စွန့်ပစ်တာယာဖြင့်ယာဉ်သွားလမ်းဆောက်လုပ်မည်

စွန့်ပစ်တာယာဖြင့်ယာဉ်သွားလမ်းဆောက်လုပ်မည်

အဘူဒါဘီရဲ့ မြို့ပြစီမံကိန်းနှင့်Municipalitiesဌာန (DPM)တို့က လမ်းဆောက်လုပ်ရေးအတွက် ဂေဟစနစ်နှင့်သဘာဝပတ်ဝန်းကျင်ဆိုင်ရာ နည်းလမ်းတွေကို အသုံးပြုပြီး စီမံကိန်းခြောက်ခုကို အကောင်အထည်ဖော်ရန် ကြေငြာခဲ့ပါတယ်။

 

ဒေသအလိုက် ရာသီဥတုနှင့်ကိုက်ညီမှုရှိ၊မရှိလေ့လာခြင်းနှင့်ခွဲခြမ်းစိတ်ဖြာခြင်းတွေ စသည့် အဆင့်များစွာပါဝင်တဲ့ လုပ်ငန်းစဉ်ပြီးနောက် ပစ္စည်းတွေထိထိရောက်ရောက်ဖြစ်မှုနှင့် တည်တံ့ခိုင်မြဲမှုတို့ဖြင့် အကောင်အထည်ဖော်ရန်အတွက် အဆင်သင့်ဖြစ်၊မဖြစ်ကို စမ်းသပ်တဲ့ ရှေ့ပြေးစီမံကိန်းတွေအပြီးမှာ DPMက အစပျိုးလုပ်ဆောင်မှုများကို စတင်ခဲ့ပါတယ်။

 

Geo-grid ဆိုတာကတော့ လမ်းခင်း ၊ ကွန်ကရစ်လောင်းတဲ့ အခါ အသုံးပြု တဲ့ ဇကာကွက် ပုံစံ အောက်ခံပြားပါ ၎င်းကို အသုံးပြုခြင်းဖြင့် စနစ်ကျ စေပါတယ်။Geo-gridတွေကို အသုံးပြုခြင်းက ကတ္တရာခင်းခြင်းကို ပိုမိုထိရောက်စေပြီး ခင်းထားတဲ့ အလွှာတွေရဲ့ အထူနှင့်လမ်းဆောက်လုပ်ရေးမှာ အသုံးပြုတဲ့ ကုန်ကြမ်းပစ္စည်းပမာဏကို လျှော့ချနိုင်ကြောင်း ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

 

ဤနည်းက ဆောက်လုပ်ရေး အချိန်လျှော့ချခြင်း၊ လုပ်ငန်းလည်ပတ်မှုကုန်ကျစရိတ်များလျှော့ချခြင်း၊လမ်းသက်တမ်းတိုးခြင်းနှင့်ကာဗွန်ထုတ်လွှတ်မှုလျှော့ချခြင်း စတာတွေကို အကျိုးသက်ရောက်စေပါတယ်။လမ်းကြမ်းတွေမှာ ခင်းကျင်း ကြိတ်ခွဲထားတဲ့ ကွန်ကရစ်တွေအသုံးပြုခြင်းသည့် DPMရဲ့ စီမံကိန်းက ကွန်ကရစ်စွန့်ပစ်ပစ္စည်းတွေကို ပြန်လည်အသုံးပြုခြင်းကို ရည်ညွှန်းပါတယ်။ပြန်လည်အသုံးပြုခြင်းမှတစ်ဆင့် လုပ်ငန်းလည်ပတ်မှုစွမ်းရည်မြင့်တက်လာစေပါတယ်။

 

ကတ္တရာအရောအနှောနည်းတွေကို တိုးတက်စေဖို့ ဌာနရဲ့ စွမ်းဆောင်ရည်စမ်းသပ်မှုပြီးနောက် ပိုလီမာပစ္စည်းတွေနဲ့ပေါင်းစပ်ခြင်းဖြင့် စတင်ခဲ့ပြီး Abu Dhabi ရှိ အခြေခံအဆောက်အအုံစီမံကိန်း ၉ ခုအတွက် အကောင်အထည်ဖော်ခဲ့ပါတယ်။Sharjah တက္ကသိုလ်နှင့် ပူးပေါင်းပြီး DPMက အခြေခံအဆောက်အအုံရေရှည်တည်တံ့ခိုင်မြဲစေရန်အတွက် ပြုပြင်ထားတဲ့ ကတ္တရာအလွှာတွေရဲ့ သံမဏိချပ်ပြားတွေကို အသုံးပြုထားသော ကျောက်ခင်းစီမံကိန်းတွေကို စတင်အကောင်အထည်ဖော်ခဲ့ပါတယ်။

 

ဌာနက တာယာအမှိုက်တွေကို ပြန်လည်အသုံးပြုခြင်းနှင့်တာရှည်ခံတဲ့ လမ်းတွေ ဖောက်ခြင်းလုပ်ငန်းကို ပေါင်းစပ်ထားပြီး ကတ္တရာအလွှာတွေ ပြန်လည်အသုံးပြုထားတဲ့ ရော်ဘာတွေကို အသုံးပြုပေါင်းစပ်ထားပါတယ်။ASTM အပြည်ပြည်ဆိုင်ရာ လမ်းညွှန်ချက်များဖြင့် လမ်းညွှန်သောစီမံကိန်းက လမ်းအသွားအလာမှဆူညံသံများကို လျော့နည်းစေပါတယ်။

 

လမ်းများဖောက်လုပ်ရာမှာ ရေရှည်တည်တံ့မည့်နည်းလမ်းများနှင့် ပတ်သက်ပြီး မှတ်ချက်ပေးရာ၌ DPM ရဲ့မဟာဗျူဟာရေးရာကဏ္ဍရဲ့ အမှုဆောင်ညွှန်ကြားရေးမှူးနှင့်၎င်းရဲ့ နည်းပညာကော်မတီဥက္ကဌ HE Mohamed Al Khadar Al Ahmedက“ဌာနက မဟာဗျူဟာနှင့် နှစ်ပေါင်းများစွာပူးပေါင်းပြီး partnerတွေအနေနဲ့ ၎င်းရဲ့စီမံကိန်းအားလုံးမှာ ရေရှည်တည်တံ့ခိုင်မြဲသော အဆင့်သို့ ပို့ဆောင်ရန်အားထုတ်မှုတွေနှင့်နည်းလမ်းအရင်းအမြစ်တွေကို အာရုံစိုက်နေပါတယ်။ရလဒ်အနေဖြင့် Abu Dhabiရှိ သယ်ယူပို့ဆောင်ရေးနှင့်အခြေခံအဆောက်အအုံ ကွန်ယက်များအတွက် သိသိသာသာတိုးတက်မှုများရရှိခဲ့တယ်လို့သိရပါတယ်။

 

Ref : Construction Week Online 

Read 646 times
Rate this item
(0 votes)
Tagged under