ရန်ကုန်မိုးပျံအမြန်လမ်း စီမံကိန်းနှင့်သက်ဆိုင်သော အချက်အလက်များ အများပြည်သူသိစေရန် အခမ်းအနားပွဲများ လုပ်ဆောင်

ရန်ကုန်မိုးပျံအမြန်လမ်း စီမံကိန်းနှင့်သက်ဆိုင်သော အချက်အလက်များ အများပြည်သူသိစေရန် အခမ်းအနားပွဲများ လုပ်ဆောင် google

ရန်ကုန်မိုးပျံအမြန်လမ်း အပိုင်း (၁) ၏ စီမံကိန်းဆိုင်ရာ အချက်အလက်များကို အများပြည်သူများ သိစေရန် စီမံကိန်းအတွင်း ကျရောက်သည့် မြို့နယ် ၆ ခုတွင် လာရောက်ရှင်းပြမည် ဖြစ်ကြောင်း သိရသည်။ ထိုမြို့နယ် ၆ ခုမှာ မင်္ဂလာတောင်ညွန့်၊ သင်္ဃန်းကျွန်း၊ တောင်ဥက္ကလာပ၊ မြောက်ဥက္ကလာပနှင့် မရမ်းကုန်းမြို့နယ်တို့တွင် လုပ်ဆောင်မည်ဖြစ်ကြောင်း သိရသည်။

 

ဖေဖော်ဝါရီလ ၁၅ ရက်တွင် မင်္ဂလာတောင်ညွန့်မြို့နယ် ပုသိမ်ညွန့်ရပ်ကွက် သုဒ္ဓမ္မဗျူဟာဓမ္မာရုံ၊ ဖေဖော်ဝါရီလ ၁၆ ရက်တွင် သင်္ဃန်းကျွန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးနှင့် တောင်ဥက္ကလာပမြို့နယ် မြင်သာမြို့ဦးကျောင်း၊ ဖေဖော်ဝါရီလ ၂၉ ရက်တွင် မြောက်ဥက္ကလာပမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးနှင့်

 

 


>>>ဘိလပ်မြေ အတုနဲ့ အစစ် ဘယ်လိုခွဲခြားမလဲ ?<<<

 

 

မရမ်းကုန်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးနှင့် မင်္ဂလာဒုံမြို့နယ် ပြည်သာယာရပ်ကွက် မြို့နယ်သာသနာ့ ဗိမာန်တော်ကြီး စသည့် ၆ နေရာတွင် အချက်အလက်များကို အများပြည်သူများသို့ ရှင်းလင်း ပြောပြမည် ဖြစ်သည်။ အခမ်းအနားသို့ သက်ဆိုင်ရာမြို့နယ်အလိုက် မည်သူမဆို တက်ရောက်ခွင့်ရှိကြောင်း ကြေညာထားသည်။

 

 

ပေါလစ်လုပ်ငန်းပေါင်း ၃၆ ခုကို ရှာရန်နှိပ်ပါ

 

 

ရန်ကုန်မိုးပျံအမြန်လမ်း စီမံကိန်း အပိုင်း (၁) သည် မင်္ဂလာတောင်ညွန့်မြို့နယ် ဒေါပုံတံတားအဆင်းက စတင်ကာ အထက်ပုဇွန်တောင်လမ်း၊ သံသုမာလမ်း၊ ဝေဇယန္တာလမ်း၊ သုဓမ္မာလမ်းတို့ကို ဖြတ်၍ ခရေပင်လမ်းဆုံအထိ ၁၉ ကီလိုမီတာ (၁၁ မိုင်ကျော်)၊ တညင်းကုန်းလမ်းဆုံအထိ ၅ ဒသမ ၅ ကီလိုမီတာ (၃ မိုင်ခွဲခန့်)နှင့် ရန်ကုန်လေဆိပ် အဝင်လမ်းအဖြစ် ၂ ဒသမ ၅ ကီလိုမီတာ (၁ မိုင်ခွဲ) တို့ဖြစ်သည်။ စုစုပေါင်းလမ်းအရှည်မှာ ၂၇ ကီလိုမီတာ (၁၆ မိုင်ကျော်)နှင့် အကျယ် ၃၀ မီတာ (ပေ ၁၀၀ ခန့်) ရှိကြောင်း သိရသည်။

 

 

Myanmar Builders Guide

 

 

---Zawgyi---

 

 


 

 


 

 


 

 


 

 


 

Read 6034 times Last modified on Wednesday, 19 February 2020 12:05
Rate this item
(0 votes)
Tagged under