနိုင်ငံအိမ်ခြံမြေဝန်ဆောင်မှုအသင်း)၊ ညွှန်ကြားချက်အမှတ်၊ ၁ / ၂ဝ၁၉ ကို ထုတ်ပြန် ကြေငြာခဲ့ပါတယ်။

Friday, 21 December 2018 11:38

ရန်ကုန်မြို့၏ကွန်ဒိုတိုက်ခန်းအခြေအနေ သုံးသပ်ချက်များ

         ရန်ကုန်မြို့အတွင်း အဆင့်မြင့်ကွန်ဒိုမီနီယမ်တိုက်ခန်း ၇၃ဝဝ ဝန်းကျင်သာရှိပြီး တိုးတက်မှုနှုန်းရပ်တန့်နေကာ စီမံကိန်းအများစု နှောင့်နှေးမှုများ ဖြစ်နေခြင်းကြောင့် ပျမ်းမျှကွန်ဒိုတိုက်ခန်းဈေးနှုန်းများ ယခင်သုံး လပတ်ထက် ခြောက်ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း ကနေဒါအခြေစိုက်နိုင်ငံတကာအိမ် ခြံမြေဝန်ဆောင်မှု လုပ်ငန်းတစ်ခုဖြစ်သော Colliers International (Myanmar)  ၏ ၂၀၁၈ ခုနှစ် တတိယသုံးလပတ်ဈေးကွက် အစီရင်ခံစာတွင် သုံးသပ်ထားသည်။

Friday, 14 December 2018 10:49

အိမ်ရာချေးငွေဝန်ဆောင်မှုအသစ် စတင်နိုင်ရန်အတွက် စီစဉ်

        မြန်မာ့ရှေ့ဆောင်ဘဏ် (MAB) က ကျပ်သိန်းတစ်ထောင်အောက် တိုက်ခန်းများကို အရစ်ကျစနစ်ဖြင့် ဝယ်ယူနိုင်မည့် အိမ်ရာချေးငွေ ဝန်ဆောင်မှုအသစ်ကို စတင်နိုင်ရန်အတွက် စီစဉ်လျက်ရှိကြောင်း ယင်းဘဏ်၏ စီးပွားရေး
အမှုဆောင်အရာရှိချုပ် (CBO) ဦးကျော်နီခင်က ပြောကြားသည်။

Tuesday, 04 December 2018 15:03

ကျွမ်းကျင်လုပ်သားငှားရမ်းဖို့ခက်ခဲလာ

       ဆောက်လုပ် ရေးလုပ်ငန်းတွေမှာ ပန်းရန်၊ လက်သမားနဲ့ သံချည်သံကွေးအလုပ်သမားတွေ ရှားပါးနေတာကြောင့် ငှားရမ်းဖို့ခက်ခဲနေတယ်လို့ ဆောက်လုပ်ရေးလုပ်ငန်းလုပ်ကိုင်နေသူ အချို့ဆီက သိရပါတယ်။

Tuesday, 27 November 2018 10:15

မြို့နယ် ၁၂ မြို့နယ်တွင်အဆောက်အအုံ ၂၅ဝ ကျော်ဆောက်လုပ်ခွင့်ပြု

        အောက်တိုဘာလအတွင်းရန်ကုန်တိုင်းဒေသကြီး ရှိ မြို့နယ် ၁၂ မြို့နယ်တွင်အဆောက်အအုံ ၂၅ဝ ကျော်ဆောက်လုပ်ခွင့်ပြုခဲ့ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီအင်ဂျင်နီယာဌာန(အဆောက်အအုံ) တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

Saturday, 24 November 2018 13:04

ကုန်ထုတ်လုပ်မှုနှင့်အခြေခံအဆောက်အအုံကဏ္ဍတို့တွင် လာရောက်ရင်းနှီးမြှုပ်နှံရန်စိတ်ဝင်စားမှုမြင့်တက်

     ဂျပန်၊တရုတ်၊ကိုရီးယား၊ထိုင်းနှင့် ဟောင်ကောင်နိုင်ငံတို့မှ မြန်မာနိုင်ငံအတွင်းကုန်ထုတ်လုပ်မှုနှင့် အခြေခံအဆောက်အအုံကဏ္ဍတို့တွင် လာရောက်ရင်းနှီးမြှုပ်နှံရန်စိတ်ဝင်စားမှုမြင့်တက်နေကြောင်း ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် ဥက္ကဋ္ဌမှ ပြောကြားသည်။

Page 1 of 2

Search Articles