ရန်ကုန်မြစ်အတွင်း ရေလမ်းကြောင်း ကောင်းမွန်ရန် နယ်သာလန်နိုင်ငံနှင့် အလုပ်ရုံ ဆွေးနွေးပွဲ ပြုလုပ်ကျင်းပ

ရန်ကုန်မြစ်အတွင်း ရေလမ်းကြောင်း ကောင်းမွန်ရန် နယ်သာလန်နိုင်ငံနှင့် အလုပ်ရုံ ဆွေးနွေးပွဲ ပြုလုပ်ကျင်းပ facebook

ရန်ကုန်မြစ်အတွင်း ရေလမ်းကြောင်း ကောင်းမွန်ရေးနှင့် ရေအရင်းအမြစ်အသုံးချရေး အကောင်အထည်ဖော် ဆောင်ရွက်မည့် အလုပ်ရုံဆွေးနွေးပွဲကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် နယ်သာလန်နိုင်ငံ သံရုံးတို့က ပူးပေါင်းပြုလုပ်ခြင်းဖြစ်သည်။

 

 

ဆွေးနွေးပွဲတွင် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်း က " နယ်သာလန်နိုင်ငံဘက်ကနေ အလုပ်ရုံဆွေးနွေးပွဲများ လုပ်ပြီး မိမိတို့ နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေးကို ကူညီဆောင်ရွက်ပေးနေသည့် အပေါ်မှာ အထူးပဲကျေးဇူးတင်ကြောင်း၊ ရန်ကုန်မြို့သည် ရေလမ်းကြောင်း၊ ရေသုံးစွဲမှု၊ ရေကြီးရေလျှံမှုများနှင့် ပတ်သက်၍ အခက်အခဲများ ရှိကြောင်း၊

 

 

ယင်းအခက်အခဲများကို ကောင်းမွန်သည့် နည်းပညာရပ်များကို အသုံးချပြီး ဖြေရှင်းရမည်ဖြစ်ကြောင်း၊ ဖြေရှင်းဆောင်ရွက်မှုသည် ကာလတိုအတွက် မဖြစ်သင့်ကြောင်း၊

 

 

အတိတ်ကို သင်ခန်းစာထုတ်ယူပြီး မိမိတို့ လုပ်မည့် အစီအစဉ်များကို နှစ်ပေါင်းများစွာအတွက် မျှော်တွေးပြီး ဆုံးဖြတ်ဆောင်ရွက်သည့် အစီအစဉ်ဖြစ်ချင်ပါကြောင်း၊

 

 

သည်လို ဖြစ်နိုင်ဖို့အတွက်ဆိုလျှင် အခြေအနေများကို အမှန်တကယ်အတိုင်း သိဖို့ဖြစ်ကြောင်း၊

 

 

ယင်းအခြေအနေများကို ဘယ်လိုဖြေရှင်း ဆောင်ရွက်သင့်သလဲဆိုသည့် ပညာရှင်များ၏ ဆုံးဖြတ်ချက်များကို နားထောင်နိုင်ဖို့လိုပြီး ပညာရှင်များ၏ ဆုံးဖြတ်အကြံပြုချက် အပေါ်ကနေ ရေရှည်အတွက် ဆောင်ရွက်သွားကြရမှာ ဖြစ်ပါကြောင်း '' ပြောကြားသည်။

 

 

ထိုဆွေးနွေးပွဲကို ဇန်နဝါရီလ ၂၁ ရက် နံနက် ၁၀ နာရီခွဲတွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး မင်္ဂလာခန်းမ၌ ပြုလုပ်ကျင်းပခဲ့ပါသည်။

 

 

Ref: Yangon Region Government

 

 

Myanmar Builders Guide

 

 

---Zawgyi---

 

 

ရန္ကုန္ျမစ္အတြင္း ေရလမ္းေၾကာင္း ေကာင္းမြန္ရန္ နယ္သာလန္ႏိုင္ငံႏွင့္ အလုပ္ရုံ ေဆြးေႏြးပြဲ ျပဳလုပ္က်င္းပ

 

 

ရန္ကုန္ျမစ္အတြင္း ေရလမ္းေၾကာင္း ေကာင္းမြန္ေရးႏွင့္ ေရအရင္းအျမစ္အသုံးခ်ေရး အေကာင္အထည္ေဖာ္ ေဆာင္႐ြက္မည့္ အလုပ္႐ုံေဆြးေႏြးပြဲကို ရန္ကုန္တိုင္းေဒသႀကီး အစိုးရအဖြဲ႕ႏွင့္ နယ္သာလန္ႏိုင္ငံ သံ႐ုံးတို႔က ပူးေပါင္းျပဳလုပ္ျခင္းျဖစ္သည္။

 

 

ေဆြးေႏြးပြဲတြင္ ရန္ကုန္တိုင္းေဒသႀကီး ဝန္ႀကီးခ်ဳပ္ဦးၿဖိဳးမင္းသိန္း က " နယ္သာလန္ႏိုင္ငံဘက္ကေန အလုပ္႐ုံေဆြးေႏြးပြဲမ်ား လုပ္ၿပီး မိမိတို႔ ႏိုင္ငံ၏ ဖြံ႕ၿဖိဳးတိုးတက္ေရးကို ကူညီေဆာင္႐ြက္ေပးေနသည့္ အေပၚမွာ အထူးပဲေက်းဇူးတင္ေၾကာင္း၊ ရန္ကုန္ၿမိဳ႕သည္ ေရလမ္းေၾကာင္း၊ ေရသုံးစြဲမႈ၊ ေရႀကီးေရလွ်ံမႈမ်ားႏွင့္ ပတ္သက္၍ အခက္အခဲမ်ား ရွိေၾကာင္း၊

 

 

ယင္းအခက္အခဲမ်ားကို ေကာင္းမြန္သည့္ နည္းပညာရပ္မ်ားကို အသုံးခ်ၿပီး ေျဖရွင္းရမည္ျဖစ္ေၾကာင္း၊ ေျဖရွင္းေဆာင္႐ြက္မႈသည္ ကာလတိုအတြက္ မျဖစ္သင့္ေၾကာင္း၊

 

 

အတိတ္ကို သင္ခန္းစာထုတ္ယူၿပီး မိမိတို႔ လုပ္မည့္ အစီအစဥ္မ်ားကို ႏွစ္ေပါင္းမ်ားစြာအတြက္ ေမွ်ာ္ေတြးၿပီး ဆုံးျဖတ္ေဆာင္႐ြက္သည့္ အစီအစဥ္ျဖစ္ခ်င္ပါေၾကာင္း၊

 

 

သည္လို ျဖစ္ႏိုင္ဖို႔အတြက္ဆိုလွ်င္ အေျခအေနမ်ားကို အမွန္တကယ္အတိုင္း သိဖို႔ျဖစ္ေၾကာင္း၊

 

 

ယင္းအေျခအေနမ်ားကို ဘယ္လိုေျဖရွင္း ေဆာင္႐ြက္သင့္သလဲဆိုသည့္ ပညာရွင္မ်ား၏ ဆုံးျဖတ္ခ်က္မ်ားကို နားေထာင္ႏိုင္ဖို႔လိုၿပီး ပညာရွင္မ်ား၏ ဆုံးျဖတ္အႀကံျပဳခ်က္ အေပၚကေန ေရရွည္အတြက္ ေဆာင္႐ြက္သြားၾကရမွာ ျဖစ္ပါေၾကာင္း '' ေျပာၾကားသည္။

 

 

 

ထိုေဆြးေႏြးပြဲကို ဇန္နဝါရီလ ၂၁ ရက္ နံနက္ ၁၀ နာရီခြဲတြင္ ရန္ကုန္တိုင္းေဒသႀကီးအစိုးရအဖြဲ႕႐ုံး မဂၤလာခန္းမ၌ ျပဳလုပ္က်င္းပခဲ့ပါသည္။

 

 

Ref: Yangon Region Government

 

Read 425 times Last modified on Thursday, 30 January 2020 16:48
Rate this item
(0 votes)
Tagged under