ပုဂ္ဂလိကပိုင်ပြုလုပ်ရေးကော်မရှင်မှ နိုင်ငံပိုင် မြေကွက်၂၄ ကွက်အား တင်ဒါစနစ်ဖြင့် ရောင်းချမည်

ပုဂ္ဂလိကပိုင်ပြုလုပ်ရေးကော်မရှင်မှ နိုင်ငံပိုင် မြေကွက်၂၄ ကွက်အား တင်ဒါစနစ်ဖြင့် ရောင်းချမည် google

ပုဂ္ဂလိကပိုင်ပြုလုပ်ရေးကော်မရှင်မှ နိုင်ငံပိုင် မြေနှင့်အဆောက်အအုံနှင့် မြေကွက်၂၄ ကွက်အား တင်ဒါစနစ်ဖြင့် ရောင်းချမည်ဖြစ်ကြောင်း သိရသည်။

 

ထိုမြေကွက် ၂၄ ကွက်မှာ ကချင်ပြည်နယ်တွင် တစ်ကွက်၊ စစ်ကိုင်းတိုင်းတွင် သုံးကွက်၊ တနင်္သာရီတိုင်းတွင် တစ်ကွက်၊ ပဲခူးတိုင်းတွင် သုံးကွက်၊ မွန်ပြည်နယ်တွင် နှစ်ကွက်နှင့် ရှမ်းပြည်နယ်တွင် ၁၄ ကွက် တို့ဖြစ်သည်။

 

 

တင်ဒါပုံစံကို ပုဂ္ဂလိကပိုင်ပြုလုပ်ရေးကော်မရှင်ရုံး (စီမံကိန်းစိစစ်ရေး နှင့် တိုးတက်မှုအစီရင်ခံရေးဦးစီးဌာန၊ ရုံးအမှတ် (၃၂)၊ နေပြည်တော်)တွင် ၂၀၂၀ ခုနှစ် မတ်လ ၁၀ ရက်မှ စတင်၍ ၂၀၂၀ ခုနှစ် ဧပြီလ ၈ ရက်အထိ ရောင်းချသွားမည်ဖြစ်ပြီး စပေါ်ငွေသွင်းရမည့် တန်ဖိုးကို အဆိုပြုလွှာဝယ်ယူသည့်အခါ တစ်ပါတည်း ဖော်ပြပေးမည် ဖြစ်သည်။

 

 

>>>နေပြည်တော်ရှိ ကျည်တောင်ကန်ဈေး အဆင့်မြှင့်တင်ဆောက်လုပ်ပြီးစီးပါက ဆိုင်ခန်းပေါင်း ၅၀၀ ကျော် ခင်းကျင်းရောင်းချနိုင်မည်<<<

 

 

ဝယ်ယူလိုသော မြေကွက်တစ်ခုချင်းအလိုက် သီးခြားအဆိုပြုလွှာ တစ်စောင်စီ တင်သွင်းရမည်ဖြစ်ပြီး သတ်မှတ်စပေါ်ငွေ P.O Cheque (Payment Order Cheque) အား တင်ဒါတင်သွင်းလွှာနှင့် အတူ ပူးတွဲတင်သွင်းရမည်ဖြစ်သည်။

 

 

P.O Cheque တင်ပြရမည့်ရက်များမှာ ၂၀၂၀ ခုနှစ် ဧပြီလ ၂၁ ရက်၊ ၂၂ ရက်နှင့် ၂၃ ရက်တို့ဖြစ်ပြီး ရုံးအမှတ် (၃၂)၊ နေပြည်တော်တွင် ဧပြီလ ၂၄ နံနက် ၁၀ နာရီမှ စတင်၍ တင်ဒါတင်သွင်းရမည်ဖြစ်သည်။

 

 

အရေအတွက်စစ်ဆေးခြင်း လုပ်ငန်းပေါင်း ၁၆ ခုကို ရှာရန်နှိပ်ပါ

 

 

ဝယ်ယူလိုသည့် မြေနှင့်အဆောက်အအုံနှင့် မြေကွက်များအား သွားရောက်ကြည့်ရှုနိုင်မည်ဖြစ်ပြီး ဝယ်ယူရန် အဆိုပြုလွှာတင်သွင်းသည့် အချိန်တွင် ဝယ်ယူမည့် မြေနှင့်အဆောက်အအုံနှင့် မြေကွက်များအား ကြည့်ရှုစစ်ဆေးပြီးဖြစ်ကြောင်း ဝန်ခံချက်ဖြင့် ပူးတွဲတင်ပြရမည် ဖြစ်သည်။

 

 

အသေးစိတ် အချက်အလက်များ သိရှိလိုပါက ဖုန်း ၀၆၇-၄၀၆၃၃၉ သို့ ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းနိုင်ပါသည်။

 

 

Myanmar Builders Guide

 

 

---Zawgyi---

 

 

ပုဂၢလိကပိုင္ျပဳလုပ္ေရးေကာ္မရွင္မွ ႏိုင္ငံပိုင္ ေျမကြက္၂၄ ကြက္အား တင္ဒါစနစ္ျဖင့္ ေရာင္းခ်မည္

 

 

ပုဂၢလိကပိုင္ျပဳလုပ္ေရးေကာ္မရွင္မွ ႏိုင္ငံပိုင္ ေျမႏွင့္အေဆာက္အအုံႏွင့္ ေျမကြက္၂၄ ကြက္အား တင္ဒါစနစ္ျဖင့္ ေရာင္းခ်မည္ျဖစ္ေၾကာင္း သိရသည္။

 

 

ထိုေျမကြက္ ၂၄ ကြက္မွာ ကခ်င္ျပည္နယ္တြင္ တစ္ကြက္၊ စစ္ကိုင္းတိုင္းတြင္ သုံးကြက္၊ တနသၤာရီတိုင္းတြင္ တစ္ကြက္၊ ပဲခူးတိုင္းတြင္ သုံးကြက္၊ မြန္ျပည္နယ္တြင္ ႏွစ္ကြက္ႏွင့္ ရွမ္းျပည္နယ္တြင္ ၁၄ ကြက္ တို႔ျဖစ္သည္။

 

 

တင္ဒါပံုစံကို ပုဂၢလိကပိုင္ျပဳလုပ္ေရးေကာ္မရွင္႐ုံး (စီမံကိန္းစိစစ္ေရး ႏွင့္ တိုးတက္မႈအစီရင္ခံေရးဦးစီးဌာန၊ ႐ုံးအမွတ္ (၃၂)၊ ေနျပည္ေတာ္)တြင္ ၂၀၂၀ ခုနွစ္ မတ္လ ၁၀ ရက္မွ စတင္၍ ၂၀၂၀ ခုနွစ္ ဧၿပီလ ၈ ရက္အထိ ေရာင္းခ်သြားမည္ျဖစ္ၿပီး စေပၚေငြသြင္းရမည့္ တန္ဖိုးကို အဆိုျပဳလႊာဝယ္ယူသည့္အခါ တစ္ပါတည္း ေဖာ္ျပေပးမည္ ျဖစ္သည္။

 

 

ဝယ္ယူလိုေသာ ေျမကြက္တစ္ခုခ်င္းအလိုက္ သီးျခားအဆိုျပဳလႊာ တစ္ေစာင္စီ တင္သြင္းရမည္ျဖစ္ၿပီး သတ္မွတ္စေပၚေငြ P.O Cheque (Payment Order Cheque) အား တင္ဒါတင္သြင္းလႊာနွင့္ အတူ ပူးတြဲတင္သြင္းရမည္ျဖစ္သည္။

 

 

P.O Cheque တင္ျပရမည့္ရက္မ်ားမွာ ၂၀၂၀ ခုႏွစ္ ဧၿပီလ ၂၁ ရက္၊ ၂၂ ရက္ႏွင့္ ၂၃ ရက္တို႔ျဖစ္ၿပီး ႐ုံးအမွတ္ (၃၂)၊ ေနျပည္ေတာ္တြင္ ဧၿပီလ ၂၄ နံနက္ ၁၀ နာရီမွ စတင္၍ တင္ဒါတင္သြင္းရမည္ျဖစ္သည္။

 

 

ဝယ္ယူလိုသည့္ ေျမႏွင့္အေဆာက္အအုံႏွင့္ ေျမကြက္မ်ားအား သြားေရာက္ၾကည့္ရႈႏိုင္မည္ျဖစ္ၿပီး ဝယ္ယူရန္ အဆိုျပဳလႊာတင္သြင္းသည့္ အခ်ိန္တြင္ ဝယ္ယူမည့္ ေျမႏွင့္အေဆာက္အအုံႏွင့္ ေျမကြက္မ်ားအား ၾကည့္ရႈစစ္ေဆးၿပီးျဖစ္ေၾကာင္း ဝန္ခံခ်က္ျဖင့္ ပူးတြဲတင္ျပရမည္ ျဖစ္သည္။

 

 

အေသးစိတ္ အခ်က္အလက္မ်ား သိရွိလိုပါက ဖုန္း ၀၆၇-၄၀၆၃၃၉ သို႔ ရံုးခ်ိန္အတြင္း ဆက္သြယ္ေမးျမန္းႏိုင္ပါသည္။

Read 682 times
Rate this item
(0 votes)
Tagged under