ရန်ကုန်ပညာရေးတက္ကသိုလ် တည်ဆောက်ရေးလုပ်ငန်း ဆောင်ရွက်ရန် အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း

ရန်ကုန်ပညာရေးတက္ကသိုလ် တည်ဆောက်ရေးလုပ်ငန်း ဆောင်ရွက်ရန် အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း

၁။ ၁၂.၁၂.၂၀၁၉ ရက်တွင် မြန်မာ့အလင်းနှင့် ကြေးမုံသတင်းစာပါ ရန်ကုန် ပညာရေးတက္ကသိုလ်မှ ပြည်၊ တကောင်းဆောင်များ Renovation အတွက် တင်ဒါခေါ်ယူခြင်းတွင် လုပ်ငန်းများညှိနှိုင်းနေ၍ တင်ဒါလျှောက်လွှာများ မရောင်းချခဲ့ခြင်းကြောင့် နောက်ဆုံးတင်ဒါလျှောက်လွှာတင်သွင်းရမည့် နေ့ရက် ၁၀.၁.၂၀၂၀ ရက်နေ့ ညနေ (၄:၃၀) နာရီအထိ ခေါ်ယူခဲ့ခြင်းအား အောက်ပါအတိုင်း ထပ်မံခေါ်ယူလိုက်ပါသည်။

 

၂။ အိတ်ဖွင့်တင်ဒါပုံစံနှင့်စည်းကမ်းချက်များကို ၁၉.၅.၂၀၂၀ ရက်နေ့မှစတင်၍ ၊ ရောင်းချမည်ဖြစ်ပြီး ၁၅.၆.၂ဝ၂ဝ ရက် ညနေ (၄:၃၀) နာရီ နောက်ဆုံးထား၍ အိတ်ဖွင့်တင်ဒါများကို တင်သွင်းရမည်ဖြစ်ပါသည်။

 

၃။ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်ပညာရေး တက္ကသိုလ်ရှိ အောက်ဖော်ပြပါတည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် ရှိပါသဖြင့် မြန်မာနိုင်ငံသား လုပ်ငန်းရှင်များထံမှ အိတ်ဖွင့်တင်ဒါတင်သွင်းရန် ဖိတ်ခေါ်အပ်ပါသည်။

 

3.JPG

 

၄။ အိတ်ဖွင့်တင်ဒါတင်သွင်းလိုသူသည် တင်သွင်းလိုသည့်လုပ်ငန်း အတွက် သတ်မှတ်တင်ဒါဒအာမခံကြေးကိုအိတ်ဖွင့်တင်ဒါတင်သွင်းရမည့် ရန်ကုန် ပညာရေး တက္ကသိုလ် ဘဏ္ဍာရေးဌာနတွင် ကျသင့်ငွေပေးသွင်းပြီး ငွေသွင်းပြေစာမိတ္တူကို သတ်မှတ် အိတ်ဖွင့်တင်ဒါပုံစံနှင့်အတူ ပူးတွဲ၍ တင်သွင်းရမည်။ လုပ်ငန်းတစ်ခု ထက် ပို၍ တင်ဒါတင်သွင်းလိုပါက မိမိတင်သွင်းလိုသည့်လုပ်ငန်း အမျိုးအစားအားလုံး တင်ဒါဒအာမခံကြေးကို ပေးသွင်းပြီး သတ်မှတ်ဒဒိတ်ဖွင့်တင်ဒါပုံစံတစ်ခု " ချင်း တင်သွင်းရမည်ဖြစ်ပါသည်။

 

၅။ အိတ်ဖွင့်တင်ဒါနှင့်သက်ဆိုင်သည့် အသေးစိတ်သိရှိလိုသော အချက်များ ရှိပါက ဖုန်းနံပါတ် ၀၁-၅၂၇၀၇၆ သို့ ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းနိုင်ပါသည်။

 

တင်ဒါရွေးချယ်ရေးကော်မတီ

Read 713 times
Rate this item
(1 Vote)