ဆောက်လုပ်ရေးဝန်ကြီးဌာန၊ တံတားဦးစီးဌာန၊ တည်ဆောက်ရေးအဖွဲ့(၁)၊ တံတားအထူးအဖွဲ့(၄) မှအိတ်ဖွင်တင်ဒါခေါ်ယူခြင်း

ဆောက်လုပ်ရေးဝန်ကြီးဌာန၊ တံတားဦးစီးဌာန၊ တည်ဆောက်ရေးအဖွဲ့(၁)၊ တံတားအထူးအဖွဲ့(၄) မှအိတ်ဖွင်တင်ဒါခေါ်ယူခြင်း google

ဆောက်လုပ်ရေးဝန်ကြီးဌာန၊ တံတားဦးစီးဌာန၊ တည်ဆောက်ရေးအဖွဲ့(၁)၊ တံတားအထူးအဖွဲ့(၄) မန္တလေးမြို့မှ ၂၀၁၉--၂၀၂၀ ဘဏ္ဍာနှစ်

 

ပြည်ထောင်စုအထူးပြင်ဆင်ထိန်းသိမ်းခြင်း ရန်ပုံငွေဖြင့်ဆောင်ရွက်မည့် ရှမ်းပြည်နယ်(မြောက်ပိုင်း)(သိန္ဒီ-ကွမ်းလုံ-ချင်းရွှေဟော်လမ်းပေါ်ရှိ

 

ကွမ်းလုံကြိုးတံတား (၇၈၉ ပေ) နှင့် သိန္ဒီ-ကွမ်းလုံ-ဟိုပန်-မိုင်းမောလမ်းပေါ်ရှိ နမ့်တိမ်တံတား (၄၃၂ပေ) ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်း) နှင့်

 

(တွင်းငယ်-မိုးမိတ်လမ်းပေါ်ရှိ ဥမ္မာချောင်းတံတား (၆၀ပေ)ချဉ်းကပ်လမ်းပေါ်တွင် Box Culvert (၂) စင်းတည်ဆောက်ခြင်းလုပ်ငန်း) များတွင်

 

အသုံးပြုရန်လိုအပ်သော ကျပ်သန်း(၁၀၀) အောက်တန်ဖိုးရှိသည့် လုပ်ငန်းသုံးတည်ဆောက်ရေးပစ္စည်းများ ဝယ်ယူခြင်း/Steel Decking များသယ်ယူပို့ဆောင်ခြင်းအား

 

မြန်မာနိုင်ငံသားလုပ်ငန်းရှင်များထံမှ မြန်မာကျပ်ငွေဖြင့် လုပ်ငန်းခွင်အရောက်ဝယ်ယူ/သယ်ယူလိုပါ၍ အိတ်ဖွင့်တင်ဒါပေးသွင်းရန် ဖိတ်ခေါ်နေကြောင်းသိရသည်။

 

တင်ဒါလျှောက်လွှာပုံစံရောင်းချမည့်ရက်မှာ ၂၀.၄.၂၀၂၀ ရက်နေ့ ဖြစ်ပြီး

 

တင်ဒါလျှောက်လွှာပုံစံအရောင်းပိတ်မည့်ရက်နှင့်အချိန်မှာ၂၈.၄.၂၀၂၀ ရက်နေ့ (၁၆း၀၀) နာရီဖြစ်ကြောင်းသိရသည်။

 

တင်ဒါဖွင့်မည့်ရက်မှာ ၂၉.၄.၂၀၂၀ ရက်နေ့ (၁၀း၀၀ )နာရီဖြစ်ကြောင်းသိရသည်။


တင်ဒါတင်သွင်းစိစစ်ရွေးချယ်မည့်နေရာမှာ လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ)ရုံး၊ လမ်းဦးစီးဌာန၊ လားရှိုးခရိုင် ဖြစ်ပါသည်။


တင်ဒါလျှောက်လွှာပုံစံ၊ စည်းကမ်းချက်များနှင့် အသေးစိတ်အချက်အလက်များကို တံတားအထူးအဖွဲ့(၄) ၊ မန္တလေး၊ ဒုညွှန်ကြားရေးမှူး(မြို့ပြ)ရုံးနှင့်လမ်းဦးစီးဌာန၊

 

လားရှိုးခရိုင်၊ လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ)ရုံးတို့တွင် ရုံးချိန်အတွင်းစုံစမ်းဝယ်ယူနေကြောင်း သိရသည်။


ဆက်သွယ်ရမည့်ဖုန်းနံပါတ်မှာ ၀၉၉၇၇၅၉၈၁၂၂/၀၉၂၅၁၇၆၉၂၂၃/၀၈၂-၂၂၀၃၀၂၅ သို့ဆက်သွယ်စုံးစမ်းနိုင်ကြောင်းသိရသည်။

 

<<<Zawgyi>>>

 

















Read 365 times
Rate this item
(0 votes)
Tagged under