မြန်မာနိုင်ငံသားများအတွက် Long Term Visa ရရှိရန် iMyanmarHouse.com မှ ပထမဆုံး ဝန်ဆောင်မှုပေးနေပြီ

မြန်မာနိုင်ငံသားများအတွက် Long Term Visa ရရှိရန် iMyanmarHouse.com မှ ပထမဆုံး ဝန်ဆောင်မှုပေးနေပြီ google

မြန်မာနိုင်ငံသားများအတွက် ထိုင်းနိုင်ငံတွင် ရေရှည်နေထိုင်ခွင့် Long Term Visa လျှောက်ထားခြင်းနှင့်ပတ်သက်၍ ဆွေးနွေးပွဲကို iMyanmarHouse.comမှကြီးမှူး၍ လာမည့် ၂၀၁၉ ခုနှစ် ၊ သြဂုတ်လ (၂၄) ရက် ၊ နေ့လည် ၁ နာရီ မှ ညနေ ၃ နာရီ အချိန်ထိ ကျင်းပသွား မှာဖြစ်ပါတယ်။

 

အဆိုပါပွဲကို iMyanmarHouse.com ရုံးခန်း တည်ရှိရာ အမှတ် (၅၆၁ / ၅၆၇) MAC Tower (၁၁) လွှာ ၊ ကုန်သည်လမ်း ၊ ကျောက်တံတားမြို့နယ်( CB ဘဏ်ဘေး ဓာတ်လှေကားမှတက်ရန် )တွင် ကျင်းပပြုလုပ်မည် ဖြစ်ကြောင်းသိရပါတယ်။

 

ထိုင်းနိုင်ငံ၏ ကွန်ဒိုမီနီယမ် အက်ဥပဒေ (ပုဒ်မ ၁၉) အရ နိုင်ငံခြားသားများသည် ထိုင်းနိုင်ငံရှိကွန်ဒိုများ၏ ၄၉%အထိကို တရားဝင် ဝယ်ယူပိုင်ဆိုင်နိုင်ခွင့်လည်းရှိမှာ ဖြစ်ပါတယ်။

 

<< ပြည်တွင်း၌ Ease Of Doing Business ဖွံ့ဖြိုးလာစေရန် ဆောက်လုပ်ခွင့်ပါမစ်စနစ်သစ် စတင်မည် >>

 

iMyanmarHouse.comက ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ ကွန်ဒိုများကို မြန်မာနိုင်ငံသားများ အလွယ်တကူ ဝယ်ယူပိုင်ဆိုင်နိုင်စေရန်အတွက် ဝန်ဆောင်မှုများ ပေးနေပြီဖြစ်ပြီး ယခုအချိန်အထိ ထိုင်းနိုင်ငံရှိ အဆင့်မြင့်ကွန်ဒိုများကို မြန်မာနိုင်ငံသားအယောက် (၅၀) ကျော်သို့ အမည်ပေါက်ပိုင်ဆိုင်ခွင့်ရရှိသည်အထိ ဝန်ဆောင်မှု ပေးခဲ့ပြီးဖြစ်ပါတယ်။

 

ထိုင်းနိုင်ငံတွင် ကွန်ဒိုနှင့်တိုက်ခန်းများဝယ်ယူထားပြီးဖြစ်သော မြန်မာနိုင်ငံသားများအပါအဝင် ထပ်မံဝယ်ယူလိုသော မြန်မာနိုင်ငံသားများ စိတ်ဝင်တစား မေးမြန်းလေ့ရှိသည့် "ထိုင်းနိုင်ငံတွင် ရေရှည်နေထိုင်ခွင့် - Long Term Visa" အကြောင်းနှင့် ပတ်သက်၍ ဗဟုသုတများ မျှဝေနိုင်ရန်အတွက် Thailand 5 Year Long Term Visa Seminar ပွဲကို ကျင်းပပြုလုပ်မှာ ဖြစ်ပါတယ်။

<< ပြည်တော်သစ်အိမ်ရာ ပြန်လည်ဖွံ့ဖြိုးရေးစီမံကိန်း တင်ဒါအဆိုပြုလွှာဖိတ်ခေါ် >>

 

Thailand 5 Year Long Term ကိုင်ဆောင်ထားသူများသည် Bangkok ဆေးရုံတွင် တစ်နှစ်လျှင်တစ်ကြိမ်အခမဲ့ ဆေးစစ်ခွင့် ၊ Entries များစွာဖြင့် ထိုင်းနိုင်ငံသို့ အဝင်အထွက်ပြုလုပ်နိုင်ခြင်း ၊ လေဆိပ်ရှိ VIP နားနေခန်းများ အသုံးပြုခွင့် ၊ VIP ၀င်ပေါက်မှ ဝင်ရောက်ရခြင်း ၊ Shopping mall ၊ Spa ၊ Sport စသည့်တို့တွင် Discount များခံစားခွင့် ၊ ထိုင်းနိုင်ငံတစ်ဝန်းရှိ ပြုလုပ်မည့် အစီအစဉ်များတွင် ပါဝင်လှုပ်ရှားနိုင်ခွင့်များစသည့် အကျိုးကျေးဇူးများစွာကို ရရှိနိုင်မည်လည်း ဖြစ်ပါတယ်။

 

“ကျွန်တော်တို့အခုပြုလုပ်မဲ့ ဆွေးနွေးပွဲဟာ ထိုင်းနိုင်ငံမှာ ရေရှည်နေထိုင်ခွင့် ရရှိဖို့ ဘယ်လိုလျှောက်ထားရမလဲ ဆိုတာ ဆွေးနွေးပေးသွားမှာဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ဒီလိုဝန်ဆောင်မှုမျိုးကို ကျွန်တော်တို့ iMyanmarHouse.com ကပဲ ပထမဦးဆုံး ပေးနိုင်တာဖြစ်ပါတယ်။ယိုးဒယား မှာ အိမ်ခြံမြေဝယ်ယူထားတဲ့ မြန်မာနိုင်ငံသားများဟာ ဒီလို Long Term Visa ကို လျှောက်ထားခြင်းနဲ့ပတ်သက်ပြီး မေးမြန်းစုံစမ်းမှုတွေ ပြုလုပ်ကြပါတယ်။ အဲ့ဒီအတွက် iMyanmarHouse.com ကနေ ဘယ်လိုလျှောက်ထားရမလဲဆိုတာ အသိပေး ဝန်ဆောင်မှုပေးသွား မှာဖြစ်လို့ Long Term Visa နဲ့ ပတ်သက်ပြီး သိလိုသူများအားလုံး ဆွေးနွေးပွဲကို ကြွရောက်ခဲ့ဖို့ ဖိတ်ချင်ပါတယ်” ဟု iMyanmarHouse.com ၏ မန်နေဂျင်းဒါရိုက်တာဖြစ်သူ ဦးနေမင်းသူမှ ပြောကြားသွားပါတယ်။

 

<< တစ်ဆင့်ခံရောင်းချ၊ ငှားရမ်းခြင်းများ ပြုလုပ်မည်ဆိုပါက City Gallery၌သာ ဆောင်ရွက်နိုင်မည်>>

 

ယခုဆွေးနွေးပွဲအတွင်း ထိုင်းနိုင်ငံတွင် ရေရှည်နေထိုင်ခွင့်အပါအဝင်၊ ဘန်ကောက်ရှိ အဆင်မြင့် ကွန်ဒိုတိုက်ခန်းများကို တရားဝင်အမည်ပေါက် ဝယ်ယူနိုင်မည့် ဗဟုသုတများစွာကို ရှင်းလင်းပြောပြသွားမည် ဖြစ်သည်။ ဒါ့အပြင် ထူးခြားသော အစီအစဉ် တစ်ရပ်အနေဖြင့် ဆွေးနွေးပွဲတက်ရောက်သူများထဲမှ (၄) ဦးကို (Long Term Visa + Property) Special Package အား ဦးရာလူစနစ်ဖြင့် ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရပါတယ်။

 

လူဦးရေကန့်သတ်ထားပါသဖြင့် စိတ်ဝင်စားသူများ Viber Ph: +959 768922211, +959 768922215 နံပါတ်များကို စာရင်းပေးသွင်းပြီးမှသာ တက်ရောက်နိုင်မှာ ဖြစ်ပါတယ်။

 

Myanmar Builders Guide

Read 754 times
Rate this item
(0 votes)