၂၀၁၈ ခုႏွစ္မွာ ထပ္မံက်င္းပမယ့္ Biggest Home Loan Expo ျပန္လည္စတင္ျခင္း(Zawgyi-Unicode)

၂၀၁၈  ခုႏွစ္မွာ ထပ္မံက်င္းပမယ့္ Biggest Home Loan Expo ျပန္လည္စတင္ျခင္း(Zawgyi-Unicode) Google

အိမ္ၿခံေျမ အေရာင္း၊ အ၀ယ္၊ အငွား ၀က္ဆိုဒ္ႏွင့္ အိမ္ၿခံေျမျပပြဲက်င္းပေရးအဖြဲ႕အစည္း တစ္ခုျဖစ္တဲ့ Shwe Property.com ရဲ႕ ဒုတိယအႀကိမ္ေျမာက္အျဖစ္

Biggest Home Loan Expo at Tatmadaw Hall အိမ္ရာ အေရာင္းျပပြဲႀကီးကို က်င္းပေတာ့မွာျဖစ္ပါတယ္။

Shwe Property က မတ္လ ၁၆, ၁၇, ၁၈ ရက္ေန႔ တပ္မေတာ္ခန္းမမွာ က်င္းပမည့္ အိမ္ရာအေရာင္းျပပြဲ က Middle Class  လူလတ္တန္းစားေတြကို ရည္ရြယ္ၿပီး

ပထမဦးဆံုးအေနနဲ႔ အိမ္၀ယ္လို၍ျဖစ္ျဖစ္၊ ထပ္မံရင္းႏွီးျမွဳပ္ႏွံလို၍ျဖစ္ျဖစ္ ေငြေၾကးတစ္လံုးတစ္ခဲတည္း ရင္းႏွီးျမွဳပ္ႏွံစရာမလိုဘဲ ဘဏ္နဲ႔ခ်ိတ္ဆက္ၿပီး အိမ္၀ယ္လုိ႔ရေအာင္ စီစဥ္ေပးျခင္းျဖစ္ေၾကာင္း သိရပါတယ္။

s1

အိမ္ရာက႑ပိုင္းမွာ အႀကီးမားဆံုးအခ်က္ကေတာ့ တန္ဖိုးသင့္တိုက္ခန္းေတြကို ငွားရမ္းတဲ့သေဘာတစ္ခု ျဖစ္ပါတယ္။ ပထမဦးဆံုး အိမ္၀ယ္ယူမယ့္သူေတြအေနနဲ႔ အိမ္ပိုင္ဆိုင္မႈကို ငွားရမ္းလိုက္တဲ့ သေဘာပဲ ျဖစ္ပါတယ္။

သူတုိ႔ေတြကေတာ့ ၾကင္စဦးဇနီးေမာင္ႏွံေတြ၊ အေသးစားကိုယ္ပိုင္ စီးပြားေရးလုပ္ငန္းရွင္ေတြနဲ႔ မိသားစု၀င္ေတြစုေပါင္းၿပီး တစ္လကို ၀င္ေငြသိန္း ၂၀ ရွိတယ္ဆုိရင္ေတာ့

ပထမဦးဆံုး ေပးေခ်ရမယ့္ ကနဦး၀င္ေငြကို စုေပါင္းၿပီး ေပးေခ်လိုက္ရင္ အိမ္တစ္လံုး ပိုင္ဆိုင္ႏိုင္ေအာင္ စီစဥ္ထားေၾကာင္း သိရပါတယ္။ က်န္တဲ့ေငြကိုေတာ့ ၁၀ ႏွစ္ကေန ၁၅ ႏွစ္အထိ ႏွစ္ရွည္ဘဏ္ေခ်းေငြနဲ႔ ပံုမွန္ဆပ္သြားႏိုင္ေၾကာင္း သိရပါတယ္။

ျမန္မာ့အိမ္ၿခံေျမက႑ကေတာ့ ၂၀၁၇ ခုႏွစ္မွာ အစေကာင္းခဲ့တယ္လုိ႔ စီးပြားေရးလုပ္ငန္းရွင္ေတြက သံုးသပ္ခဲ့ ၾကတာလည္း ကြန္ဒိုမီနီယံေစ်းကြက္နဲ႔

တိုက္ခန္းေစ်းကြက္ေတြမွာ ဘဏ္ေခ်းေငြဆိုတဲ့ ၾကားျဖည့္ က႑တစ္ခု ပါ၀င္လာတာေၾကာင့္လို႔လည္း ဆိုႏိုင္ပါတယ္။

ဘဏ္ေခ်းေငြနဲ႔ အိမ္ရာ၀ယ္ယူလိုမႈအတြက္ Shwe Property ကို ဖုန္းျဖင့္ ဆက္သြယ္စံုစမ္းမႈကေတာ့ ၂၀၁၇ ခုႏွစ္၊ ဇူလိုင္လမွာ ဖုန္းေခၚဆိုမႈေပါင္း

၂၃၇ ခုသာရွိခဲ့ၿပီး ဒီဇင္ဘာလမွာေတာ့ ၂၄၈၉ အထိ သိသိသာသာ တိုးတက္ေျပာင္းလဲလာတယ္လို႔ Shwe Property မွ သုေတသနတစ္ခု ျပဳလုပ္ထားေၾကာင္း သိရပါတယ္။

ဒီကိန္းဂဏန္းဟာ အိမ္တန္ဖိုး သိန္း ၅၀၀ ေအာက္ရွိတဲ့ တိုက္ခန္းအတြက္ စံုစမ္းမႈေပါင္းျဖစ္ၿပီး သိန္း ၁၀၀၀ ေက်ာ္တန္ဖိုးရွိတဲ့ မီနီကြန္ဒိုေတြနဲ႔ ကြန္ဒိုေတြအတြက္မွာလည္း စံုစမ္းမႈဟာ ၂၃ ကေန ၁၀၁ အထိ ျမင့္တက္ လာခဲ့ေၾကာင္း သိရပါတယ္။

Shwe Property မွ ျမန္မာႏိုင္ငံသားတိုင္း အိမ္ပိုင္ဆိုင္ဖို႔ရည္ရြယ္ၿပီး ပံုမွန္လစဥ္၀င္ေငြရွိတဲ့သူတိုင္း အိမ္တစ္လံုးပိုင္ဆိုင္ဖို႔ ရည္မွန္းၿပီး ဘဏ္ေခ်းေငြနဲ႔

အိမ္ရာ၀ယ္ယူႏိုင္ေအာင္ စီစဥ္ေပးခဲ့ရာကေန ယခု ၂၀၁၈ ခုႏွစ္ထဲမွာလည္း တန္ဖိုးျမင့္ နဲ႔ တန္ဖိုးသင့္အိမ္ရာေတြမ်ားကို စုစည္းၿပီး ဘဏ္ေခ်းေငြနဲ႔ အိမ္ရာ၀ယ္ယူႏိုင္ဖုိ႔ ထပ္မံစီစဥ္ေပးျခင္းျဖစ္ေၾကာင္း သိရပါတယ္။


Unicode Version

အိမ်ခြံမြေ အရောင်း၊ အဝယ်၊ အငှား ၀က်ဆိုဒ်နှင့် အိမ်ခြံမြေပြပွဲကျင်းပရေးအဖွဲ့အစည်း တစ်ခုဖြစ်တဲ့ Shwe Property.com ရဲ့ ဒုတိယအကြိမ်မြောက်အဖြစ်

Biggest Home Loan Expo at Tatmadaw Hall အိမ်ရာ အရောင်းပြပွဲကြီးကို ကျင်းပတော့မှာဖြစ်ပါတယ်။

Shwe Property က မတ်လ ၁၆, ၁၇, ၁၈ ရက်နေ့ တပ်မတော်ခန်းမမှာ ကျင်းပမည့် အိမ်ရာအရောင်းပြပွဲ က Middle Class  လူလတ်တန်းစားတွေကို ရည်ရွယ်ပြီး

ပထမဦးဆုံးအနေနဲ့ အိမ်ဝယ်လို၍ဖြစ်ဖြစ်၊ ထပ်မံရင်းနှီးမြှုပ်နှံလို၍ဖြစ်ဖြစ် ငွေကြေးတစ်လုံးတစ်ခဲတည်း ရင်းနှီးမြှုပ်နှံစရာမလိုဘဲ ဘဏ်နဲ့ချိတ်ဆက်ပြီး အိမ်ဝယ်လို့ရအောင် စီစဉ်ပေးခြင်းဖြစ်ကြောင်း သိရပါတယ်။

s1

အိမ်ရာကဏ္ဍပိုင်းမှာ အကြီးမားဆုံးအချက်ကတော့ တန်ဖိုးသင့်တိုက်ခန်းတွေကို ငှားရမ်းတဲ့သဘောတစ်ခု ဖြစ်ပါတယ်။ ပထမဦးဆုံး အိမ်ဝယ်ယူမယ့်သူတွေအနေနဲ့ အိမ်ပိုင်ဆိုင်မှုကို ငှားရမ်းလိုက်တဲ့ သဘောပဲ ဖြစ်ပါတယ်။

သူတို့တွေကတော့ ကြင်စဦးဇနီးမောင်နှံတွေ၊ အသေးစားကိုယ်ပိုင် စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ မိသားစုဝင်တွေစုပေါင်းပြီး တစ်လကို ၀င်ငွေသိန်း ၂၀ ရှိတယ်ဆိုရင်တော့

ပထမဦးဆုံး ပေးချေရမယ့် ကနဦးဝင်ငွေကို စုပေါင်းပြီး ပေးချေလိုက်ရင် အိမ်တစ်လုံး ပိုင်ဆိုင်နိုင်အောင် စီစဉ်ထားကြောင်း သိရပါတယ်။ ကျန်တဲ့ငွေကိုတော့ ၁၀ နှစ်ကနေ ၁၅ နှစ်အထိ နှစ်ရှည်ဘဏ်ချေးငွေနဲ့ ပုံမှန်ဆပ်သွားနိုင်ကြောင်း သိရပါတယ်။

မြန်မာ့အိမ်ခြံမြေကဏ္ဍကတော့ ၂၀၁၇ ခုနှစ်မှာ အစကောင်းခဲ့တယ်လို့ စီးပွားရေးလုပ်ငန်းရှင်တွေက သုံးသပ်ခဲ့ ကြတာလည်း ကွန်ဒိုမီနီယံစျေးကွက်နဲ့

တိုက်ခန်းစျေးကွက်တွေမှာ ဘဏ်ချေးငွေဆိုတဲ့ ကြားဖြည့် ကဏ္ဍတစ်ခု ပါ၀င်လာတာကြောင့်လို့လည်း ဆိုနိုင်ပါတယ်။

ဘဏ်ချေးငွေနဲ့ အိမ်ရာဝယ်ယူလိုမှုအတွက် Shwe Property ကို ဖုန်းဖြင့် ဆက်သွယ်စုံစမ်းမှုကတော့ ၂၀၁၇ ခုနှစ်၊ ဇူလိုင်လမှာ ဖုန်းခေါ်ဆိုမှုပေါင်း

၂၃၇ ခုသာရှိခဲ့ပြီး ဒီဇင်ဘာလမှာတော့ ၂၄၈၉ အထိ သိသိသာသာ တိုးတက်ပြောင်းလဲလာတယ်လို့ Shwe Property မှ သုတေသနတစ်ခု ပြုလုပ်ထားကြောင်း သိရပါတယ်။

ဒီကိန်းဂဏန်းဟာ အိမ်တန်ဖိုး သိန်း ၅၀၀ အောက်ရှိတဲ့ တိုက်ခန်းအတွက် စုံစမ်းမှုပေါင်းဖြစ်ပြီး သိန်း ၁၀၀၀ ကျော်တန်ဖိုးရှိတဲ့ မီနီကွန်ဒိုတွေနဲ့ ကွန်ဒိုတွေအတွက်မှာလည်း စုံစမ်းမှုဟာ ၂၃ ကနေ ၁၀၁ အထိ မြင့်တက် လာခဲ့ကြောင်း သိရပါတယ်။

Shwe Property မှ မြန်မာနိုင်ငံသားတိုင်း အိမ်ပိုင်ဆိုင်ဖို့ရည်ရွယ်ပြီး ပုံမှန်လစဉ်ဝင်ငွေရှိတဲ့သူတိုင်း အိမ်တစ်လုံးပိုင်ဆိုင်ဖို့ ရည်မှန်းပြီး ဘဏ်ချေးငွေနဲ့

အိမ်ရာဝယ်ယူနိုင်အောင် စီစဉ်ပေးခဲ့ရာကနေ ယခု ၂၀၁၈ ခုနှစ်ထဲမှာလည်း တန်ဖိုးမြင့် နဲ့ တန်ဖိုးသင့်အိမ်ရာတွေများကို စုစည်းပြီး ဘဏ်ချေးငွေနဲ့ အိမ်ရာဝယ်ယူနိုင်ဖို့ ထပ်မံစီစဉ်ပေးခြင်းဖြစ်ကြောင်း သိရပါတယ်။

Read 1374 times
Rate this item
(2 votes)