မော်လမြိုင်မြို့တွင် လမ်းလျှောက် ကမ်းနားလမ်းအား ဖွင့်လှစ်မည်

မော်လမြိုင်မြို့တွင် လမ်းလျှောက် ကမ်းနားလမ်းအား ဖွင့်လှစ်မည် facebook

မော်လမြိုင်မြို့တွင် လမ်းလျှောက်ကမ်းနားလမ်း ( Mawlamyine Strand Walking Street) အား ၂၀၂၀ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့ ညနေ ၄ နာရီတွင် ဖွင့်လှစ်မည်ဟု သိရသည်။

 

မြန်မာနိုင်ငံ၏ အရှည်ဆုံးနှင့် အလှဆုံး ကမ်းနားလမ်းထဲတွင် တခုအပါအဝင်ဖြစ်သော မော်လမြိုင်ကမ်းနားလမ်းမှာ ပြည်သူများအတွက် ညနေခင်း လမ်းလျှောက်ရင်း အပန်းဖြေစရာနေရာအဖြစ် ဖန်တီးပေးလိုက်ခြင်း ဖြစ်သည်။

 

 

ထိုပွဲကို ဖွင့်လှစ်ရသည့် ရည်ရွယ်ချက်ကတော့ ဒေသခံများအတွက် အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရန်နှင့် ပြည်တွင်းပြည်ပ ခရီးသွားလာသူများ တိုးပွားစေရန် ခရီးသွားလုပ်ငန်းအတွက် အထောက်အကူဖြစ်စေရန် ရည်ရွယ်သည်။

 

 

မော်လမြိုင် ကမ်းနားလမ်းတွင် ဒေသခံတိုင်းရင်းသား အစားအစာများနှင့် အမှတ်တရပစ္စည်းများ၊ အဝတ်အထည်များကို ခရီးသွားလာသူများ တစ်နေရာတည်း၌ လွယ်ကူစွာ ဝယ်ယူစားသောက်နိုင်စေရန်လည်း ရည်ရွယ်ပါသည်။

 

 

ဈေးဆိုင်များ အဆင်ပြေစွာ ရောင်းချနိုင်ရန် ရွက်ဖျင်တဲ၊ လျှပ်စစ်မီးချောင်း၊ ရေ စသည်ဖြင့် လိုအပ်သည်များကို ပြည်နယ်အစိုးရမှ လုပ်ဆောင်ပေးမည် ဖြစ်ကြောင်း သိရသည်။

 

 

Myanmar Builders Guide

 

 

---Zawgyi---

 

 


 

 


 

 


 

 


 

 


 

 


Read 413 times Last modified on Tuesday, 18 February 2020 11:59
Rate this item
(0 votes)