Shwe Property မှ ၁၂ ကြိမ်မြောက် တန်ဖိုးသင့်အိမ်ရာအရောင်းပြပွဲကို ပြုလုပ်ကျင်းပ

Shwe Property မှ ၁၂ ကြိမ်မြောက် တန်ဖိုးသင့်အိမ်ရာအရောင်းပြပွဲကို ပြုလုပ်ကျင်းပ Google

" Shwe Property မှ ကြီးမှူးကျင်းပသော (၁၂) ကြိမ်မြောက် တန်ဖိုးသင့်အိမ်ရာအရောင်းပြပွဲ" ကို လှည်းတန်းစင်တာ(ပရိုမိုးရှင်းဧရိယာ)တွင် ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ ၁၄ ရက်နေ့မှ ၁၆ ရက်နေ့အထိ နေ့စဉ် မနက် ၉ နာရီမှ ညနေ ၅ နာရီအထိ ကျင်းပပြုလုပ်နေကြောင်း သိရပါတယ်။

ဒီပြပွဲကြီးမှာဆိုရင်တော့ ကျပ်သိန်း(၁၈၀) မှ စတင်ပြီး ရွေးချယ်ဝယ်ယူနိုင်တဲ့ ရန်ကုန်မြို့ရဲ့ မြို့နယ်အစုံမှ တန်ဖိုးသင့် တိုက်ခန်းများ၊ ကျပ်သိန်း(၅၀၀)ကျော်ကနေ စတင်တဲ့ မီနီကွန်ဒိုများနဲ့ ကျပ်သိန်း(၁၀၀)ပေးသွင်းရုံနဲ့ အရစ်ကျပေးချေမှုစနစ်တွေနဲ့ဝယ်နိင်ယူနိင်မယ့် ရွှေပေါက္ကံမြို့နယ်က မြေကွက်ကျယ်နှင့် လုံးချင်းအိမ်တွေကိုလည်း စုစည်းပြသရောင်းချပေးလျှက်ရှိနေပါတယ်။

ဒီပြပွဲမှာဝယ်ယူရရှိနိင်တဲ့ အိမ်ရာအမျိုးအစားတွေ၊ မြို့နယ်တွေနဲ့ ဈေးနှုန်းတွေကိုတော့ အောက်ပါဇယားမှာ ကြည့်ရှုလေ့လာနိင်ပါတယ်ခင်ဗျာ။

 269 552 41 Township

 

Contact : +95(9) 952555928, +95(9) 970 123 46(1-5)

Email : This email address is being protected from spambots. You need JavaScript enabled to view it.

Support : This email address is being protected from spambots. You need JavaScript enabled to view it.

 

ပြပွဲရက် (၃) ရက်အတွင်းမှာ လာရောက်ဝယ်ယူမယ်ဆိုရင်တော့ အထူးလျှော့ဈေး ရရှိနိုင်ခြင်း၊ပရိုမိုးရှင်းအစီအစဉ်တွေနဲ့ အတူ မေတ္တာလက်ဆောင်တွေ ရရှိနိုင်မှာဖြစ်တဲ့အပြင် ညှိနှိုင်းငွေချေစနစ်တွေနဲ့ပါ ဝယ်ယူ ရရှိနိုင်မှာ ဖြစ်ပါတယ်။

Yoma Bank မှလည်း အိမ်ရာချေးငွေ ဝန်ဆောင်ပေးဖို့ အသင့်ရှိနေမှာ ဖြစ်ပြီး မိသားစု လစဉ်ဝင်ငွေ (၆) သိန်း ရှိရုံနဲ့ နေအိမ်သစ်တံခါးကို ဖွင့်လှစ်သွားနိင်မှာပါ။

(၆)လတစ်ခါ၊ (၁) နှစ်တစ်ခါ အိမ်ပြောင်းရွှေ့ရတဲ့ အခက်အခဲတွေကို အပြီးပိုင်အဆုံးသတ်ဖို့ Shwe Property ရဲ့ အိမ်ရာအရောင်းပြပွဲတွေက ကူညီပေးနိုင်ပါတယ်။

လက်ရှိမှာ အိမ်ငှားနေထိုင်ရတဲ့သူတွေအတွက် အထူးရည်ရွယ်ပြီးတော့ တန်ဖိုးသင့်အိမ်ရာအရောင်းပြပွဲတွေကို ဆက်တိုက်ကျင်းပပေးနေတာ ဖြစ်ကြောင်းလည်း သိရပါတယ်။

ဒါကြောင့်မလို့ အိမ်ခဏခဏပြောင်းနေရတဲ့ ဒုက္ခတွေကို အဆုံးသတ်ချိန်တယ်ဆိုရင်တော့ လှည်းတန်းစင်တာမှာ ကျင်းပနေတဲ့ ဒီပြပွဲကြီးဆီကိုသာ အရောက်လှမ်းခဲ့လိုက်ပါတော့ခင်ဗျာ။

 

Read 627 times Last modified on Saturday, 15 December 2018 16:46
Rate this item
(1 Vote)