ရန်ကုန်မြို့သစ်စီမံကိန်းနှင့် စပ်လျဉ်း၍ ဆွေးနွေးပွဲပြုလုပ်မည်

ရန်ကုန်မြို့သစ်စီမံကိန်းနှင့် စပ်လျဉ်း၍ ဆွေးနွေးပွဲပြုလုပ်မည် google

NYDC စီမံကိန်းကို လူအများက စိတ်ဝင်စားမှုရှိတာ တွေ့ရပြီး ထောက်ခံအားပေးတဲ့ သူတွေရှိသလို ရန်ကုန်တိုင်းဒေသကြီးအစိုးရနဲ့ NYDC အပေါ် ဝေဖန်မှုများ ထွက်ပေါ်လာတာလည်း တွေ့ရှိခဲ့ရပါတယ်။

အဲဒီထဲကမှ အမေးများတဲ့ မေးခွန်းတွေကတော့ အစိုးရက စီးပွားရေးလုပ်ဖို့လိုလို့လား၊ ဒီမြို့သစ်လို စီမံကိန်းမျိုးကို ဝန်ကြီးဌာန ဒါမှမဟုတ် ကော်မတီဖွဲ့ပြီး လုပ်လို့မရဘူးလား၊

ရန်ကုန်မြို့သစ်က အကျိုးအမြတ်မရှိဘဲ ပိုက်ဆံဖြုန်းတဲ့ စီမံကိန်းဖြစ်သွားမှာလား၊ ခုလက်ရှိ ရန်ကုန်မြို့ကိုဘဲ ပိုကောင်းလာအောင် ဘာလို့မလုပ်တာလဲ၊ တင်ဒါခေါ်ယူရွေးချယ်ရေးမှာ ပွင့်လင်းမြင်သာမှု တရားမျှတမှု ရှိပါ့မလား၊

NYDC Challenge ရဲ့ ပထမအဆင့်ကို စပြီးလုပ်ဆောင်ဖို့ China Communications Construction Company Limited (CCCC) က လုပ်ပိုင်ခွင့် ရသွားတာကကော ပွင့်လင်းမြင်သာမှု၊ မျှတမှု ရှိရဲ့လား အစရှိတဲ့ မေးခွန်းတွေဘဲဖြစ်ပါတယ်။

စီမံကိန်းတစ်ခု၊ ပန်းတိုင်တစ်ခုကို အကောင်အထည်ဖော်တဲ့နေရာမှာ အရေးအကြီးဆုံးက ဒီစီမံကိန်းနဲ့ သက်ဆိုင်သူတွေအားလုံးနဲ့ ထိရောက်တဲ့ ဆက်သွယ်မှုကွန်ရက် ရှိဖို့လိုခြင်းပါ။

ဒါမှလည်း ဘက်ပေါင်းစုံက အမြင်တွေကို သိရှိနိုင်ပြီး အားလုံးလက်ခံနိုင်တဲ့ အနေအထားတစ်ခုကို ရရှိနိုင်မှာပါ။ ဒါကလွယ်ကူတဲ့ ကိစ္စတစ်ခု မဟုတ်ဘဲ သဘောထားကွဲလွဲမှုတွေ အများကြီးကြုံတွေ့နိုင်ပါတယ်။

ဒါပေမယ့် တစ်ယောက်နဲ့တစ်ယောက် အမြင်မတူတာတွေကို အပြန်အလှန် လေးစားမှုနဲ့ နားထောင်ပြီး ညှိနှိုင်းလုပ်ဆောင်သွားနိုင်ရင် ပန်းတိုင်တစ်ခုကို ရောက်မှာသေချာပါတယ်။

ရန်ကုန်မြို့သစ်လို လူထုအတွက် အရေးပါတဲ့စီမံကိန်းမျိုးမှာ ဘက်ပေါင်းစုံက အမြင်တွေကို ပွင့်လင်းမြင်သာစွာ ဆွေးနွေးပြီး အကျိုးရှိတဲ့ မူဝါဒတစ်ခု ချမှတ်နိုင်မယ်ဆိုရင် ပိုပြီးကောင်းမွန်တဲ့ ရလာဒ်တခု ထွက်ပေါ်လာမယ်လို့ ယုံကြည်ပါတယ်။

ဒါကြောင့်မို့ ဒီရန်ကုန်မြို့သစ်စီမံကိန်းအပေါ်မှာရှိတဲ့ မတူညီတဲ့ အမြင်တွေ၊ အကြံပြုချက်တွေကို ဆွေးနွေးဖလှယ်နိုင်ဖို့ ဇွန်လ (၂၃)ရက်နေ့မှာ NYDC ရဲ့ ပထမအကြိမ် ဆွေးနွေးပွဲ (NYDC Town Hall)ကို ပြုလုပ်မှာ ဖြစ်ပါတယ်။

ဒီပွဲမှာ မြို့သစ်စီမံကိန်းနဲ့ ပတ်သက်ပြီး ထွက်ပေါ်နေတဲ့ သတင်းမှားတွေ၊ခန့်မှန်းချက်တွေအစား တိကျသေချာတဲ့ အချက်အလက်တွေ အများပြည်သူတွေ ရယူသွားနိုင်မယ်လို့လည်း ကျွန်တော်တို့ မျှော်လင့်ပါတယ်။

ဒီ NYDC Town Hall ဆွေးနွေးပွဲမှာ လေးယောက် ပါဝင်ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။ ခုပါဝင်ဆွေးနွေးမယ့် ပညာရှင်တွေ ဆိုရင်လည်း ရန်ကုန်မြို့သစ်စီမံကိန်းအပေါ် စိတ်ဝင်တစ်စားနဲ့ မေးခွန်းကောင်းတွေ၊

အကြံဥာဏ်ကောင်းတွေ နဲ့ ထောက်ပြဆွေးနွေးထားတဲ့ သူတွေလည်းဖြစ်ပါတယ်။ ပါဝင်ဆွေးနွေးမယ့်သူတွေကတော့ -

ဦးသိမ်းဝေ@ Serge Pun (Vice Chairman and CEO, NYDC Co.,Ltd.)
ဦးခိုင်ဝင်း (Founder and Director, Sandhi Governance Institute)
ဦးရဲမြတ်သူ (MCDC, Founder/Managing Director - Alpha Mandalay Co.,Ltd.)
ဦးဇေယျသူ (Managing Director/Deputy Chief Editor ,The Voice Journal)
Moderator - ဦးအောင်ချစ်ခင် (Founder and Managing Director, Strategy First Institute )

လူတိုင်းမှာ လုပ်ထုံးလုပ်နည်း၊ ဥပဒေရေးရာ၊ မူဝါဒ အစရှိတဲ့အချက်တွေအပေါ်မှာ အမြင်မတူနိုင်ဘဲ မိမိယုံကြည်ချက်အတိုင်း သဘောထားကွဲလွဲမှုတွေ အမြဲတမ်းရှိနေကြပါ။ ဒီ

လိုသဘောထား ကွဲလွဲမှုတွေကနေမှ အားလုံးလက်ခံနိုင်မယ့် အခြေခံအချက်တစ်ခု ရှာဖွေပြီး ကျွန်တော်တို့အားလုံးရဲ့ ပန်းတိုင်ဖြစ်တဲ့ နိုင်ငံသားများလူနေမှုဘဝ တိုးတက်ရေးအတွက် ကြိုးစားလုပ်ဆောင် သွားရမှာဖြစ်ပါတယ်။

ရန်ကုန်မြို့သစ်ဖွံ့ဖြိုးရေးကုမ္ပဏီလီမိတက် (NYDC) မှ ပထမဦးဆုံး ကျင်းပပြုလုပ်သော ရန်ကုန်မြို့သစ်စီမံကိန်းနှင့် စပ်လျဉ်း၍ ဆွေးနွေးပွဲ (Town Hall) ကို

ဇွန်လ (၂၃) ရက်နေ့ (စနေနေ့) နံနက် (၉) နာရီ မှ (၁၂) နာရီထိ မင်္ဂလာခန်းမ၊ UMFCCI မင်းရဲကျော်စွာလမ်းတွင် ကျင်းပမည်ဖြစ်ပါသည်။

မည်သူမဆို တက်ရောက်နိုင်ပါသည်။ တက်ရောက်လိုပါက ဤနေရာတွင် စာရင်းပေးသွင်းနိုင်ပါသည်။ https://nydc.activehosted.com/f/5

 

Read 958 times Last modified on Wednesday, 12 September 2018 17:33
Rate this item
(0 votes)