စော်ကဲတံတားသစ်ကြီး တည်ဆောက်မှု ၉၆ ရာခိုင်နှုန်းပြီးစီး

စော်ကဲတံတားသစ်ကြီး တည်ဆောက်မှု ၉၆ ရာခိုင်နှုန်းပြီးစီး

မော်လမြိုင်ကျွန်းမြို့နယ်နှင့် ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့သို့ အချိန်တိုအတွင်း သွားရောက် နိုင်တော့မည့် စော်ကဲတံတားသစ်ကြီး တည်ဆောက်မှု ၉၆ ရာခိုင်နှုန်းပြီးစီးနေပြီး စက်တင်ဘာလကုန်တွင် အပြီး တည်ဆောက်သွားမည်ဟု သိရသည်။

 

စော်ကဲတံတားသစ်ကြီးကို တည်ဆောက်ရေးအဖွဲ့(၂)၊ တံတားဦးစီးဌာနက တာဝန်ယူ တည်ဆောက်လျက်ရှိသည်။

 

စော်ကဲတံတားသစ်ကြီး ပြီးစီးသည့်အခါ၌ လမ်းအမှတ်(၁၀)၊ ဘိုကလေး- မော်လမြိုင်ကျွန်း- ကျုံမငေး- ဝါးခယ်မ- မြောင်းမြလမ်း မိုင်တိုင်အမှတ်(၁၇/ဝ)တို့အား ဖြတ်သန်း၍ ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့သို့ အချိန် ၂ နာရီခန့်ဖြင့် အချိန်တိုအတွင်း ကူးလူးဆက်သွယ် သွားလာနိုင်မည်ဖြစ်သည်။

 

စော်ကဲမြစ်ကူးတံတားကြီးသည် အရှည် ၇၅၀ မီတာ၊ အကျယ် ၉ ဒသမ ၅ မီတာရှိသည်။ ၂၀၁၇ ခုနှစ် ဇူလိုင် ၁ ရက်မှ စတင်တည်ဆောက်ခဲ့သည်။

 

၂ဝ၂ဝ ပြည့်နှစ် စက်တင်ဘာ ၃ဝ ရက်တွင် အပြီးတည်ဆောက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

 

By Myanmar Builders Guide

 

MyanmarDigitalNews

Read 769 times
Rate this item
(0 votes)
Tagged under