အဆောက်အဦဦးစီးဌာနမှ တည်ဆောက်ရေးလုပ်ငန်းတွင် အသုံးပြုမည့်ပစ္စည်းများ ဝယ်ယူရန် အိတ်ဖွင့်တင်ဒါခေါ်ယူ

အဆောက်အဦဦးစီးဌာနမှ တည်ဆောက်ရေးလုပ်ငန်းတွင် အသုံးပြုမည့်ပစ္စည်းများ ဝယ်ယူရန် အိတ်ဖွင့်တင်ဒါခေါ်ယူ google

ဆောက်လုပ်ရေးဝန်ကြီးဌာန၊ အဆောက်အဦဦးစီးဌာန၊ တည်ဆောက်ရေးအဖွဲ့ (၂)၊ အဆောက်အဦးအထူးအဖွဲ့ (၆) မှ စံချိန်စံညွှန်းမီ အရည်အသွေးပြည့်ဝသည့် (သံချောင်းလုံး အရွယ်စုံ) ပစ္စည်းများကို ဝယ်ယူလိုပါသဖြင့် အိတ်ဖွင့်တင်ဒါ ဖိတ်ခေါ်ခြင်းဖြစ်သည်။

 

အဆိုပါတင်ဒါခေါ်ယူရာတွင် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွင်း မန္တလေးတိုင်းဒေသကြီးရှိ တည်ဆောက်ရေးလုပ်ငန်းများတွင် အသုံးပြုမည့်ပစ္စည်းများကို မြန်မာငွေကျပ်ဖြင့် ဝယ်ယူလိုပါသဖြင့် ပစ္စည်းပေးသွင်းလိုသူများ အိတ်ဖွင့်တင်ဒါ တင်သွင်းနိုင်ပါသည်။

 

 

ကော်ပတ်လုပ်ငန်းပေါင်း ၆ ခုကို ရှာရန်နှိပ်ပါ

 

 

အိတ်ဖွင့်တင်ဒါလျှောက်လွှာပုံစံနှင့် စည်ကမ်းချက်များကို မန္တလေးမြို့ရှိ အဆောက်အဦအထူးအဖွဲ့ (၆) တွင် ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီလ ၁၉ ရက် ရုံးချိန်အတွင်းမှ စတင်ဝယ်ယူနိုင်ပြီး ၂၀၂၀ ခုနှစ် မတ်လ ၁၂ ရက် ညနေ ၄နာရီခွဲအချိန်တွင် နောက်ဆုံးထား၍ တင်သွင်းရမည်ဖြစ်သည်။

 

 

တင်ဒါလျှောက်လွှာများကို ၂၀၂၀ ခုနှစ် မတ်လ ၁၃ ရက် နံနက် ၁၀ နာရီအချိန်တွင် စိစစ်ဖွင့်လှစ်မည်ဖြစ်ပြီး မန္တလေးမြို့ရှိ အဆောက်အဦအထူးအဖွဲ့ (၆) ရုံတွင် စိစစ်ရွေးချယ်မည်ဖြစ်သည်။

 

 

>>>မိတ္တီလာမြို့နယ်အတွင်းရှိ ကျေးရွာ ၁၇ ရွာ ဖြတ်သန်းသွားလာသည့် နွားစမ်းတောင်ချောင်းကူးတံတား တည်ဆောက်ပြီးစီး<<<

 

 

အသေးစိတ်အချက်အလက်များ သိရှိလိုပါက ဖုန်း ၀၂-၄၀၇၆၀၀၁၊ ၀၂-၄၀၇၆၃၆၄ သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။

 

 

Myanmar Builders Guide

 

 

---Zawgyi---

 

 


 

 


 

 


 

 


 

 


 

 


Read 326 times
Rate this item
(0 votes)
Tagged under