မြန်မာ-ထိုင်း-လာအို နိုင်ငံရှိလူမျိုးစုများ လူနေမှုပုံစံနှင့်ရိုးရာယဉ်ကျေးမှုဓလေ့ နေအိမ်ပြပွဲပြုလုပ်

မြန်မာ-ထိုင်း-လာအို နိုင်ငံရှိလူမျိုးစုများ လူနေမှုပုံစံနှင့်ရိုးရာယဉ်ကျေးမှုဓလေ့ နေအိမ်ပြပွဲပြုလုပ် pyi myanmar

မြန်မာ-ထိုင်း-လာအို နိုင်ငံရှိ လူမျိုးစုများ လူနေမှုပုံစံနှင့်ရိုးရာယဉ်ကျေးမှုဓလေ့ နေအိမ်ပြပွဲကို ရှမ်းပြည်နယ်အရှေ့ပိုင်းတာ ချီလိတ်မြို့နယ်နှင့်ထိစပ်လျက်ရှိသော ထိုင်းနိုင်ငံ မယ်ဆိုင်မြို့တွင် ဒီဇင်ဘာလ ၆ ရက်မှ ၁၀ ရက်အထိ ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း တာချီလိတ်ခရိုင် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနကသိရသည်။

 

 

အဆိုပါ ပြပွဲတွင် မြန်မာရိုးရာ နေအိမ်များ၊လူနေမှုဘဝပုံစံ၊ ရိုးရာယဉ်ကျေးမှု၊ ဓလေ့ထုံးစံများကို ပါဝင်ပြသထားကာ မြန်မာ့ရိုးရာအိမ်တွင် ရွှေတိဂုံစေတီတော် ပုံစံတူ၊ကျိုက်ထီရိုးစေတီတော်ပုံစံတူများ ပြသခြင်းအပြင် မြန်မာ့ရိုးရာအစားအစာများနှင့် မြန်မာရိုးရာ ဝတ်စုံ များကိုလည်း ရောင်းချပေးနိုင်ရန်စီစဉ်ထားကြောင်း သိရသည်။

 

 

ရိုးရာနေအိမ်များ ခင်းကျင်းပြသရာတွင် တိုင်းရင်းသားရိုးရာအိမ် ၁၀ လုံးစီပါဝင်ကြောင်းသိရသည်။

 

 

Source-Pyi Myanmar

 

 

Myanmar Builders Guide

 

78253009 2603478843021225 8780705387042045952 n80202783 2603478873021222 1670056346097025024 n79679454 2603478809687895 3319560543538249728 n






Source-Pyi Myanmar

Read 790 times Last modified on Tuesday, 11 February 2020 16:41
Rate this item
(1 Vote)