ပြည်ပလေးနိုင်ငံတွင် မြန်မာနိုင်ငံသားများ အိမ်ခြံမြေရင်းနှီးမြှုပ်နှံနိုင်မည့်အရောင်းပြပွဲ ကျင်းပမည်

ပြည်ပလေးနိုင်ငံတွင် မြန်မာနိုင်ငံသားများ အိမ်ခြံမြေရင်းနှီးမြှုပ်နှံနိုင်မည့်အရောင်းပြပွဲ ကျင်းပမည် google

Luxury ကွန်ဒိုနှင့် အိမ်ခြံမြေများကို မြန်မာနိုင်ငံသားများ ရင်းနှီးမြှုပ်နှံနိုင်မည့်အရောင်းပြပွဲကို နိုင်ငံပေါင်းလေးနိုင်ငံမှ ပထမဆုံးအဖြစ် ရန်ကုန်မြို့ရှိ ဆီဒိုးနားဟိုတယ်၌  သြဂုတ် ၁၈ ရက်တွင် မွန်းလွဲ ၁ နာရီမှ ည ၆နာရီအထိ စည်ကားသိုက်မြိုက်စွာ ခင်းကျင်းပြသသွာှးာဖြစ်ပါတယ်။

 

အဆိုပါပြပွဲကို လာရောက်မည့်သူများအနေဖြင့် မည်သူမဆိုအခမဲ့ဝင်ရောက် လေ့လာနိုင်မှာလည်း ဖြစ်ပါတယ်။

 

lex

 

“ဒီနိုင်ငံတွေမှာ နိုင်ငံခြားသားဝယ်ယူခွင့်ကို တရားဝင်ပိုင်ဆိုင်ခွင့်ပေးထားတာမို့ စိတ်ပူစရာမလိုပါဘူး။ ထိုင်းနိုင်ငံက ကွန်ဒို တိုက်ခန်း တွေကို သွားရောက်လေ့လာမယ်ဆိုရင်လည်း Free ဖြစ်ပြီး ၄၅ မိနစ်ပဲ လေယာဉ်စီး ရတဲ့ ခရီးဖြစ်တဲ့ အတွက် သွားရောက်လေ့လာလို့ ရပါတယ်။မြန် မာနိုင်ငံက Developer တွေပါ မပေးနိုင်တဲ့ ၀န်ဆောင်မှုတွေကို ပေးသွားမှာပါ။ ကွန်ဒိုမီနီယံ အခန်းကို  လေ့လာ ချင်တယ် ဆိုတာနဲ့ လေဆိပ်အထိ လာရောက်ကြိုဆို ပေးကြပါလိမ့်မယ်။ နေထိုင်စားသောက် အားလုံး တာဝန်ယူ ပေးမှာပါ။ အခန်းဝယ် ယူသူအနေနဲ့ လည်း ကျန်းမာရေး စစ်ဆေးမှုနဲ့ ကလေးတွေ အတွက် ပညာရေးကျောင်းတွေပါ ရွေးချယ် နိုင်လို့ လာရောက်လေ့လာဖို့  ဖိတ်ခေါ်ပါတယ်”ဟု စိုင်းခွန်းနောင် အိမ်ခြံမြေ လုပ်ငန်းမှ မန်နေးဂျင်း ဒါရိုက်တာ ဦးစိုင်းခွန်းနောင်က ပြောပါတယ်။

 

<< နေပြည်တော်၊ ရန်ကုန်နှင့်မန္တလေးမြို့ကို အာဆီယံအဆင့်မြင့်မြို့တော်များအဖြစ် သတ်မှတ် >>

 

အဆိုပါ  လေးနိုင်ငံဖြစ်သော ထိုင်း၊ မလေးရှား၊ အင်္ဂလန်နှင့် ဂျပန်နိုင်ငံတို့ရှိ  Down Town  မြို့များမှ ကွန်ဒိုတိုက်ခန်းများ အပါအ၀င် အခြားဒေသများရှိ ကွန်ဒိုတိုက်ခန်းများကို ခင်းကျင်းပြသ သွားမည်ဖြစ်ကာ ကွန်ဒို အရောင်းပြပွဲအား မြန်မာနိုင်ငံရှိ  စိုင်းခွန်နောင်အိမ်ခြံမြေ လုပ်ငန်းနှင့် စကာင်္ပူ နိုင်ငံရှိ  DWG Company (Singapore) တို့မှ ပူးပေါင်း ကျင်းပခြင်းဖြစ်ပြီး DWG Company (Singapore) မှ ဆောက်လုပ်ထားသော နိုင်ငံပေါင်း လေးနိုင်ငံမှ အဆင့်မြင့် ကွန်ဒို နေအိမ်များ ပါဝင်ကြောင်း သိရပါတယ်။

 

<< ROSEWOOD YANGON ဟိုတယ်ကို ရှေးဟောင်းမြို့ပြအမွေအနှစ်အဆောက်အအုံ သတ်မှတ်>>

 

ပြပွဲလာပြည်သူများအတွက် လုံခြုံရေးစနစ်များ ပါဝင်ပြီး  လက်ဗွေရာ စနစ်များ၊ လျှို့ဝှက်သင်္ကေတ နံပါတ်များဖြင့် အသုံးပြု ဆောက်လုပ်ထားသော ပြည်ပနိုင်ငံများရှိ ကွန်ဒို တိုက်ခန်းများကို ရှင်းပြပေးသွားမည် ဖြစ်ကြောင်း၊ ပြည်ပ ဘဏ်ဖြင့် ချိတ်ဆက်၍  နှစ်ရှည်အရစ်ကျစနစ် များဖြင့်လည်း ရောင်းချပေးရန်စီစဉ်ထားကြောင်း၊ ပြည်ပဘဏ်ချေးငွေ ရယူရန် အတွက် ပြည်တွင်း income tax နှင့်  government tax တို့ကို  ပြသ ရမည်ဖြစ်ကြောင်း၊ ယခု ကျင်းပမည့် အရောင်း ပြပွဲ အတွင်း လက်ဆောင်များ ပေးမည်ဖြစ်ကြောင်း၊ ၀ယ်ယူရင်းနှီးမြုပ်နှံပြီးသော ကွန်ဒိုအိမ်ရာများကို လချုပ်၊ နှစ်ချုပ်များဖြင့် ၀ယ်သူစိတ်တိုင်းကျ ငှါးရမ်းနိုင်ပြီး ကွန်ဒိုငှါးရမ်းခများ လစဉ်ရရှိ မည်ဖြစ်ကြောင်း သိရပါတယ်။

 

Myanmar Builders Guide

Read 762 times
Rate this item
(1 Vote)