Yoma Bank Home Loan Expo @ Myanmar Plaza အိမ်ရာအရောင်းပြပွဲကြီး

Yoma Bank Home Loan Expo @ Myanmar Plaza အိမ်ရာအရောင်းပြပွဲကြီး google

ShweProperty.com နှင့် Yoma Bank တို့ပူးပေါင်းပြီးကျင်းပမည့် Yoma Bank Home Loan Expo @ Myanmar Plaza အိမ်ရာအရောင်းပြပွဲကြီးကို လာမယ့် July ( 6-7 )မှာ မနက် (၉) နာရီမှ ည (၉) နာရီထိ Myanmar Plaza (Promotion Area) မှာ ကျင်းပပြုလုပ်မှာ ဖြစ်ပါတယ်။

 

ဒီပြပွဲကြီးမှာ မိသားစုလစဉ်ဝင်ငွေ (၇) သိန်းရှိရုံဖြင့် အိမ်တစ်လုံးကို နှစ်ရှည်အရစ်ကျဝယ်ယူနိုင်မှာဖြစ်ပြီး ရန်ကုန်မြို့ရဲ့ အဆင့်မြင့်ဆုံးနဲ့ အထင်ကရအဖြစ်ဆုံးကွန်ဒိုတွေ၊ မီနီကွန်ဒိုတွေနဲ့ တိုက်ခန်းတွေကို အထူးပရိုမိုးရှင်းများ၊ ဘဏ်ချေးငွေများနဲ့ဝယ်ယူနိုင်မှာဖြစ်ပါတယ်။

 

ပြပွဲရက်အတွင်းရရှိမည့် အထူးအခွင့်အရေးတေတွကတော့ မိသားစုလစဉ်ဝင်ငွေ (၇) သိန်းရှိရုံနဲ့ Yoma Home Loan လျှောက်ထား ဝယ်ယူနိုင်သည့် အထူးအခွင့်အရေး၊ တန်ဖိုးသင့် တိုက်ခန်းများ ၊ Mini – Condo များ ၊ အဆင့်မြင့်ကွန်ဒိုများကို အသက်သာဆုံးဈေးနှုန်းနဲ့ ဝယ်ယူနိုင်မည့် အခွင့်အရေး၊ သိန်း (၂၀၀) အထက် တိုက်ခန်းများအား (၁၅) နှစ်အရစ်ကျဖြင့် ဝယ်ယူခွင့် ၊ သိန်း (၄၀၀) ထက် မီနီကွန်ဒို ၊ အဆင့်မြင့်ကွန်ဒိုများအား (၂၅) နှစ်ထိ အရစ်ကျဝယ်ယူနိုင်မည့် အခွင့်အရေးတို့ပဲ ဖြစ်ပါတယ်။

 

<< မြန်မာနိုင်ငံ၏အကြီးဆုံး အိမ်ခြံမြေနှင့် လူသုံးကုန်ပစ္စည်း အရောင်းပြပွဲကြီးကို မန္တလေးမြို့ တွင်ကျင်းပမည်>>

 

ဒါတွေအပြင် Yoma Bank အိမ်ချေးငွေကဏ္ဍနဲ့ သက်ဆိုင်တဲ့ ပညာရှင်တွေကိုယ်တိုင် ဘဏ်ချေးငွေရယူနိုင်ဖို့ ပြပွဲအတွင်း တိုက်ရိုက် စီစဉ်ပေးခြင်း၊ ဝယ်ယူသူများအတွက် TV ၊ ရေခဲသေတ္တာစတဲ့ အိမ်သုံးလျှပ်စစ်ပစ္စည်းများလည်း လက်ဆောင်ပေးအပ်သွားမှာဖြစ်ပါတယ်။

 

Yoma Home Loan ရယူဖို့အတွက် လိုအပ်ချက်များတွေကတော့(၁) လျှောက်ထားမယ့်သူများဟာ မှတ်ပုံတင်၊ အိမ်ထောင်စုစာရင်း၊ ရပ်ကွက်ထောက်ခံစာ၊ အလုပ်အကိုင်နဲ့ လစာထောက်ခံချက်၊ ဘဏ်စာရင်းနဲ့ ကိုယ်ပိုင်လုပ်ငန်းလုပ်ကိုင်ပါက လုပ်ငန်းသုံးချေးငွေလိုအပ်ချက်  စာရွက်စာတမ်းများလိုအပ်ပါတယ်။(၂) ရိုးမဘဏ်က သတ်မှတ်ထားတဲ့ လိုအပ်ချက်အထောက်အထားတွေနဲ့ ပြည့်စုံပါက ရက်သတ္တပတ် (၂)ပတ်၊ (၃)ပတ်အတွင်း ရာဖြတ်ခြင်း၊ ပိုင်ဆိုင်မှုစစ်ဆေးခြင်းနဲ့ အိမ်ရာချေးငွေ ခွင့်ပြု မပြု ဆုံးဖြတ်ချက်ကို ရရှိမှာ ဖြစ်ပါတယ်။

 

ပြပွဲတက်ရောက်ဖို့ http://bit.ly/2FsZgz1 မှာမည်သူမဆို အခမဲ့နာမည်စာရင်းပေးသွင်းနိုင်ပါတယ်။ စာရင်းသွင်းပြီးနောက် Shwe Property မှ လူကြီးမင်းတို့သိလိုသမျှ ဆက်သွယ်ရှင်းပြပေးသွားမှာလည်း ဖြစ်ပါတယ်။

 


Nilar Myot Win

 

Myanmar Builders Guide

Read 1189 times
Rate this item
(0 votes)