အဆင့်မြင့်ကွန်ဒိုသီးသန့် အရောင်းပွဲကျင်းပမည်

အဆင့်မြင့်ကွန်ဒိုသီးသန့် အရောင်းပွဲကျင်းပမည် Google

အဆင့်မြင့်ကွန်ဒိုများကိုသာ ဝယ်ယူနေထိုင်ချင်သူများနှင့် ရင်းနှီးမြှုပ်နှံမည့်သူများအတွက် အဆင့်မြင့် ကွန်ဒိုများသာ သီးသန့်ရောင်းချမည့် SHWE PROPERTY LUXURY EXPO ပြပွဲကျင်းပသွား မည်ဖြစ်သည်။

 

အဆိုပါအရောင်းပွဲကို ဒီဇင်ဘာလ ၇-ရက်နှင့် ၈-ရက်များတွင် Melia Hotel ၌ကျင်းပသွားမည်ဖြစ်ပြီး ရန်ကုန်မြို့၏ မြို့နယ်စုံတွင် တည်ဆောက်ထားသည့် အဆင့်မြင့်ကွန်ဒိုများ ပါဝင်ကြောင်း သိရသည်။

 

 

“ဒီပွဲကတော့ ကျွန်တော်တို့ Shwe Property ကနေ ပထမဦးဆုံးအကြိမ်ပြုလုပ်တဲ့ အဆင့်မြင့် အိမ်ရာတွေချည်း သီးသန့်စုစည်းပြီး ပြသရောင်းချမယ့် ပွဲဖြစ်ပါတယ်။

 

 

Luxury Market ကို ပြန်လည်နိုးထ စေချင်တဲ့ ဆန္ဒ လည်း ပါသလို၊ ရန်ကုန်မြို့မှာ (၇၀)ရာခိုင်နှုန်းအထက်နဲ့ ၂၀၂၀ ၊ ၂၀၂၁ခုနှစ်မှာ ပြီးစီးမယ့် ပရောဂျက်တွေများစွာ ရှိတယ်ဆိုတာလည်း တွေ့ရတယ်။ နောက်တစ်ခုကတော့ ၇၀ရာခိုင်နှုန်း အထက် တည်ဆောက်မှုပြီးစီးတဲ့ အိမ်ရာပရောဂျက်တွေကို ဝယ်ယူတဲ့သူတွေ များလာတဲ့အတွက်ကြောင့် ကျွန်တော်တို့ အနေနဲ့ ဒါမျိုးအိမ်ရာတွေကို စုစည်းပြီး ပြပွဲကျင်းပရခြင်း ဖြစ်ပါတယ်” ဟု ShweProperty.com တည်ထောင် သူနှင့် ဒါရိုက်တာ ဦးကောင်းသူဝင်းက ပြောသည်။

 

 

အဆိုပါအိမ်ရာအရောင်းပြပွဲတွင် အိမ်ရာချေးငွေအစီအစဉ်ဖြင့်လည်း ဝယ်ယူနိုင်မည်ဖြစ်ကာမိမိကြိုက် နှစ်သက်ရာ ဘဏ်နှင့်ချိတ်ဆက်ပြီး ၅နှစ်မှ ၂၅နှစ်ထိ နှစ်ရှည်အရစ်ကျဖြင့် ဝယ်ယူနိုင်မည်ဖြစ်ကြောင်း သိရသည်။

 

Myanamr Builders Guide

 

 

---Zawgyi---

 

 

အဆင့္ျမင့္ကြန္ဒိုသီးသန႔္ အေရာင္းပြဲက်င္းပမည္

 

 

အဆင့္ျမင့္ကြန္ဒိုမ်ားကိုသာ ဝယ္ယူေနထိုင္ခ်င္သူမ်ားႏွင့္ ရင္းႏွီးျမႇဳပ္ႏွံမည့္သူမ်ားအတြက္ အဆင့္ျမင့္ ကြန္ဒိုမ်ားသာ သီးသန႔္ေရာင္းခ်မည့္ SHWE PROPERTY LUXURY EXPO ျပပြဲက်င္းပသြား မည္ျဖစ္သည္။

အဆိုပါအေရာင္းပြဲကို ဒီဇင္ဘာလ ၇-ရက္ႏွင့္ ၈-ရက္မ်ားတြင္ Melia Hotel ၌က်င္းပသြားမည္ျဖစ္ၿပီး ရန္ကုန္ၿမိဳ႕၏ ၿမိဳ႕နယ္စုံတြင္ တည္ေဆာက္ထားသည့္ အဆင့္ျမင့္ကြန္ဒိုမ်ား ပါဝင္ေၾကာင္း သိရသည္။

“ဒီပြဲကေတာ့ ကြၽန္ေတာ္တို႔ Shwe Property ကေန ပထမဦးဆုံးအႀကိမ္ျပဳလုပ္တဲ့ အဆင့္ျမင့္ အိမ္ရာေတြခ်ည္း သီးသန႔္စုစည္းၿပီး ျပသေရာင္းခ်မယ့္ ပြဲျဖစ္ပါတယ္။

Luxury Market ကို ျပန္လည္ႏိုးထ ေစခ်င္တဲ့ ဆႏၵ လည္း ပါသလို၊ ရန္ကုန္ၿမိဳ႕မွာ (၇၀)ရာခိုင္ႏႈန္းအထက္နဲ႔ ၂၀၂၀ ၊ ၂၀၂၁ခုႏွစ္မွာ ၿပီးစီးမယ့္ ပေရာဂ်က္ေတြမ်ားစြာ ရွိတယ္ဆိုတာလည္း ေတြ႕ရတယ္။

 

 

ေနာက္တစ္္ခုကေတာ့ ၇၀ရာခိုင္ႏႈန္း အထက္ တည္ေဆာက္မႈၿပီးစီးတဲ့ အိမ္ရာပေရာဂ်က္ေတြကို ဝယ္ယူတဲ့သူေတြ မ်ားလာတဲ့အတြက္ေၾကာင့္ ကြၽန္ေတာ္တို႔ အေနနဲ႔ ဒါမ်ိဳးအိမ္ရာေတြကို စုစည္းၿပီး ျပပြဲက်င္းပရျခင္း ျဖစ္ပါတယ္” ဟု ShweProperty.com တည္္ေထာင္သူႏွင့္ ဒါ႐ိုက္တာ ဦးေကာင္းသူဝင္းက ေျပာသည္။

အဆိုပါအိမ္ရာအေရာင္းျပပြဲတြင္ အိမ္ရာေခ်းေငြအစီအစဥ္ျဖင့္လည္း ဝယ္ယူႏိုင္မည္ျဖစ္ကာမိမိႀကိဳက္ ႏွစ္သက္ရာ ဘဏ္ႏွင့္ခ်ိတ္ဆက္ၿပီး ၅ႏွစ္မွ ၂၅ႏွစ္ထိ ႏွစ္ရွည္အရစ္က်ျဖင့္ ဝယ္ယူႏိုင္မည္ျဖစ္ေၾကာင္း သိရသည္။

 

 

Read 550 times Last modified on Tuesday, 11 February 2020 17:05
Rate this item
(0 votes)
Tagged under