ပုသိမ်တံတားအမှတ်(၂) စီမံကိန်းတွင် Decorative Lighting တပ်ဆင်ခြင်းလုပ်ငန်းအတွက် အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း

ပုသိမ်တံတားအမှတ်(၂) စီမံကိန်းတွင် Decorative Lighting တပ်ဆင်ခြင်းလုပ်ငန်းအတွက် အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း google

ဆောက်လုပ်ရေးဝန်ကြီးဌာန တံတားဦးစီးဌာန၊ တံတားအထူးအဖွဲ့(၁၆) မှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွင်း ပြည်ထောင်စုငွေလုံးငွေရင်းရန်ပုံငွေဖြင့်

တည်ဆောက်လျက်ရှိသော ပုသိမ်တံတားအမှတ်(၂) စီမံကိန်းတွင် ခေတ်မီသော Decorative Lighting တပ်ဆင်ခြင်းလုပ်ငန်းကို

 

သတ်မှတ်ရက်အတွင်းပြီးစီးအောင်ဆောင်ရွက်ရန်အတွက် တိုင်းရင်းသားပုဂ္ဂလိကကုမ္ပဏီများသို့ အိတ်ဖွင့်တင်ဒါပေးသွင်းရန်ဖိတ်ခေါ်အပ်ပါသည်။


တင်ဒါလျှောက်လွှာပုံစံ၊ စည်းကမ်းချက်များနှင့် အသေးစိတ်အချက်အလက်များကိုသိရှိလိုပါက

 

ဖုန်း ၀၉-၅၁၀၆၃၃၉/၀၉-၂၅၄၀၁၇၃၀၀/၀၉-၂၅၀၂၃၄၃၅၇/၀၉-၄၂၀၀၈၃၈၉၅ သို့လည်းကောင်း၊

 

လူကိုယ်တိုင်သော်လည်းကောင်း ရုံးချိန်အတွင်းဆက်သွယ်မေးမြန်းနိုင်ကြောင်းသိရသည်။


တင်ဒါလျှောက်လွှာပုံစံများကို တံတားအထူးအဖွဲ့ (၁၆) ၊ ဒုတိယညွန်ကြားရေးမှူး(မြို့ပြ)ရုံးတွင်ဝယ်ယူတင်သွင်းနိုင်ကြောင်းသိရသည်။


တင်ဒါလျှောက်လွှာစတင်ရောင်းချမည့်ရက်မှာ ၂၄.၄.၂၀၂၀ ရက်နေ့မှ ၁၅.၅.၂၀၂၀ ရက်နေ့ (၁၆း၀၀) နာရီအထိရောင်းချပေးမည်ဖြစ်ကြောင်းသိရသည်။


တင်ဒါလျှောက်လွှာတင်သွင်းရမည့်ရက်မှာ ၂၂.၅.၂၀၂၀ ရက်နေ့ဖြစ်ပြီး တင်သွင်းရမည့်နေရာမှာ အခြေစိုက်ရုံး၊ တံတားအထူးအဖွဲ့(၁၆)၊ ပုသိမ်မြို့ဖြစ်ကြောင်းသိရသည်။


တင်ဒါလျှောက်လွှာဖွင့်လှစ်မည့်ရက်မှာ ၂၆.၅.၂၀၂၀ ရက်နေ့ဖြစ်ကြောင်းသိရပါသည်။

 

Myanmar Builders Guide

Builder Guice Footer design

<<<Zawgyi>>>
















Read 610 times
Rate this item
(0 votes)
Tagged under