ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ကျေးလက်လမ်း၊ တံတား လုပ်ငန်းများအတွက် အိတ်ဖွင့်တင်ဒါခေါ်ယူ

ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ကျေးလက်လမ်း၊ တံတား လုပ်ငန်းများအတွက် အိတ်ဖွင့်တင်ဒါခေါ်ယူ google

ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်မှ ဒက္ခိဏခရိုင်အတွင်း ဆောင်ရွက်မည့် ကျေးလက်လမ်း၊ တံတား လုပ်ငန်းများအား ဆောင်ရွက်ရန် အိတ်ဖွင့်တင်ဒါခေါ်ယူခြင်းဖြစ်သည်။

 

အဆိုပါတင်ဒါကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အတွင်း နေပြည်တော်ကောင်စီ ငွေလုံးငွေရင်း ရန်ပုံငွေဖြင့် ဆောင်ရွက်မည့် ကျေးလက်လမ်း၊ တံတား လုပ်ငန်းများအား ဆောင်ရွက်လိုသူ တိုင်းရင်းသားလုပ်ငန်းရှင်များအား အိတ်ဖွင့်တင်ဒါတင်သွင်းရန် ဖိတ်ခေါ်အပ်ပါသည်။

 

 

တင်ဒါလျှောက်လွှာများကို ၂၀၂၀ ခုနှစ် ဇန်နဝါရီလ ၂၉ ရက်နေ့ နံနက် ၉နာရီခွဲတွင် စတင်ရောင်းချပေးမည်ဖြစ်ပြီး ၂၀၂၀ခုနှစ် ဖေဖော်ဝါရီလ ၁၄ ရက် ညနေ ၄နာရီခွဲ အချိန်ထိ ဝယ်ယူနိုင်သည်။

 

 

တင်ဒါလျှောက်လွှာများကို ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီလ ၁၇ ရက် ညနေ ၄ နာရီအထိ နောက်ဆုံးထား၍ တင်သွင်းရမည်ဖြစ်သည်။

 

 

အသေးစိတ်အချက်အလက်များ သိရှိလိုပါက ဖုန်း ၀၉ ၆၆၆၈၂၁၆၅၆ သို့ ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းနိုင်ပါသည်။

 

 

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>><<<<<<<<<<<<<<<<<<<<<<<<<<<<

 

 

ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အသုံးမလိုသော အဆောက်အအုံဟောင်းကို ရောင်းချရန် အိတ်တင်ဒါခေါ်ယူ

 

 

ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ သံတွဲခရိုင်၊ ဗိုလ်ချုပ်လမ်း၊ အမှတ် (၃) ရပ်ကွက်ရှိ အဆောက်အအုံဟောင်းကို ရောင်းချရန်အတွက် အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း ဖြစ်သည်။

 

 

အဆိုပါတင်ဒါသည် မြေဧရိယာ ၀ ဒသမ ၃၃၉ ဧကပေါ်တွင် အသုံးမလိုသည့် အဆောက်အအုံဟောင်းကို မျက်မြင်အခြေအနေအတိုင်း ရောင်းချမည်ဖြစ်သောကြောင့် အိတ်ဖွင့်တင်ဒါ တင်သွင်းရန် ဖိတ်ခေါ်အပ်ပါသည်။

 

 

အိတ်ဖွင့်တင်ဒါနှင့် စည်းကမ်းချက်များကို ၂၀၂၀ခုနှစ် ဇန်နဝါရီလ ၂၉ ရက်နေ့ ရုံးဖွင့်ချိန် မနက် ၉နာရီခွဲမှစတင်၍ ၂၀၂၀ ခုနှစ် ဖော်ဖဝါရီလ ၁၁ ရက်နောက်ဆုံးထား၍ ဝယ်ယူနိုင်သည်။

 

 

တင်ဒါပုံစံများကို တစ်စောင်လျှင် ငွေကျပ် ၅၀၀၀ နှုန်းဖြင့် ဝယ်ယူရမည်။

 

 

ဈေးနှုန်းကမ်းလှမ်းလွှာများကို ၂၀၂၀ ခုနှစ် ဇန်နဝါရီလ ၁၃ ရက်နေ့ နံနက် ၉ နာရီခွဲ မှ ညနေ ၄နာရီခွဲ အတွင်း နောက်ဆုံးထား၍ တင်သွင်းရမည်ဖြစ်သည်။ သတ်မှတ်ချိန်အတွင်းကျော်လွန်သွားသော တင်ဒါများကို ထည့်သွင်းစဉ်းစားပေးမည် မဟုတ်ပါ။

 

 

တင်ဒါလျှောက်လွှာများကို ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရခိုင်ပြည်နယ်ရုံး၊ လမ်းမကြီး၊ မောလိပ်ရပ်ကွက်၊ စစ်တွေမြို့သို့ တင်သွင်းရမည်ဖြစ်သည်။

 

 

အသေးစိတ်အချက်အလက်များ သိရှိလိုပါက ဖုန်း ၀၄၃-၂၀၂၂၉၈၁၊ ၀၄၃-၂၀၂၂၉၇၀ သို့ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်သည်။

 

 

သန့်ရှင်းရေးသုံးပစ္စည်းများ လုပ်ငန်းပေါင်း ၂၀ ခုကိုရှာရန်နှိပ်ပါ

 

Myanmar Builders Guide

 

---Zawgyi---

 

 


 

 


 

 


 

 


 

 


 

 


 

 

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>><<<<<<<<<<<<<<<<<<<<<<<<<<<<<<<

 

 


 

 


 

 


 

 


 

 


 

 


 

 


 

 


 

Read 773 times Last modified on Friday, 31 January 2020 14:24
Rate this item
(0 votes)
Tagged under