ရန်ကုန်ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများ ဈေးကွက်အတွင်း ဈေးနှုန်းများမြင့်တက်နေ

ရန်ကုန်ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများ ဈေးကွက်အတွင်း ဈေးနှုန်းများမြင့်တက်နေ google

ပြည်တွင်း၌ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းထုတ်လုပ်မှု လျော့နည်းလာခြင်းကြောင့် အရောင်းဆိုင်များတွင် ပစ္စည်းအဝင်နည်းပြီး ရန်ကုန်ဆောက်လုပ်ရေး လုပ်ငန်းသုံးပစ္စည်းဈေးကွက်အတွင်း ဈေးနှုန်းများမြင့်တက်နေကြောင်း ရန်ကုန်မြို့အခြေစိုက် ဘိလပ်မြေ၊ အုတ်၊ သဲ၊ ကျောက်ရောင်းဝယ်ရေးဆိုင်များမှ သိရသည်။

 

'' ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းတွေ အဝင်နည်းပြီး ဈေးတက်နေပါတယ်။ ဒါပေမဲ့ အရောင်းအဝယ်ကတော့ ပုံမှန်ပဲသွားနေပါတယ် '' ဟု မင်္ဂလာတောင်ညွှန့်မြို့နယ်မှ ဒေါ်ငွေဝင်းနှင့်သားများ အုတ်၊ သဲ၊ ကျောက်ရောင်းဝယ်ရေးမှ ဦးသန်းအောင်က ပြောသည်။

 

 

>>>ရွှေလောင်းကြိုးတံတား သံကူကွန်ကရစ်တံတားအဖြစ် အဆင့်မြှင့်တင် တည်ဆောက်ရေးလုပ်ငန်းများ ၅၅ ရာခိုင်နှုန်းပြီးစီး<<<

 

 

ကျောက်တစ်ကျင်းလျှင် မတ်လပထမပတ်တွင် ငွေကျပ် ၇၅၀၀၀ မှ မတ်လ ၁၅ ရက်တွင် ငွေကျပ် ၇၇၀၀၀၊ အုတ်တစ်ချပ်လျှင် ငွေကျပ် ၁၀၀ မှ ငွေကျပ် ၁၂၅ ကျပ်၊ သဲတစ်ကျင်းလျှင် ငွေကျပ် ၉၀၀၀ မှ ငွေကျပ် ၁၀၀၀၀ သို့ ဈေးနှုန်းအနည်းငယ် မြင့်တက်လျက်ရှိကြောင်း သိရသည်။

 

 

ထိုင်းနိုင်ငံမှတင်သွင်းသည့် ဆင်အမှတ်တံဆိပ်ဘိလပ်မြေမှာ ပုံမှန်အကျဈေး တစ်အိတ်လျှင် ငွေကျပ် ၆၂၀၀ ရှိကြောင်း၊ လက်ရှိ ရန်ကုန်မြို့ရှိ ဆောက်လုပ်ရေးလုပ်ငန်းသုံး ပစ္စည်းအရောင်းဆိုင်များသည် ကွန်ဒို၊ တိုက်ခန်းများ ရောင်းထွက်သည့်ပေါ်မူတည်၍ ကန်ထရိုက်တာများအပေါ် အားထားပြီး အရောင်းအဝယ်ပြုလုပ်နေရကြောင်း သိရသည်။

 

 

သန့်ရှင်းရေး လုပ်ငန်းပေါင်း ၃၅ ခုကို ရှာရန်နှိပ်ပါ

 

 

'' ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းအရောင်းဆိုင်တွေက တိုက်ခန်းတွေ၊ ကွန်ဒိုတွေများများဆောက်လုပ်နိုင်မှ အရောင်းအဝယ် အဆင်ပြေမှာပါ '' ဟု တာမွေမြို့နယ်ရှိ ဘိလပ်မြေ၊ အုတ်၊ သဲ၊ ကျောက် ရောင်းဝယ်ရေးဆိုင်တစ်ဆိုင်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

 

 

အိမ်ခြံမြေအခွန်ခနှုန်းထားများ လျှော့ချလိုက်သော်လည်း ရန်ကုန်ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းဈေးကွက်၌ လက်ရှိအချိန်ထိ ရိုက်ခတ်မှု မရှိသေးကြောင်း သိရသည်။

 

 

Source: Myawady

 

 

Myanmar Builders Guide

 

 

---Zawgyi---

 

 

ရန္ကုန္ေဆာက္လုပ္ေရးလုပ္ငန္းသံုးပစၥည္းမ်ား ေစ်းကြက္အတြင္း ေစ်းႏႈန္းမ်ားျမင့္တက္ေန

 

 

ျပည္တြင္း၌ ေဆာက္လုပ္ေရးလုပ္ငန္းသံုးပစၥည္းထုတ္လုပ္မႈ ေလ်ာ့နည္းလာျခင္းေၾကာင့္ အေရာင္းဆိုင္မ်ားတြင္ ပစၥည္းအဝင္နည္းၿပီး ရန္ကုန္ေဆာက္လုပ္ေရး လုပ္ငန္းသံုးပစၥည္းေစ်းကြက္အတြင္း ေစ်းႏႈန္းမ်ားျမင့္တက္ေနေၾကာင္း ရန္ကုန္ၿမိဳ႕အေျခစိုက္ ဘိလပ္ေျမ၊ အုတ္၊ သဲ၊ ေက်ာက္ေရာင္းဝယ္ေရးဆိုင္မ်ားမွ သိရသည္။

 

 

'' ေဆာက္လုပ္ေရးလုပ္ငန္းသံုးပစၥည္းေတြ အဝင္နည္းၿပီး ေစ်းတက္ေနပါတယ္။ ဒါေပမဲ့ အေရာင္းအဝယ္ကေတာ့ ပံုမွန္ပဲသြားေနပါတယ္ '' ဟု မဂၤလာေတာင္ညႊန္႔ၿမိဳ႕နယ္မွ ေဒၚေငြဝင္းႏွင့္သားမ်ား အုတ္၊ သဲ၊ ေက်ာက္ေရာင္းဝယ္ေရးမွ ဦးသန္းေအာင္က ေျပာသည္။

 

 

ေက်ာက္တစ္က်င္းလွ်င္ မတ္လပထမပတ္တြင္ ေငြက်ပ္ ၇၅၀၀၀ မွ မတ္လ ၁၅ ရက္တြင္ ေငြက်ပ္ ၇၇၀၀၀၊ အုတ္တစ္ခ်ပ္လွ်င္ ေငြက်ပ္ ၁၀၀ မွ ေငြက်ပ္ ၁၂၅ က်ပ္၊ သဲတစ္က်င္းလွ်င္ ေငြက်ပ္ ၉၀၀၀ မွ ေငြက်ပ္ ၁၀၀၀၀ သို႔ ေစ်းႏႈန္းအနည္းငယ္ ျမင့္တက္လ်က္ရွိေၾကာင္း သိရသည္။

 

 

ထိုင္းႏိုင္ငံမွတင္သြင္းသည့္ ဆင္အမွတ္တံဆိပ္ဘိလပ္ေျမမွာ ပံုမွန္အက်ေစ်း တစ္အိတ္လွ်င္ ေငြက်ပ္ ၆၂၀၀ ရွိေၾကာင္း၊ လက္ရိွ ရန္ကုန္ၿမိဳ႕ရွိ ေဆာက္လုပ္ေရးလုပ္ငန္းသံုး ပစၥည္းအေရာင္းဆုိင္မ်ားသည္ ကြန္ဒို၊ တိုက္ခန္းမ်ား ေရာင္းထြက္သည့္ေပၚမူတည္၍ ကန္ထရိုက္တာမ်ားအေပၚ အားထားၿပီး အေရာင္းအဝယ္ျပဳလုပ္ေနရေၾကာင္း သိရသည္။

 

 

'' ေဆာက္လုပ္ေရးလုပ္ငန္းသံုးပစၥည္းအေရာင္းဆိုင္ေတြက တိုက္ခန္းေတြ၊ ကြန္ဒိုေတြမ်ားမ်ားေဆာက္လုပ္ႏိုင္မွ အေရာင္းအဝယ္ အဆင္ေျပမွာပါ '' ဟု တာေမြၿမိဳ႕နယ္ရွိ ဘိလပ္ေျမ၊ အုတ္၊ သဲ၊ ေက်ာက္ ေရာင္းဝယ္ေရးဆိုင္တစ္ဆိုင္မွ တာဝန္ရွိသူတစ္ဦးက ေျပာသည္။

အိမ္ၿခံေျမအခြန္ခႏႈန္းထားမ်ား ေလွ်ာ့ခ်လုိက္ေသာ္လည္း ရန္ကုန္ေဆာက္လုပ္ေရးလုပ္ငန္းသံုးပစၥည္းေစ်းကြက္၌ လက္ရွိအခ်ိန္ထိ ရိုက္ခတ္မႈ မရွိေသးေၾကာင္း သိရသည္။

 

 

Source: Myawady

Read 540 times
Rate this item
(0 votes)