ကိုရီးယား-မြန်မာ စက်မှုဥယျာဉ်စီမံကိန်းဖော်ဆောင်ရန် အသေးစိတ်ဒီဇိုင်းပုံစံအတွက် အကြံပေးအဖွဲ့အစည်းအား တင်ဒါခေါ်ယူ

ကိုရီးယား-မြန်မာ စက်မှုဥယျာဉ်စီမံကိန်းဖော်ဆောင်ရန် အသေးစိတ်ဒီဇိုင်းပုံစံအတွက် အကြံပေးအဖွဲ့အစည်းအား တင်ဒါခေါ်ယူ google

ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်တွင် ကိုရီးယား-မြန်မာ စက်မှုဥယျာဉ်စီမံကိန်းဖော်ဆောင်ရန် KMIC ၏ဖွံ့ဖြိုးရေးစီမံကိန်းနှင့် အသေးစိတ်ဒီဇိုင်းပုံစံအတွက် အရည်အချင်းပြည့်မီသော အကြံပေးအဖွဲ့အစည်းအား တင်ဒါဖိတ်ခေါ်ခြင်းဖြစ်သည်။

 

အဆိုပါစီမံကိန်း၏ စုစုပေါင်းအကျယ်အဝန်းမှာ ၅၅၅ ဒသမ ၈၁ ဧကရှိပြီး စီမံကိန်းအပိုင်း (၁) တွင် ၃၁၄ ဒသမ ၆၉ ဧကနှင့် စီမံကိန်းအပိုင်း (၂) တွင် ၂၄၁ ဒသမ ၁၂ ဧကဖြင့် အပိုင်းနှစ်ပိုင်းခွဲ၍ ဆောင်ရွက်မည်ဖြစ်သည်။

 

 

စီမံကိန်းအတွက် ဝန်ဆောင်မှုကာလမှာ လပေါင်း ၃၀ ဆောင်ရွက်ရမည်ဖြစ်ပြီး အပိုင်း (၁) အတွက် အသေးစိတ်ဒီဇိုင်းပုံစံ ၇ လနှင့် ဒီဇိုင်းနောက်ဆက်တွဲ ထောက်ပံ့မှု ၁၁ လ၊ အပိုင်း (၂) အတွက် အသေးစိတ်ဒီဇိုင်းပုံစံ ၄ လနှင့် ဒီဇိုင်းနောက်ဆက်တွဲ ထောက်ပံ့မှု ၈ လ တို့ဖြစ်သည်။

 

 

>>>နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဝင်ငွေခွန်အများဆုံးထမ်းဆောင်သည့် ဆောက်လုပ်ရေးကုမ္ပဏီလုပ်ငန်းငါးခု<<<

 

 

အဆိုပါစီမံကိန်း၏ ခန့်မှန်းခြေကုန်ကျစရိတ်သည် အမေရိကန်ဒေါ်လာ ၁ ဒသမ ၆ သန်းကျော်ဖြစ်ပြီး တင်ဒါရွေးချယ်နည်းလမ်းမှာ အရည်အသွေးနှင့် စရိတ်အား အခြေခံ၍ ရွေးချယ်မည်ဖြစ်သည်။

 

 

အကြံပေးအဖွဲ့သည် ဖွံ့ဖြိုးရေးစီမံကိန်းနှင့် အသေးစိတ်ဒီဇိုင်းပုံစံတို့ လုပ်ဆောင်ရမည်ဖြစ်ပြီး မြေသားလုပ်ငန်း၊ ကားလမ်းနှင့် လူသွားလမ်း၊ ရေစီးရေလာစနစ်၊ ရေဆိုးစနစ်၊ ရေပေးဝေရေး၊ တည်ဆောက်ရေးဒီဇိုင်းပုံစံ၊ မြေယာ ရှုခင်းဒီဇိုင်းပုံစံနှင့် လျှပ်စစ်ပိုင်းဆိုင်ရာ ဆက်သွယ်ရေးလမ်းကြောင်း စနစ်များ ပါဝင်မည်ဖြစ်သည်။

 

 

တင်ဒါယှဉ်ပြိုင်လိုသော အဖွဲ့အစည်းသည် မြန်မာ (သို့မဟုတ်) ကိုရီးယားနိုင်ငံတွင် တရားဝင်မှတ်ပုံ တင်ထားသည့် အကြံပေးဆိုင်ရာ ဝန်ဆောင်မှုအဖွဲ့အစည်းဖြစ်ရမည်ဖြစ်ပြီး လွန်ခဲ့သော ၁၀ နှစ်အတွင်း စတုရန်းမီတာ ၂,၃၀၀,၀၀၀ အထက်ရှိသည့် ဒေသဖွံ့ဖြိုးရေးအတွက် မြို့ပြအင်ဂျင်နီယာဒီဇိုင်းပုံစံ လုပ်ငန်း အတွေ့အကြုံမှတ်တမ်းပူးတွဲ တင်ပြရမည် ဖြစ်သည်။

 

 

ဖက်စပ်ကုမ္ပဏီဖြစ်ပါက ရှယ်ယာရှင် အများဆုံး ၃ ဦးဖြင့်သာ ဖွဲ့စည်းခွင့်ပြု၍ ရှယ်ယာအများဆုံးသူကိုသာ ကိုယ်စားလှယ်အဖြစ် သတ်မှတ်မည် ဖြစ်သည်။

 

 

ပစ္စည်းအတင်အချစက်ကြီးများ လုပ်ငန်းပေါင်း ၃၂ ခုကို ရှာရန်နှိပ်ပါ

 

 

အဆိုပါတင်ဒါကို ၂၀၂၀ ခုနှစ် မတ်လ ၁၃ ရက်နေ့တွင် စတင်ကြေငြာခြင်းဖြစ်ပြီး ၀၂၀ ခုနှစ် မတ်လ ၁၈ ရက်တွင် တင်ဒါလျှောက်ထားရန် ကြိုတင်စာရင်းပေးသွင်းခြင်းနှင့် Payment Order Cheque သွင်းရမည်ဖြစ်သည်။

 

 

၂၀၂၀ ခုနှစ် မတ်လ ၁၈ ရက်မှ ၂၀ ရက်အတွင်း တရားဝင်မေးခွန်းမေးမြန်းခြင်းနှင့် ၂၀၂၀ ခုနှစ် မတ်လ ၂၃ ရက်နေ့တွင် ရှင်းလင်းခြင်းတို့ လုပ်ဆောင်မည်ဖြစ်သည်။

 

 

အဆိုပြုလွှာကို ၂၀၂၀ ခုနှစ် မတ်လ ၁၃ ရက်မှစတင်၍ မတ်လ ၂၆ ရက် နောက်ဆုံးထား၍ တင်သွင်းရမည်ဖြစ်ပြီး ၂၀၂၀ ခုနှစ် မတ်လ ၂၇ ရက်နေ့တွင် အဆိုပြုလွှာအား ဖွင့်ဖောက်ခြင်းနှင့် အကဲဖြတ်ခြင်းများ လုပ်ဆောင်မည်ဖြစ်သည်။

 

 

စေ့စပ်ဆွေးနွေးခြင်း၊ ရွေးချယ်ခြင်းနှင့် သဘောတူညီမှု စာချုပ်ချုပ်ဆိုခြင်းတို့ကို ၂၀၂၀ ခုနှစ် မတ်လ ၂၈ ရက်မှ ဧပြီလ ၃ရက်တွင် ပြုလုပ်သွားမည်ဖြစ်သည်။

 

 

အသေးစိတ်အကြောင်းအရာများ သိရှိလိုပါက www.mykmic.com တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

 

 

Myanmar Builders Guide

 

 

---Zawgyi---

 

 

ကိုရီးယား-ျမန္မာ စက္မႈဥယ်ာဥ္စီမံကိန္းေဖာ္ေဆာင္ရန္ အေသးစိတ္ဒီဇိုင္းပံုစံအတြက္ အႀကံေပးအဖြဲ႕အစည္းအား တင္ဒါေခၚယူ

 

 

ရန္ကုန္တိုင္းေဒသႀကီး၊ လွည္းကူးၿမိဳ႕နယ္တြင္ ကိုရီးယား-ျမန္မာ စက္မႈဥယ်ာဥ္စီမံကိန္းေဖာ္ေဆာင္ရန္ KMIC ၏ဖြံ႕ၿဖိဳးေရးစီမံကိန္းႏွင့္ အေသးစိတ္ဒီဇိုင္းပံုစံအတြက္ အရည္အခ်င္းျပည့္မီေသာ အႀကံေပးအဖြဲ႕အစည္းအား တင္ဒါဖိတ္ေခၚျခင္းျဖစ္သည္။

 

 

အဆိုပါစီမံကိန္း၏ စုစုေပါင္းအက်ယ္အဝန္းမွာ ၅၅၅ ဒသမ ၈၁ ဧကရွိၿပီး စီမံကိန္းအပိုင္း (၁) တြင္ ၃၁၄ ဒသမ ၆၉ ဧကႏွင့္ စီမံကိန္းအပိုင္း (၂) တြင္ ၂၄၁ ဒသမ ၁၂ ဧကျဖင့္ အပိုင္းႏွစ္ပိုင္းခြဲ၍ ေဆာင္ရြက္မည္ျဖစ္သည္။

 

 

စီမံကိန္းအတြက္ ဝန္ေဆာင္မႈကာလမွာ လေပါင္း ၃၀ ေဆာင္ရြက္ရမည္ျဖစ္ၿပီး အပိုင္း (၁) အတြက္ အေသးစိတ္ဒီဇိုင္းပံုစံ ၇ လႏွင့္ ဒီဇိုင္းေနာက္ဆက္တြဲ ေထာက္ပံ့မႈ ၁၁ လ၊ အပိုင္း (၂) အတြက္ အေသးစိတ္ဒီဇိုင္းပံုစံ ၄ လႏွင့္ ဒီဇိုင္းေနာက္ဆက္တြဲ ေထာက္ပံ့မႈ ၈ လ တုိ႔ျဖစ္သည္။

 

 

အဆိုပါစီမံကိန္း၏ ခန္႔မွန္းေျခကုန္က်စရိတ္သည္ အေမရိကန္ေဒၚလာ ၁ ဒသမ ၆ သန္းေက်ာ္ျဖစ္ၿပီး တင္ဒါေရြးခ်ယ္နည္းလမ္းမွာ အရည္အေသြးႏွင့္ စရိတ္အား အေျခခံ၍ ေရြးခ်ယ္မည္ျဖစ္သည္။

 

 

အႀကံေပးအဖြဲ႕သည္ ဖြံ႕ၿဖိဳးေရးစီမံကိန္းႏွင့္ အေသးစိတ္ဒီဇိုင္းပုံစံတို႔ လုပ္ေဆာင္ရမည္ျဖစ္ၿပီး ေျမသားလုပ္ငန္း၊ ကားလမ္းႏွင့္ လူသြားလမ္း၊ ေရစီးေရလာစနစ္၊ ေရဆိုးစနစ္၊ ေရေပးေဝေရး၊ တည္ေဆာက္ေရးဒီဇိုင္းပုံစံ၊ ေျမယာ ရႈခင္းဒီဇိုင္းပုံစံႏွင့္ လွ်ပ္စစ္ပိုင္းဆိုင္ရာ ဆက္သြယ္ေရးလမ္းေၾကာင္း စနစ္မ်ား ပါဝင္မည္ျဖစ္သည္။

 

 

တင္ဒါယွဥ္ၿပိဳင္လိုေသာ အဖြဲ႕အစည္းသည္ ျမန္မာ (သို႔မဟုတ္) ကိုရီးယားႏိုင္ငံတြင္ တရားဝင္မွတ္ပုံ တင္ထားသည့္ အႀကံေပးဆိုင္ရာ ဝန္ေဆာင္မႈအဖြဲ႕အစည္းျဖစ္ရမည္ျဖစ္ၿပီး လြန္ခဲ့ေသာ ၁၀ ႏွစ္အတြင္း စတုရန္းမီတာ ၂,၃၀၀,၀၀၀ အထက္ရွိသည့္ ေဒသဖြံ႕ၿဖိဳးေရးအတြက္ ၿမိဳ႕ျပအင္ဂ်င္နီယာဒီဇိုင္းပံုစံ လုပ္ငန္း အေတြ႕အႀကံဳမွတ္တမ္းပူးတြဲ တင္ျပရမည္ ျဖစ္သည္။

 

 

ဖက္စပ္ကုမၸဏီျဖစ္ပါက ရွယ္ယာရွင္ အမ်ားဆံုး ၃ ဦးျဖင့္သာ ဖြဲ႕စည္းခြင့္ျပဳ၍ ရွယ္ယာအမ်ားဆံုးသူကိုသာ ကိုယ္စားလွယ္အျဖစ္ သတ္မွတ္မည္ ျဖစ္သည္။

 

 

အဆိုပါတင္ဒါကို ၂၀၂၀ ခုနွစ္ မတ္လ ၁၃ ရက္ေန႔တြင္ စတင္ေၾကျငာျခင္းျဖစ္ၿပီး ၀၂၀ ခုႏွစ္ မတ္လ ၁၈ ရက္တြင္ တင္ဒါေလွ်ာက္ထားရန္ ႀကိဳတင္စာရင္းေပးသြင္းျခင္းႏွင့္ Payment Order Cheque သြင္းရမည္ျဖစ္သည္။

 

 

၂၀၂၀ ခုႏွစ္ မတ္လ ၁၈ ရက္မွ ၂၀ ရက္အတြင္း တရားဝင္ေမးခြန္းေမးျမန္းျခင္းႏွင့္ ၂၀၂၀ ခုႏွစ္ မတ္လ ၂၃ ရက္ေန႔တြင္ ရွင္းလင္းျခင္းတို႔ လုပ္ေဆာင္မည္ျဖစ္သည္။

 

 

အဆိုျပဳလႊာကို ၂၀၂၀ ခုႏွစ္ မတ္လ ၁၃ ရက္မွစတင္၍ မတ္လ ၂၆ ရက္ ေနာက္ဆံုးထား၍ တင္သြင္းရမည္ျဖစ္ၿပီး ၂၀၂၀ ခုႏွစ္ မတ္လ ၂၇ ရက္ေန႔တြင္ အဆိုျပဳလႊာအား ဖြင့္ေဖာက္ျခင္းနွင့္ အကဲျဖတ္ျခင္းမ်ား လုပ္ေဆာင္မည္ျဖစ္သည္။

 

 

ေစ့စပ္ေဆြးေႏြးျခင္း၊ ေရြးခ်ယ္ျခင္းႏွင့္ သေဘာတူညီမႈ စာခ်ဳပ္ခ်ဳပ္ဆိုျခင္းတို႔ကို ၂၀၂၀ ခုႏွစ္ မတ္လ ၂၈ ရက္မွ ဧၿပီလ ၃ရက္တြင္ ျပဳလုပ္သြားမည္ျဖစ္သည္။

 

 

အေသးစိတ္အေၾကာင္းအရာမ်ား သိရွိလိုပါက www.mykmic.com တြင္ ဝင္ေရာက္ၾကည့္ရႈႏိုင္ပါသည္။

 

Read 998 times
Rate this item
(1 Vote)