အင်းလျားကန်ရေရှည်တည်တံ့ခိုင်မြဲစေရေး နည်းပညာဆိုင်ရာလုပ်ငန်းများ EOI တင်ပြရန် ဖိတ်ခေါ်

အင်းလျားကန်ရေရှည်တည်တံ့ခိုင်မြဲစေရေး နည်းပညာဆိုင်ရာလုပ်ငန်းများ EOI တင်ပြရန် ဖိတ်ခေါ်

ရန်ကုန်မြို့ရှိ အင်းလျားကန်ရေရှည်တည်တံ့ခိုင်မြဲစေရေး နည်းပညာဆိုင်ရာလုပ်ငန်းများ အကောင်အထည်ဖော်ရန်

စိတ်ပါဝင်စားသည့် ပြည်တွင်း၊ ပြည်ပကုမ္ပဏီများ၊ ဖက်စပ်ကုမ္ပဏီများအနေဖြင့် စိတ်ဝင်စားမှုဖော်ပြချက် Expression of Interest (EOI)တင်သွင်းရန် လျှောက်လွှာပုံစံများကို ယခုနှစ် နိုဝင်ဘာ ၂၃ ရက်မှစ၍ ရေရရှိရေးနှင့် ရေပေးဝေရေးလုပ်ငန်းတာဝန်ခံအဖွဲ့ရုံး ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီတွင် ရုံးချိန်အတွင်း လာရောက်ဝယ်ယူနိုင်ကြောင်း သိရသည်။

ရန်ကုန်မြို့ရှိ အင်းလျားကန်ရေရှည်တည်တံ့ခိုင်မြဲစေရေးအတွက် နည်းပညာပိုင်းဆိုင်ရာ လုပ်ငန်းများကို ၂၀၂၁ခုနှစ်တွင် အကောင်အထည်ဖော်ဆောင်ရွက်ရန် ရှိကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးအဖွဲ့၊ ရေနှင့်ရေပေးဝေရေးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးလင်းထင်ခ က ဆင်ဟွာသို့ နိုဝင်ဘာ ၁၂ ရက်တွင် ပြောကြားသည်။

“အခုကတော့ အင်းလျားကန်ရေရှည်တည်တံ့ရေးကို အကောင်အထည်ဖော်ဖို့အတွက် ပြည်တွင်း၊ ပြည်ပဖက်စပ်ကုမ္ပဏီများ ကို အဆိုပြုလွှာတွေဖိတ်ခေါ်ဆောင်ရွက်နေပါတယ်။ ရည်ရွယ်ချက်ကတော့ အင်းလျားကန်ကြီး ရေရှည်တည်မြဲရေး၊ သာယာလှပရေး၊ ကြံ့ခိုင်ရေးအတွက်ရည်ရွယ်ပြီး ဆောင်ရွက်ဖို့ လုပ်ဖြစ်တာပါ။ ဒီစီမံကိန်းလုပ်ဆောင်တဲ့အတွက် ရေကိုလည်း ရေငွေ့ပျံခြင်းမရှိအောင်ထိန်းသိမ်းနိုင်မှာ ဖြစ်ပါတယ်။ခန့်မှန်းချေအားဖြင့် ၂၀၂၁ လောက်မှာ ဆောင်ရွက်နိုင်မယ်လို့ ထင်ပါတယ်’’ ဟု ၎င်းကဆိုသည်။

ထိုဝယ်ယူထားသည့်အဆိုပြုလွှာများကို ၂၀၂၁ခုနှစ်၊ ဇန်နဝါရီ ၁၃ ရက် မွန်းလွဲ ၂ နာရီမတိုင်မီ အဆိုပါရေပေးဝေရေးလုပ်ငန်း တာဝန်ခံအဖွဲ့ရုံး သို့ လူကိုယ်တိုင်လာရောက်ပေးပို့ရမည်ဖြစ်ကြောင်း သိရသည်။
(Xinhua)

Read 383 times
Rate this item
(0 votes)