ရေတာရှည်မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အုတ်စီရေမြောင်း တည်ဆောက်ရေးလုပ်ငန်းအတွက် အိတ်ဖွင့်တင်ဒါခေါ်ယူ

ရေတာရှည်မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အုတ်စီရေမြောင်း တည်ဆောက်ရေးလုပ်ငန်းအတွက် အိတ်ဖွင့်တင်ဒါခေါ်ယူ google

သယံဇာတ၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် စည်ပင်သာယာရေးဝန်ကြီးဌာန၊ ပဲခူးတိုင်းဒေသကြီးစည်ပင်သာယာရေးအဖွဲ့၊ ရေတာရှည်မြို့နယ် ဆေးရုံမြောက်ဘက် တပင်ရွှေထီးလမ်း အုတ်စီရေမြောင်း ပြုလုပ်ခြင်း (၂၃၁၅'-ဝ"×၂'-ဝ"×၃'-ဝ") တည်ဆောက်ရေးလုပ်ငန်းအား အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း ဖြစ်သည်။

 

အဆိုပါတည်ဆောက်ရေးလုပ်ငန်းအား ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေကျပ် ၄၄ ဒသမ ၅၄၀ သန်းဖြင့် တည်ဆောက်ရေးလုပ်ငန်းအား ဘဏ္ဍာရေးနှစ်အတွင်းပြီးစီးအောင် ဆောင်ရွက်နိုင်ရေးအတွက် မြန်မာနိုင်ငံသား လုပ်ရှင်များအား မြန်မာငွေကျပ်ဖြင့် အိတ်ဖွင့်တင်ဒါ တင်သွင်းရန် ဖိတ်ခေါ်အပ်ပါသည်။

 

 

>>>ခွင့်ပြုချက်မယူဘဲ ညဘက်အထိ အလုပ်လုပ်သည့် ဆောက်လုပ်ရေးလုပ်ငန်းခွင်များကို အရေးယူမည်<<<

 

 

တင်ဒါလျှောက်လွှာပုံစံနှင့် စည်းကမ်းချက်များကို ၂၀၂၀ ခုနှစ် မတ်လ ၃ ရက် နံနက် ၁၀ နာရီအချိန်မှ စတင်ရောင်းချမည်ဖြစ်ပြီး ၂၀၂၀ ခုနှစ် မတ်လ ၂၆ ရက် ညနေ ၄ နာရီခွဲအချိန်တွင် နောက်ဆုံးထား၍ တင်သွင်းရမည် ဖြစ်သည်။

 

 

တင်ဒါလျှောက်လွှာများကို ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလ ၁ ရက် နံနက် ၁၀ နာရီအချိန်တွင် ရေတာရှည်မြို့နယ် စည်ပင်သာယာရေးအဖွဲ့ရုံးတွင် ဖွင့်လှစ်မည်ဖြစ်သည်။

 

 

ဆောက်လုပ်ရေး စီမံကိန်းစီမံခန့်ခွဲရေးလုပ်ငန်းပေါင်း ၃၃ ခုကို ရှာရန်နှိပ်ပါ

 

 

အသေးစိတ်အချက်အလက်များ သိရှိလိုပါက ဖုန်း ၀၅၄-၈၀၀၀၇၊ ၀၉-၄၂၈၁၂၆၄၁၉ သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။

 

 

Myanmar Builders Guide

 

 

 

---Zawgyi---

 

 


 

 


 

 


 

 


 

 


 

 


 

Read 356 times
Rate this item
(0 votes)
Tagged under